Prologue

17.7K 1.2K 19
                                    

Unicode

ချန်အန်းမင်းသား၏ စံအိမ်တော်ရှေ့ရှိ လမ်းပေါ်တွင် လှည်းဆယ့်နှစ်စီးခန့်သည် အစီအစဉ်တကျ စောင့်ဆိုင်းလျက်ရှိသည်။ အစေခံများသည် လှည်းများပေါ်သို့ ပစ္စည်းအထုပ်အပိုးများတင်ရင်း ဂိတ်တံခါးကို ဝင်လိုက်ထွက်လိုက်ဖြင့် ယောက်ယက်ခတ်နေကြသည်။

လမ်းတစ်ဖက်ရှိ ဝိုင်အရက်ဆိုင်တွင် လူတချို့သည် လည်ဆန့်လျက် ခေါင်းပြူလျက်ဖြင့် အခြားလမ်းတစ်ဖက်ကိုကြည့်ကာ မရေမရာ တီးတိုးပြောဆိုနေကြသည်။

"ဘာဖြစ်နေတာလဲ သူတို့က မင်းသားရဲ့စံအိမ်တော်ထဲမှာ ဘာလုပ်နေကြတာလဲ"

"နောက်သုံးလနေရင် မင်းကြီးရဲ့မွေးနေ့လေ။ စံအိမ်တော်က မင်းသားတွေက မြို့တော်ကိုသွားပြီး မင်းကြီးကို ဂုဏ်ပြုကြမယ်လို့ ပြောတယ်"

"သူတို့က ပြန်လာကြမှာလား"

"အဓိပ္ပာယ်မရှိတာ အဲ့ဒါပြီးရင် သူတို့မှာ လုပ်စရာရှိတာမှ မဟုတ်ပဲ"

"မင်းကြီးက နှစ်တိုင်း မွေးနေ့ပွဲ ကျင်းပနေကျပဲ ဘာလို့ ဒီတစ်ခေါက်မှ သွားကြမှာလဲ"

"ငါက ဘယ်လိုသိမှာလဲ"

"အလုပ်ပြန်သွားလုပ်ကြတော့ " ဝိုင်အရက်ဆိုင်ပိုင်ရှင်က သူတို့၏ ခေါင်းများကို ပုတ်ကာ မောင်းထုတ်လိုက်သည်။ ထို့နောက် စျေးဝယ်သူကို ပြုံးရွှင်နေသော မျက်နှာဖြင့် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်သည်။ "သူတို့ကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါတယ်"

"ကိစ္စမရှိပါဘူး" စျေးဝယ်သူသည် လူစိမ်းဖြစ်သည်။ သူသည် ခုနကလူတို့ပြောနေသော အကြောင်းအရာများကို စိတ်ဝင်တစား နားထောင်ကာ မေးခွန်းထုတ်လိုက်သည်။ "မင်းသားစံအိမ်တော်မှာ မင်းသားတစ်ပါးထပ်ပိုရှိတာလား။ ချန်အန်းမင်းသားက ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတာလို့ ကျွန်တော်ကြားခဲ့ရတာကရော။ ကြားရသလောက်ကတော့ သူက မိန်းမလည်း ယူပြီးတဲ့ပုံပဲ"

"မဟုတ်ဘူး" ဆိုင်ရှင်က ပြုံးလိုက်သည်။ "ဒုတိယအဆင့်မင်းသားချန်အန်းအပြင် သူ့ရဲ့ ညီရော ညီမရော အဲဒီမှာပဲ နေကြတာ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now