Part 6

3.3K 734 57
                                    




Unicode

လင်စစ်နှင့်ကျုံးဝမ်သည် အတူတကွကြီးပြင်းလာခဲ့ကြသည်။ ထို့ကြောင့် တစ်ဖက်သူ၏အတွေးထဲတွင် ရှိနေသည့်အရာအားလုံးကို သိသည်ဟု မဆိုနိုင်လျှင်တောင် တစ်စိတ်တစ်ပိုင်းကိုတော့ ခန့်မှန်းနိုင်သည်။ သူသည် ကျုံးဝမ်ကို မော့ကြည့်လိုက်ပြီး အမူအရာပြသည်။ "သခင်လေးက မင်းသားငယ်ယွီကို စိတ်ပူနေတာလား"

ဆိုတော့ ယွီရှီရဲ့ မူရင်းဇာတ်မြစ်ကို မင်းသားနင်နဲ့ မရမကဆွဲပြီး ဆက်စပ်နေတာက ဒီမှာနေခဲ့ဖို့ အကြောင်းရှာတာပေါ့။

ကျုံးဝမ်သည် စကားမဆိုပေ။

မင်းသားနင်အဖမ်းခံရသည့်အချိန်တွင် မင်းသားယွီသည် တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့သည်။ ကျုံးဝမ်အနေဖြင့် ယွီရှီကို စိတ်ပူမနေသင့်ပေ။

လင်စစ်သည် အနည်းငယ်တွေးဆလျက် လက်ဟန်ပြသည်။ "ကိစ္စတွေဖြစ်တုန်းက မင်းသားငယ်ယွီက ဆယ်နှစ်ကိုမှ နည်းနည်းပဲကျော်ဦးမယ်။ သူက ဒီကိစ္စမှာ ဘာမှမပတ်သက်ဘူး။ သခင်လေးအနေနဲ့ မင်းသားကို သစ္စာဖောက်တယ်လို့ ခံစားဖို့မလိုပါဘူး"

ကျုံးဝမ်သည် မျက်ခုံးနှစ်ဘက်ကြားနေရာကို ပွတ်၍ တိုးတိုးဆိုသည်။ "ငါအခုထိ စည်းမကျော်ဘဲ နေနိုင်ပါသေးတယ်"

လင်စစ်သည်လည်း မင်းသားယွီအိမ်တော်သို့ အရောင်းခံခဲ့ရသော်လည်း ဒုတိယတံခါး၏ အပြင်ဘက်တွင်သာ မြင်းများကို အစာကျွေးရန် နေထိုင်ခဲ့ရသည်။ အထဲတွင် ယွီရှီနှင့်ကျုံးဝမ်တို့ မည်သို့မည်ပုံဖြစ်ပျက်နေသည်ကို သူမသိခဲ့ချေ။ သူက ထိုအကြောင်းများကိုတွေးရင်း တဲ့တိုးသာမေးလိုက်သည်။ "အဲဒီတုန်းက သခင်လေးနဲ့ မင်းသားငယ်ယွီတို့က တကယ်ကြိုက်ခဲ့ကြတာလား"

ကျုံးဝမ်ဆို့နင့်သွားရသည်။

"ဘယ်ဟုတ်မလဲ..." ကျုံးဝမ်ပြုံးလိုက်သည်။ "မင်းလည်း ကောလဟလတွေကို ယုံတယ်လို့ ငါ့ကိုမပြောနဲ့။ ဘာကိစ္စမှ မဖြစ်ခဲ့ဘူး"

လင်စစ်သည် ကျုံးဝမ်ကို ရှုပ်ထွေးစွာကြည့်လိုက်သည်။ သူသည် လုံးဝကို အဖြေရှာမရဖြစ်နေခဲ့သည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now