Part 73

2.3K 551 38
                                    

Unicode

ယွီရှီကိုယ်တိုင် ထိုကိစ္စများ လုပ်ရန်ကို အိမ်တော်ထိန်းဖုန် မည်သို့များ ခွင့်ပြုဝံ့မည်နည်း။ သူ အလောသုံးဆယ်ဖြင့် ကူညီပေးရန် ပြင်လိုက်သည်။ သို့သော် ယွီရှီသည် ခေါင်းမာလွန်းလှသည်။ "သွား"

အိမ်တော်ထိန်းဖုန် တကယ်ကို နားမလည်နိုင်။ သူသည် ကျုံးဝမ်၏သွေးကို ကြည့်ရန်အတွက် အဘယ်ကြောင့် အရည်အချင်းမပြည့်မှီရသနည်း။

သို့ဆိုလျှင် မနေ့ညက ကျုံးဝမ်၏ခေါင်းမှ စီးကျနေခဲ့သော သွေးတို့ကိုလည်း သူမကြည့်သင့်ခဲ့သည်လား။

သို့ရာတွင် ခေါင်းမာခြင်းအမှု၌ သူ ယွီရှီကို မနိုင်နိုင်။ ပူပန်မှုတို့ဖြင့်သာ နောက်သို့ ဆုတ်လိုက်ရတော့သည်။

ယွီရှီသည် သူ၏အတွေးများကို ယုံကြည်ထားသည်။ အနည်းဆုံးတော့ အခြားသူတစ်ဦးမဟုတ်ဘဲ ကျုံးဝမ်ဖြစ်နေ၍ တော်သေးသည်ဟု သူ တစ်မျိုးတစ်ဖုံ စိတ်အေးမိပြန်သည်။

အိမ်တော်ထိန်းဖုန် တံခါးအပြင်ဘက်သို့ ခြေချလိုက်ပြီးနောက်တွင် ယွီရှီသည် စောင်ကိုဂရုတစိုက်ဖြင့် ဆွဲယူလိုက်သည်။ သို့သော် သူ အားအလွန် စိုက်ထည့်လိုက်သောကြောင့် စောင်တွင်အပေါက်လေးတစ်ခု မတော်တဆ ဖြစ်သွားစေမိခဲ့သည်။

ခက်ခက်ခဲခဲဖြင့် စောင်တို့ကို ဆွဲယူပြီးနောက်တွင် ယွီရှီသည် ထိုစောင်တို့ကို လုံးထွေးလိုက်ပြီး ခုတင်အောက်သို့ ထိုးထည့်လိုက်သည်။ ထို့နောက် ထိုအတွင်းဝတ်ကို သူ ထပ်ကိုင်လိုက်ပြန်သည်။

ထိုပေါ်တွင် သွေးစွန်းကွက်လေး ရှိနေသည်။

ကနဦးတွင် ယွီရှီသည် ဤအတွင်းဝတ်ကို လျှော်ရန်ပေးလိုက်ချင်သော်ငြား နှစ်ကိုယ်ကြားပစ္စည်းကို အစေခံများအား လျှော်ခိုင်းရန် မသင့်တော်ဟု တွေးမိခဲ့သည်။ ခေတ္တတွေးနေပြီးနောက်တွင် ယွီရှီသည် မျက်နှာသစ်ရန်အတွက် ရေဇလုံထဲသို့ ထိုအတွင်းဝတ်ကို ဖြည်းဖြည်းချင်း နှစ်လိုက်တော့သည်။

အပြင်လူများ ဤအရာကို မြင်ရန်မသင့်တော်သကဲ့သို့ သူ့အနေနှင့် ကျုံးဝမ် သန့်ရှင်းနေရမည်ကိုလည်း ခွင့်မပြုနိုင်။ ထို့ကြောင့် ဤကိစ္စသည် သူ့လက်ထဲသို့သာ ရောက်လာတော့သည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now