Part 75

2.2K 534 32
                                    

Unicode

ယွီရှီ သူ့ခြံဝန်းသူ ပြန်ရောက်ချိန်တွင် ကျုံးဝမ် ခေါင်းကိုဆောင့်ခဲ့မိသလားဟုမေးရန် အိမ်တော်ထိန်းဖုန်ကို ဦးစွာ ရှာခဲ့သည်။ အိမ်တော်ထိန်းဖုန်က ခေါင်းတဆတ်ဆတ်ညိတ်လျက် ပြောသည်။ "ဟုတ်ပါတယ်။ မနေ့ညက သခင်လေး ပြန်လာတော့ နဖူးက ဒဏ်ရာကနေ သွေးတွေစီးကျနေတုန်းပါပဲ"

ယွီရှီသည် အိမ်တော်ထိန်းဖုန်အား ရိုက်နှက်ချင်သည့်စိတ်ကို ထိန်းနေရသည်။ စိတ်ဓာတ်ကျလျက် သူကပြောသည်။ "ဒါဆို ဘာလို့ ခင်ဗျား ကျွန်တော့်ကို မပြောရတာလဲ"

ကူကယ်ရာမဲ့သော မျက်နှာဖြင့် အိမ်တော်ထိန်းဖုန်သည် ယွီရှီကို ကြည့်လိုက်သည်။ အဘယ်ကြောင့်များ ယွီရှီသည် အခန်းထဲတွင် သူတို့နှစ်ဦးတည်းသာ ကျန်စေလျက် ဤအကြောင်းကို ပြောချင်နေသလဲဆိုသည်ကို သူနားမလည်နိုင်။ သိသာလွန်းနေသော ဒဏ်ရာကို မမြင်လျှင် ယွီရှီ မျက်စိကန်းနေမှပဲ ရမည်။

အိမ်တော်ထိန်းဖုန်က သတိဖြင့် မေးလိုက်သည်။ "ဆက်ခံသူ သခင်လေးကျုံးကို တွေ့ခဲ့တာ မဟုတ်ဘူးလား။ သူ ပိုကောင်းလာပြီလား"

ယွီရှီဆွံ့အသွားတော့သည်။

"စာသုံးတန်နဲ့ ဓလေ့ခြောက်မျိုး..." ယွီရှီစိတ်ညစ်သွားသည်။ "အဲ့ဒါတွေကို မပြီးမြောက်ဘဲ ကျွန်တော်တို့ တစ်ခုတင်ထဲ ညတိုင်း အိပ်နေကြတာကို ထားလိုက်ဦး... သူဖျားနေတုန်းမှာ ကျွန်တော်က တကယ်ကြီး တကယ်ကြီး..."

(T/N - စာသုံးတန်နဲ့ ဓလေ့ခြောက်မျိုးက ရှေးက ထိမ်းမြားဖို့အတွက် လုပ်ရတဲ့ အဆင့်တွေပါ)

အိမ်တော်ထိန်းဖုန်က သိချင်စိတ်ဖြင့် ပြောသည်။ "ဆက်ခံသူ၊ ဆက်ခံသူ"

သူ ဂရုတစိုက်ဖြင့် မေးခွန်းများ ဆက်မေးမည့်အချိန်တွင် အပြင်မှ သတင်းတစ်ခု ရောက်လာသည်။ မင်းသမီးကြီးအန်းကောနှင့် ချန်အန်းမင်းသားအိမ်တော်က သခင်မလေးတို့ ရောက်လာကြောင်း။ အိမတော်ထိန်းဖုန် ထိတ်လန့်သွားသည်။ "သူတို့နှစ်ယောက်က ဘာလို့အတူတူလာတာလဲ"

သတင်းလာပို့သော အစေခံက သေချာရှင်းပြသည်။ ထို့နောက်တွင် အိမ်တော်ထိန်းဖုန်က ယွီရှီကို ကြည့်လိုက်သည်။ "ကျွန်တော်တို့ မင်းသမီးကြီးကို အရင်တွေ့သင့်တယ်မလား။ ဆက်ခံသူ၊ ဆက်ခံသူရေ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now