Part 56

2.4K 562 61
                                    

Unicode

ယွီရှီသည် စားပွဲရှိရာသို့ လျှောက်သွားခဲ့သည်။ လက်ချောင်းများကို အသုံးပြုလျက် လက်ဖက်ရည် ကွေ့ဝိုက်သွားသော စာလုံးများပေါ် သုတ်လိုက်ပြီး လက်အချင်းချင်း ပွတ်လိုက်သည်... ချောမွတ်နေသည်။ ဤသည်မှာ ဖယောင်းပါးလွှာတစ်ခုဖြစ်သည်။

ရေသည် ဖယောင်းသို့မကပ်။ စားပွဲပေါ်သို့ မှောက်ကျသွားသောအခါ ဤနေရာများသို့ သေချာပေါက် ကွေ့ဝိုက်သွားတော့သည်။

ဝံပုလွေအူသံတို့နှင့် မီးပုံပွဲ။ ငါးဗိုက်ထဲရှိ စာအုပ်။

(T/N - နှစ်ခုလုံးက ချန်ရှဲ့အိမ်တော်၏ နှစ်စဉ်မှတ်တမ်းထဲကပါ)

အတန်းဖော်များ ဖြစ်ခဲ့ကြသော သူတို့နှစ်ဦးသည် ပုရောဟိတ်ကြီးရှီထံတွင် နှစ်အနည်းငယ်ကြာအောင် ပညာသင်ယူခဲ့ကြသည်။ ကျုံးဝမ်ထက်ပင် ယွီရှီက စာသင်နှစ်များခဲ့သေးသည်။ မည်သူက ပိုနုံအသူများလဲ။ ယွီရှီ၏အိမ်စာတို့မှာ ကျုံးဝမ်လောက် မကောင်းမွန်လှသော်လည်း သူ့အနေနှင့် 'ကြီးမြတ်သော သမိုင်းပညာရှင်၏ မှတ်တမ်းများ'ကို မကျက်မှတ်ဖူးသည်မဟုတ်။

ထို့ပြင်။

သူ့လက်ထဲရှိ ကျေမွနေသော စက္ကူလေးကို ယွီရှီ ဖြန့်လိုက်သည်။ လျှို့ဝှက်စေရန်အလို့ငှာ တမင်ရည်ရွယ်၍ ချိတ်ပိတ်ရာတွင်သုံးသော လက်ရေးလှသုံးသည်ကို ခွင့်လွှတ်၍ရသေးသည်။ ဤသည်မှာ ကျုံးဝမ်ရေးပြီးနောက်တွင် အိမ်တော်ထိန်းဖုန်ကို ကူးရေးရန် ပေးလိုက်ခြင်းဖြစ်ကြောင်း သိသာသည်။ အိမ်တော်ထိန်းဖုန်က မူလစာကို ကူးရေးခဲ့သော်လည်း စုတ်ချက်နှစ်ချက်ကို မှားဆွဲထားသည်။

အကယ်၍ ဤသည်မှာ ကောင်းကင်၏အလိုဖြစ်ခဲ့လျှင် မှားရေးထားသော စကားလုံးများ ရှိနိုင်မည်လား။

ကျုံးဝမ်ကိုစိတ်တိုလွန်း၍ ယွီရှီမှာ နားများပင် အူလာခဲ့သည်။ ယမန်နေ့ညက သူ တစ်မှေးကလေးမှ အိပ်မရခဲ့။ ကျုံးဝမ်၏အခြေအနေ ပို၍ဆိုးလာမည်ကို စိတ်ပူလျက် အခြေအနေ အရပ်ရပ်ကို တွေးဆကာ ဤမိဘမဲ့လေးကို မည်သူ့အား ယုံကြည်အပ်နှံရမည်ကိုပင် ချိန်ဆနေမိသည်။ လုံးဝမထင်မှတ်ထားစွာပင်...

ထိုနှစ်များမှာ မြတ်နိုးဖွေရှာМесто, где живут истории. Откройте их для себя