Part 96

2K 459 15
                                    

Unicode

ကျုံးဝမ်သည် ယွီရှီ၏အပေါ်ရုံကို လျော့ရဲရဲ ခြုံထားသည်။ အားအင်များစွာ စိုက်ထုတ်လျက် သူ ထထိုင်လိုက်ပြီး ရင်ဘတ်တစ်ဝက်ခန့် ပေါ်နေကာ ခုတင်ခေါင်းရင်းကို မှီထိုင်လိုက်သည်။

ကျုံးဝမ်၏နှုတ်ခမ်းမှာ သဘာဝအတိုင်းမဟုတ်ဘဲ အနည်းငယ်ခန့် နီရဲနေသည်။ သူ နှုတ်ခမ်းကိုသပ်လိုက်ပြီး မျက်လုံးများကိုမှိတ်ကာ ခဏတာ အနားယူရန် ကြိုးစားနေသည်။ ထိုအခိုက် ယွီရှီက သူ့အပေါ် အုပ်မိုးလိုက်ပြန်လေသည်။

ယွီရှီထံမှ ပညာပေးခံရပြီးနောက် သူ လိမ္မာသွားခဲ့လေပြီ။ ယခုနက သူ ပြောနိုင်သောစကားများရော၊ မပြောနိုင်သော စကားများကိုပါ ပြောပြီးခဲ့ချေပြီ။ တောင်းပန်စကားများနှင့် ချီးကျူးစကားများ အားလုံးကို သူ ဖတ်ဖတ်မောအောင် ပြောပြီးခဲ့ပြီ။ ယခုအချိန်တွင် သူ တောင်းပန်ဖို့ကိုသာ သိတော့သည်။ "မ-မင်းသားငယ်ယွီ၊ ငါ့လည်ချောင်းက တကယ်အရမ်းနာနေပြီ။ မင်း ငါ့ကိုမယုံရင်၊ မင်း ငါ့ကိုမယုံရင်..."

ခုတင်ပေါ်တွင်ပင် ယွီရှီသည် အလွန်အမင်း စကားဖွင့်ဟပြောသည်မဟုတ်ဘဲ ခါတိုင်းကဲ့သို့သာ အေးစက်လျက် ထူးမခြားနားရှိသည်။ အသံနက်နက်ဖြင့် သူမေးလိုက်သည်။ "ငါ မင်းကိုမယုံရင် ဘာဖြစ်လဲ"

ကျုံးဝမ်မှာ ယွီရှီ သူ့ကိုဆက်ဆံပုံကြောင့် တကယ်ကြောက်ရွံ့နေပေပြီ။ သူ တီးတိုးပြောလိုက်သည်။ "ငါ ပါးစပ်ဟထားမယ်။ မင်းဘာမင်း ကြည့်ကြည့်လိုက်"

ထိုစကားကိုကြားသော် ယွီရှီ၏လည်ပင်းမှာ တင်းကျပ်သွားခဲ့သည်။

လျှပ်တစ်ပြက်အတွင်း ကျုံးဝမ်သည် သူ ထပ်ပြီးစကားမှားသွားပြန်ပြီဟု သိလိုက်သည်။ သနားစဖွယ်ဖြင့် သူ မေးလိုက်သည်။ "မင်းတကယ် ဘာလုပ်ချင်တာလဲ..."

ယွီရှီက သူ့အသံနက်ကြီးဖြင့် ပြန်ဖြေသည်။ "ငါ ကြည့်လို့ရအောင် ပါးစပ်ဟပေးထားမယ်ဆိုတာ မင်းပဲ မဟုတ်ဘူးလား။ ဒါဆို ပါးစပ်ဟတော့"

ကျုံးဝမ်မှာ ချက်ချင်း နီရဲသွားပြန်သည်။ "တော်တော့... လျှောက်စနေတာ တော်လိုက်တော့"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာTahanan ng mga kuwento. Tumuklas ngayon