Part 30

2.6K 604 34
                                    

Unicode

"ငါက ဣန္ဒြေမရှိဘူး..."

"ငါက ပေါ့ပြက်ပြက်နေတယ်..."

ကျုံးဝမ်သည် နောက်ဆုံးစာကြောင်းကို အတတ်နိုင်ဆုံး မတွေးမိအောင် ကြိုးစားနေသည်။ သူက အံကိုကြိတ်လျက် တွေးလိုက်သည်။ ငါက တကယ်ကို အရင်တုန်းကအတိုင်း ကြောက်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိတုန်းပဲ။ အင်္ကျီတစ်စတောင်မချွတ်ဘဲ အခုယွီရှီလိုလူမျိုးကိုတောင် အထိန်းအကွပ်မဲ့စေနိုင်တယ်။ တကယ်လို့များ ငါသာ တစ်ပိုင်းတစ်စ ဒါမှမဟုတ် အကုန်လုံးများ ချွတ်ထားရင် မင်းသားငယ်ယွီတစ်ယောက် သူ့အိမ်မှာငါ့ကိုချုပ်ထားပြီး ဘယ်တော့မှ ထွက်ခွင့်မပေးဘဲနေမလား။

ပြီးတော့လည်း ယွီရှီက ရူးနေတာပဲ ဖြစ်ရမယ်။ ဒါတွေက ဘယ်လိုတောင် အဓိပ္ပာယ်မရှိလိုက်တဲ့ အကြောင်းပြချက်တွေလဲ။

ကျုံးဝမ်သည် လက်ရှိအခြေအနေကို လက်ခံရန် ငြင်းဆိုနေမိသည်။ သူစာကို ထပ်ခါထပ်ခါဖတ်ရင်း ယွီရှီ၏အတွေးများကို ပုံဖော်ကြည့်နေသည်။ သို့သော် ထပ်တလဲလဲ ဖတ်ပြီးချိန်တွင်တော့ သူ့ခေါင်းထဲတွင် တစ်ခုတည်းသောကျန်ခဲ့သည့်အရာမှာ...

နမ်းတယ်လား။

ကျုံးဝမ် တွေဝေစွာ တွေးမိသည်။ ဘယ်လိုဖြစ်ပြီး နမ်းတာလဲ။

ဘယ်ကိုနမ်းတာလဲ။

ဘ-ဘယ်လို နမ်းခဲ့ကြတာလဲ။

ကျုံးဝမ် အာခေါင်ခြောက်နေဆဲပင်။ ကျန်ရှိသော လက်ဖက်ရည်တစ်ဝက်ကို သောက်ကာ ထိုင်ချလိုက်ပြီး အတတ်နိုင်ဆုံးမှတ်မိအောင် တွေးနေမိသည်။

သို့တိုင်အောင် သူဘာကိုမှ မမှတ်မိပေ။

"သူ ဒါကိုရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ ဖြစ်ရမယ်" ကျုံးဝမ် စာရွက်ကို လုံးချေပစ်လိုက်သည်။ "သူအရမ်းစွမ်းနေရင် ဒီထက်ပိုပြီး ပွင့်ပွင့်လင်းလင်းရှိသင့်တယ်..."

သို့သော် သူဤထက်ပို၍ ပွင့်ပွင့်လင်းလင်းရှိခဲ့လျှင်... ထိုနေ့က ယွီရှီ၏ ဇွတ်တရွတ်နိုင်မှုကို တွေးမိသောအခါ ကျုံးဝမ်၏နားရွက်များနီလာသည်။ အမှန်အတိုင်းပြောရလျှင်... သူခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now