Part 46

2.5K 569 52
                                    

Unicode

နန်းတော်တွင်ဖြစ်သည်။

ကိုယ်လုပ်တော်ယွီ၏ နန်းဆောင်ထဲသို့ မိန်းမစိုးကြီးတစ်ဦး ခစားဝင်ရောက်ခဲ့သည်။

ကိုယ်လုပ်တော်ယွီ အင်မတန် ခေါင်းကိုက်နေသည်။ နေ့ခင်းက ရွှမ်ကျင်းမှာ အားအင်အပြည့်ဖြင့် ရှိနေခဲ့သည်။ ယွီရှီထံမှ လင်စစ်ကို ပြန်တောင်း၍မရသောအခါ လူဆိုးတစ်ယောက်ကို အလွတ်ပေးမည့်အစား မတော်တဆသာ လူမှားသတ်လိုက်မည်ဟု သူတွေးခဲ့သည်။ ထို့ကြောင့် ရွှမ်ချုံ၏အိမ်တော်သို့လည်း သွားရောက်ပြဿနာရှာခဲ့သည်။ ထင်သည့်အတိုင်းပင် သူလင်စစ်ကို ရှာမတွေ့ခဲ့။

(T/N - မဖမ်းလိုက်ရလို့ လွတ်သွားတာထက် ဖမ်းလိုက်တဲ့လူ မှားနေတာကမှ တော်ဦးမယ်ဆိုတဲ့ သဘော)

လတ်တလောတွင် ရွှမ်ချုံတစ်ယောက် ကံဆိုးမိုးမှောင်ကျမှုတို့ကို ဆက်တိုက်ဆိုသလို ကြုံတွေ့နေရသည်။ သူအလွန်အမင်း စိတ်တိုနေမိသည်။ ညစာမတိုင်မီ နန်းတော်ထဲဝင်လျက် ကိုယ်လုပ်တော်ယွီထံတွင် အချိန်တော်တော်ကြာ တိုင်တောခဲ့သည်။ ယခုမှသာ သူထွက်သွားခြင်းဖြစ်သည်။

ကိုယ်လုပ်တော်ယွီသည် သူ့သားကို ခက်ခက်ခဲခဲဖြင့် နှင်လွှတ်ခဲ့ရသည်။ သူစိတ်ရောကိုယ်ပါ ပင်ပန်းနေပြီဖြစ်သည်။ နွမ်းလျစွာ သူကပြောသည်။ "မင်းကြီးသာ အိမ်ရှေ့စံမရွေးသေးရင် ငါတော့ ဒီလူတွေကြောင့် အရင်နှိပ်စက်ခံရတော့မှာပဲ... ဒါတောင် ချုံအာက မင်းကြီးကို ဖျောင်းဖျပေးဖို့ ငါ့ကိုပြောနေသေးတယ်။ လင်ယောက်ျားကို တွန်းအားပေးရတာ လွယ်ကူတဲ့ကိစ္စလို့များ ဒီကလေးထင်နေတာလား။ ငါ မင်းကြီးကို နောက်ဆုံးတွေ့ခဲ့တာ နှစ်လတောင်ပြည့်တော့မယ်။ ငါ သူ့ကို ကူညီချင်ရင်တောင် ဘယ်လိုလုပ်မလဲ"

ကိုယ်လုပ်တော်ယွီထံပါး ခစားနေသော အစေခံလေးက ချိုသာစွာနှစ်သိမ့်သည်။ "အခုတလော ပဉ္စမမင်းသား စွပ်စွဲခံနေရတာတွေများနေပါပြီ။ သူ့ခမျာ ကိုယ်လုပ်တော်ကို ပြောပြရုံပဲတတ်နိုင်တယ်။ တစ်နေ့မှာ မင်းကြီးကို တွေ့ဖြစ်ခဲ့ရင် ပဉ္စမမင်းသားရဲ့ အပြုအမူနဲ့ပတ်သတ်ပြီး သေချာရှင်းပြပေးဖို့ မမေ့လိုက်ပါနဲ့"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now