Part 42

2.3K 563 49
                                    

Unicode

ညလယ်ခေါင်တွင် ယွီရှီသည် ဆံပင်တို့ကို ဖြန့်ချလျက် ထိုင်ခုံတွင်ထိုင်နေသည်။ သူ့ဘေးရှိကြမ်းပေါ်တွင် လူတစ်ယောက်က တုန်ရီလျက် ဒူးထောက်နေခဲ့သည်။

ယွီရှီက မေးခွန်းမမေး၊ စစ်မေးခြင်းမပြု။ တစ်ယောက်တည်း အတွေးလွန်နေသည်။

အိမ်တော်ထိန်းဖုန်က ဆေးလိမ်းဆီကိုကိုင်ဆောင်လျက် အခန်းတွင်းသို့ ဝင်လာသည်။ သူတစ်ချက်ကြည့်ပြီးနောက်တွင် ဤလူကို အတန်ငယ်ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။ မင်းသမီးကြီးအန်းကော၏အိမ်တော်၌ ယခင်က တွေ့ဖူးခဲ့သည်ကို သူဝိုးတဝါးမှတ်မိလာသည်။

အိမ်တော်ထိန်းဖုန်က ဆေးကို စားပွဲလေးပေါ်သို့ တင်လိုက်သည်။ သူဘာကိုမှတော့ မပြောဝံ့။

ဤလောကဝယ် ယွီရှီကိုရိုက်ရဲသည့် သတ္တိရှိသူကို လက်ချိုးရေ၍ပင်ရသည်။ ယွီရှီသည် မင်းသမီးကြီး၏အိမ်တော်မှ ပြန်လာခြင်းဖြစ်သည်။ သူ့မျက်နှာရှိ ဒဏ်ရာကို ဖန်တီးခဲ့သူမှာ... သိသာလှသည်။

ယွီရှီ၏နှုတ်ခမ်းစွန်းတွင် သွေးများစို့နေဆဲပင်။ အိမ်တော်ထိန်းဖုန် ဆက်မကြည့်နေနိုင်တော့။ သူညင်သာစွာမေးမိသည်။ "ဆက်ခံသူ၊ နာနေလား။ သွေးထွက်နေတုန်းပဲ။ ကျွန်တော် ဆေးလိမ်းပေးပါရစေ"

ယွီရှီက ဘာမှမပြော။

သူသဘောမတူကြောင်း မပြောသဖြင့် အိမ်တော်ထိန်းဖုန်က ဆေးကိုဖွင့်ကာ ယွီရှီကို လိမ်းပေးရန် ကြိုးစားလိုက်သည်။ ယွီရှီက တစ်ဖက်သို့လှည့်ကာ အိမ်တော်ထိန်းဖုန်ကို ရှောင်လိုက်သည်။ နောက်ဆုံးတွင်တော့ သူကစကားဆိုလာသည်။ "ခင်ဗျားသွားလို့ရပြီ။ ကျွန်တော့်မှာ မေးစရာမေးခွန်းတွေ ရှိသေးတယ်"

အိမ်တော်ထိန်းဖုန်က ခြေရင်း၌ပြားပြားဝပ်နေသော လူကိုကြည့်ပြီး သက်ပြင်းချလျက် ထွက်သွားတော့သည်။

ဤသို့ဖြင့် ယွီရှီမှာ သူ့အတွေးတို့ကို ပြန်ဆက်နေတော့သည်။

အချိန်မည်မျှကြာသွားသည်မသိ။ ဒူးထောက်နေသောလူ ကြောက်ရွံ့မှုကြောက် သတိလစ်မတတ် ဖြစ်နေမှသာ ယွီရှီက သူ့ကိုသတိရတော့သည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာOnde histórias criam vida. Descubra agora