Part 9

3K 740 73
                                    

Unicode

ဘယ်သူက ပွဲဆူအောင်လုပ်နေတာလဲ။

အရွယ်ရောက်ပြီးသော ယွီရှီသည် ကျုံးဝမ်ထက် နှစ်လက်မ၊ သုံးလက်မခန့် အရပ်ပိုရှည်သည်။ သူသည် အံ့ဩဖွယ်ကောင်းလောက်အောင်လည်း သန်မာသေးသည်။ ကျုံးဝမ်သည် သူ၏ချုပ်နှောင်မှုမှ လုံးဝမရုန်းနိုင်ပေ။ သူသည် ရွေးချယ်စရာမရှိတော့ဘဲ ယွီရှီအား နားကလောဖွယ် စကားများဆိုတော့သည်။ "ဒါပေါ့၊ ကျွန်တော် ရေးကြီးခွင်ကျယ်ဖြစ်အောင် လုပ်ရမှာပေါ့... ဒီနေ့ နန်းတော်ကိုလာတဲ့သူတိုင်းကို မင်းသားငယ်ဘာလုပ်နေလဲသိစေချင်တယ်။ အဲ့လိုဆို အရမ်းကောင်းမှာပဲ။ မင်းသားငယ်ယွီ၊ ဂုဏ်သရေရှိတဲ့မင်းသားငယ်က ဒီနှစ်တွေအတွင်း ကျွန်တော် ဘယ်လိုအသက်ရှင်ခဲ့ရတယ်ဆိုတာ မေ့သွားတာများလား"

ယွီရှီသည် မျက်လွှာချကာ အကြည့်လွှဲလိုက်သည်။ သူ့မျက်ဝန်းများကိုကြည့်ပြီး သူပျော်နေလား၊ ဝမ်နည်းနေလား ပြောရန် ခက်ခဲပေသည်။ "သေချာပေါက် ငါမှတ်မိတာပေါ့"

ကျုံးဝမ်သည် တတ်နိုင်သမျှ ညင်သာစွာပြောလိုက်သည်။ "အပြင်မှာ မိန်းမစိုးတွေအများကြီးရှိတယ်။ ကျွန်တော်တို့ တကယ်ကို အသံအများကြီးထွက်မယ်ဆို သူတို့ကြားသွားမယ်မထင်ဘူးလား။ တခြားလူတွေသိသွားရင် မင်းသားငယ်... ဘဝတစ်သက်လုံး ကြင်ယာတော်ယွီကို လက်ဆက်လို့ရမှာမဟုတ်တော့ဘူး"

ယွီရှီသည် အံ့ဩတကြီး ရပ်နေမိသည်။ သို့ရာတွင် ကျက်သရေရှိရှိအပြုံးတစ်ခု ဆင်မြန်းလိုက်သည်။ "အဲ့လိုဖြစ်ရင် အကောင်းဆုံးပဲ"

ထိုစကားသည် ကျုံးဝမ်ကို ပြောစရာစကားမရှိဖြစ်စေသည်။ "မင်းသားငယ်..."

ယွီရှီသည် ကျုံးဝမ်၏လက်ကောက်ဝတ်မှ ဆုပ်ကိုင်မှုကို ပိုတင်းကျပ်လိုက်သည်။ သူက တီးတိုးမေးသည်။ "မင်းရဲ့ ပိုင်ဆိုင်ခွင့်စာချုပ်ကိုရရင် ပြဿနာမရှိဘဲ ထွက်သွားနိုင်ပြီးတော့ မြို့တော်ကို ဘယ်တော့မှ ပြန်မလာတော့ဘူးမလား"

ကျုံးဝမ်သည် အနှီဘိုးတော်ကြီးချုံအန်းမင်းကြီးကို တစ်ချက်တည်းနှင့်သေအောင် ထုရိုက်ပစ်လိုက်ချင်သည်။ သူသည် ကျုံးဝမ်ကို နည်းနည်းလေးပင် မကူညီနိုင်ဘဲ ယွီရှိကိုပင် စိတ်တိုစေလိုက်သေးသည်။ "လိုချင်တာ ကျွန်တော်မဟုတ်ပါဘူး... ကျွန်တော် လိုချင်ခဲ့ရင်တောင် ဘယ်သူက ကျွန်တော့်ကို လာပေးမှာလဲ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now