Part 2

5.5K 834 32
                                    

Unicode

"သူ့စိတ်တွေ ပြောင်းသွားတယ်..." မျက်မှောင်ကြုတ်ကာ ကျုံးဝမ် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အသက်ကိုးနှစ်သာရှိသေးသော မင်းသမီးကို လက်ထပ်ရန် တောင်းဆိုခြင်းသည် သေချာပေါက်ကို သူလုပ်မည့်အရာမဟုတ်ချေ။

လင်စစ်ကမူ သူ့စကားကို ကျုံးဝမ်သဘောတူသည်အထင်နှင့် အခြားအကြောင်းအရာများကို ဆက်လက်ဆွေးနွေးနေလေသည်။

သူတို့သည် နောက်နှစ်နာရီအတွင်းတွင် မြို့တော်သို့ ရောက်တော့မည်။ လင်စစ်မှာ မကြာမီ ထွက်သွားရတော့မည် ဖြစ်သောကြောင့် ကျုံးဝမ်အနေနှင့် သူတို့အတူရှိနေသည့် အချိန်ကို မဖြုန်းရဲပေ။ သူ၏ဒွိဟများကို ရင်ထဲ၌သာ မြှုပ်နှံ၍ လင်စစ်ပြောမည့် စကားများကို နားထောင်ရန်သာ စိတ်နှစ်လိုက်လေ၏။

လင်စစ်က ရေးသည်။ "ဒီနှစ်ရဲ့အစမှာ တတိယမင်းသားက နေမကောင်းထပ်ဖြစ်ပြီး သေလုမြောပါး ဖြစ်ခဲ့တယ်။ တတိယမင်းသားက ငယ်ငယ်တည်းက ကျန်းမာရေးမကောင်းခဲ့တာ။ ဒီနှစ်မှာ သူ့အသက် သုံးဆယ့်လေးနှစ်ရှိပြီ၊ ခုထိကလေးမရှိသေးဘူး။ တော်ဝင်ဆေးကုသရေးဌာနက သမားတော်တွေက အတိအလင်းတော့မပြောမဲ့ သူက နောက်နှစ်တွေအကြာကြီးထိ ခံမှာမဟုတ်တော့ဘူး"

ကျုံးဝမ်၏မျက်ခုံးများ တွန့်ချိုးသွားရသည်။ တတိယမင်းသားသည်လည်း သေဆုံးတော့မည်။

ဤအကြောင်းကိုပြောရလျှင် မင်းကြီးသည် အလွန်ပင် ကံခေခဲ့သည်။ သူ၏ အရင်သားနှစ်ယောက်သည်လည်း စောစီးစွာ သေဆုံးခဲ့ရသည်။ ပထမမင်းသားသည် အသက် ဆယ့်နှစ်နှစ်တွင်လည်းကောင်း၊ ဒုတိယမင်းသားသည် အသက် သုံးနှစ်တွင်လည်းကောင်း ကွယ်လွန်ခဲ့ကြသည်။ သူတို့နှစ်ဦးကြားတွင် မင်းသမီးနှစ်ပါးလည်း ဆုံးပါးခဲ့သေးသည်။ အခက်အခဲများစွာကျော်ဖြတ်ပြီးနောက် တတိယမင်းသားကို သန္ဓေတည်လာခဲ့သည်။ သို့သော် တတိယမင်းသားသည် ကြံ့ခိုင်မှုအားနည်းစွာ မွေးဖွားလာခဲ့ပြီး မကြာခဏ ရောဂါ၏ဖိစီးမှု ခံခဲ့ရသည်။ သူ ယခုချိန်အထိ အသက်ရှင်နေထိုင်ရန် အားထုတ်မှုများစွာဖြင့် ကြိုးစားခဲ့ကြသော်လည်း မကြာခင်မှာပင် သူသေဆုံးနိုင်သည့် အလားအလာရှိနေဆဲပင်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now