Extra 2

5.1K 581 61
                                    

Unicode

ဆယ့်ငါးနှစ်အရွယ် ယွီကျစ်ရုန်လေးသည် လူကြီးလူကောင်းတစ်ယောက် ဖြစ်နေဆဲပင်။

ရိုင်းပျလျှင် သူ မကြည့်။ ရိုင်းပျလျှင် သူ မထိ။

သို့ဖြင့် သူ့အရံခြံဝန်းထဲရှိ သူဖွက်ထားသော တစ်စုံတစ်ယောက်မှာ သူ 'ဝယ်ထား'ခဲ့ခြင်းဖြစ်ပြီး သူကြည့်နိုင်၊ထိနိုင်သော သူတစ်ယောက် ဖြစ်သည့်တိုင် အနားသို့ တစ်ဖဝါးမှမကပ်ခဲ့ပေ။

လအနည်းငယ်အကြာတွင် ယွီရှီသည် မင်းသားယွီအိမ်တော်တွင်နေသည် မဟုတ်လျှင် မင်းသမီးကြီးအိမ်တော်တွင် နေခဲ့သည်။ ထိုထဲကမှ အပြင်မသွားခင် အရေးကြီးသော တစ်စုံတစ်ရာကိုယူရန် သူ သူ၏အရံခြံဝန်းသို့ တစ်ခေါက်ပြန်သွားခဲ့ဖူးသည်။ ယွီရှီသည် မြင်းလှည်းသမားကို အရှေ့တံခါးရှေ့တွင် ခေတ္တမျှသာ ရပ်ခိုင်းပြီး အိမ်တော်စစ်သည်များကို သူ့ထံသို့ ထိုပစ္စည်းယူလာရန် စေခိုင်းခဲ့သည်။ သူ အရံခြံဝန်းထဲသို့ ခြေတစ်လှမ်းချမိလျှင် ကျုံးဝမ်၏ ဂုဏ်သိက္ခာ ကျဆင်းသွားမည့်အလားပင်။

ယွီရှီနှင့် အတန်းဖော် သူ့ထံတွင် ရင်းနှီးမှု များများစားစား မရှိသော်လည်း ယွီရှီသည် ပုရောဟိတ်ကြီးရှီကို လေးစားကာ ကျုံးဝန်ကို လွန်စွာသနားခဲ့သည်။

ယွီရှီသည် ဤသည်ကို ကောင်းမွန်ကျနစွာ စီစဉ်ထားခဲ့သည်။ မင်းသားနင်၏ကိစ္စ အပြီးသတ်ပြီးနောက်တွင် လူများ ကျုံးဝမ်အကြောင်း မေ့သွားလောက်မည့် နောက်နှစ်နှစ်အထိ သူစောင့်မည်။ ပြီးနောက် လူများမေ့သွားပြီဆိုပါက ကျုံးဝမ်၏ အစေခံအဆင့်အတန်းကို ပယ်ဖျက်ကာ သာမန်အရပ်သားအဖြစ် ပြန်လုပ်ပေးမည်။ ထို့နောက် ယွီရှီ သူ့အား ငွေကြေးအနည်းငယ်ပေးကာ သက်သောင့်သက်သာ နေနိုင်ရန် အဝေးသို့ ပို့လိုက်မည်။

ယွီရှီ၏စိတ်ထဲတွင် ထိုအချိန်က ကျုံးဝမ်သည် အားနည်းကာ ဆတ်ဆတ်ထိမခံဖြစ်လျက် အနှောင့်အယှက်သွားပေး၍မရပေ။ သူငယ်စဉ်ကတည်းက ခစားလာသော အိမ်တော်ထိန်းဖုန်ကိုပင် ကျုံးဝမ်အား သေချာဂရုစိုက်ပေးရန် သူ အထူးမှာကြားထားသေးသည်။ သူ သိပ်ပြီး ဒုက္ခမခံစားရစေရန်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now