Part 61

2.3K 548 43
                                    

Unicode

ကျုံးဝမ်၏ မျက်တောင်တို့ လှုပ်ခတ်သွားသည်။ အရှုံးကိုလက်မခံသေးဘဲ သူသည် ရှိသမျှသတ္တိတို့ကိုစုကာ အိပ်ချင်ဟန်ဆောင်နေခဲ့သည်။ ကိုယ်ကသောဇာတ်ကို အဆုံးထိ ကရမည်သာ။ အနှောင့်အယှက်ပေးခံရမှုကြောင့် နေမကောင်းဖြစ်ဟန်နှင့် သူ့ပုခုံးတို့မှာ အနည်းငယ် တွန့်သွားခဲ့သည်။

ထိုအခိုက် ယွီရှီသည် စကားတစ်ခွန်းမှမဆိုဘဲ ဒေါသကို ထိန်းချုပ်နေသည်။ ထို့နောက် သူကပြောသည်။ "မထသေးဘူးလား"

သေချာသည်။ ကျုံးဝမ် ခွန်းတုံ့မပြန်ပါ။

ယွီရှီသည် ကျုံးဝမ်ကြောင့် စိတ်တိုရလွန်း၍ ရူးမတတ်ပင်။

ယခင်က အဖျားများ ပြန်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က လက်မခံနိုင်ဘဲ ရှိနေမည်ကို ယွီရှီ စိုးရိမ်ခဲ့သည်။ ဤနှစ်များအတွင်း မနည်းလှသော အင်အားနှင့်သွေး၊ ချွေးနှင့် မျက်ရည်တို့ သုံးခဲ့ရသဖြင့် သူစိုးရိမ်ခဲ့သည်။ ဤကဲ့သို့ ကြီးမားသော ပြောင်းလဲမှုကြီးအပြီး၌ သူ့နှလုံးသားနာကျင်ရမည်ကို သူစိုးရိမ်ခဲ့သည်။ ကျုံးဝမ်ထံတွင် နေထိုင်ရန် အကြောင်းပြချက်တို့ ပျောက်ဆုံးလျက် အသက်ရှင်လိုစိတ် မရှိတော့မည်ကို သူစိုးရိမ်ခဲ့သည်။

မတိုင်မီက ယွီရှီသည် လောကကြီးကို တိုင်တည်လျက် လူတို့၏ကံကြမ္မာကို ကရုဏာသက်ကာ တွေးခဲ့မိသည်။ ဒီလို ဖြူစင်တဲ့လူမျိုးက ဒီလိုအခြေအနေမျိုးထိရောက်အောင် တခြားသူတွေရဲ့ အတိုက်အခိုက်ကို ခံခဲ့ရတော့ လောကကြီးရဲ့ လှည့်ဖျားတတ်တဲ့ မာယာတွေကို မုန်းနေလောက်ပြီ။ သူ နောက်ဆို ညစ်ညမ်းတဲ့ ကိစ္စတွေကို မြူမှုန်လောက်တောင် တို့ထိချင်မှာ မဟုတ်တော့ဘူး။ စစကတော့ သူက မသေမျိုးကနေ လူ့လောကကို ဆင်းလာတဲ့ ဝမ်ချူရှင်းပဲ။ အခုတော့ သူ တော်တော်လေးကို ဒုက္ခခံစားပြီးသွားပြီ။ ဒါဆို သူပြန်ထွက်သွားတော့မှာ မဟုတ်ဘူးလား။

(T/N - ဝမ်ချူရှင်း - နန်းတွင်းစာမေးပွဲနဲ့ စာပေးရေးရာအမှု ကိစ္စတို့အတွက် နတ်ဘုရား)

အကယ်၍ ဤကဲ့သို့များဖြစ်လာလျှင် ယွီရှီသည် မည်သည်အတွက် ကြိုးစားနေခဲ့ပါသနည်း။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now