Part 49

2.3K 549 20
                                    

Unicode

ကျုံးဝမ် စာကိုနောက်တစ်ခေါက် ထပ်ဖတ်လိုက်ပြီးနောက်တွင် သက်ပြင်းချမိတော့သည်။

ရွှမ်ကျင်း၊ ရွှမ်ချုံ၊ ယွီရှီ... နှင့် ယခု ရွှမ်ရွေ့သည်လည်း ဤအစုထဲသို့ ထည့်သွင်းခံရတော့မည့်ဟန်ရှိသည်။

ယခုအချိန်တွင် သူတို့လုပ်ရမည့် အရေးကြီးဆုံးအရာသည် ရွှမ်ရွေ့၏ဘက်တွင် မည်သို့ဖြစ်နေသည်ကို စုံစမ်းဖို့လူလွှတ်ရန်ပင်။

ကျုံးဝမ် စာကိုကျစ်ကျစ်ပါအောင်ဆုပ်လျက် သူမြို့တော်ကို ဝင်ခဲ့စဉ်ကတည်းက ဖြစ်ခဲ့သမျှ အသေးစိတ်တို့ကို ပြန်တွေးနေမိသည်။

မည်သည့်အချိန်ကတည်းက ထန်မင် ဝင်ရောက်နှောင့်ယှက်နေခဲ့သနည်း။

သူ ယွီရှီကိုချစ်သည်ကို သူသိသည်။ ချန်အန်းမင်းသားအိမ်တော် တည်ငြိမ်သွားလျှင် ချန်အန်းမင်းသားအိမ်တော်မှ စွန့်ခွာလျက် ယွီရှီကို ကူညီမည်ကိုလည်း သူသိသည်။ သူ မြို့တော်သို့ ရောက်ပြီးနောက်တွင် မင်းသားနင်၏ ကလေးများကို ချန်အန်းသို့ အန္တရာယ်ကင်းကင်း ပြန်ပို့ချင်သည်ကိုလည်း ထန်မင်ကသိနေသည်။

တတိယမင်းသား ရွှမ်ကျင်း၏သေဆုံးမှုကို ခန့်မှန်း၍မရနိုင်ခဲ့။ ထို့ကြောင့် သူ ရွှမ်ရွေ့အား ဦးစွာပြန်ပို့ခဲ့သည်။ သို့သော် ထန်မင်၏အမြင်တွင်မူ ဤအချက်သည် သိပ်အရေးမပါဟန်ပင်။ သူလိုချင်သည်မှာ ရွှမ်ရွေ့ထံမှ ကျုံးဝမ်ကို ခွာရန်ဖြစ်သည်။

ထန်မင်နှင့်လင်စစ်တို့သည် ယခုမှသိကျွမ်းကြခြင်းဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် နှစ်ခါသာဆုံရသေးသည်။ သို့သော် ကျုံးဝမ်နှင့်လင်စစ်တို့မှာ စိတ်ဝမ်းကွဲလုမတတ်။ ကျုံးဝမ်နှင့်လင်စစ်တို့ကြားတွင် ထန်မင် မည်ကဲ့သို့များ သွေးကွဲအောင်လုပ်မည်နည်း။

ရွှမ်ရွေ့သည် သတ္တိနည်းသည်။ ထန်မင်အနေနှင့် မည်သို့များ သူ့ကိုထီးနန်းအတွက် ပြိုင်ဆိုင်ချင်စိတ်ပေါ်လာအောင် လှုံ့ဆော်မည်နည်း။

ကျုံးဝမ် ရင်ထဲတွင် ကြောက်နေမိသည်။ တိုက်ဆိုင်မှုသာဖြစ်ပါမူ အဆင်ပြေသေးသည်။ သို့သော် ကျုံးဝမ် မြို့တော်သို့ ရောက်ကတည်းက ထန်မင်က အကွက်ချနေခဲ့ခြင်းဖြစ်ခဲ့လျှင် အရာအားလုံးကို သူ့လက်ခုပ်ထဲတွင်ထည့်လျက် ထိန်းချုပ်ထားသည်သာ။ ထိုသို့သော လူမျိုးကို ကိုင်တွယ်ဖြေရှင်းရသည်မှာ လွန်စွာခက်လှပေသည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာHikayelerin yaşadığı yer. Şimdi keşfedin