Part 94

1.9K 442 15
                                    

Unicode

ကျုံးဝမ်နှင့် ရွှမ်ကျင်းတို့သည် ငယ်ရွယ်စဉ်ကတည်းက တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခဲ့ကြသည်။ ဆိုရလျှင် မင်းသားနင်၏ကိစ္စမတိုင်မီက ကျုံးဝမ်သည် အတန်းဖော် တော်ဝင်မင်းသားများထဲတွင် ယွီရှီအပါအဝင် ရွှမ်ကျင်းနှင့် အများဆုံး အဆက်အဆံ ရှိခဲ့သည်။ လူတစ်ယောက်၏ လူကြီးဘဝကို အသက်သုံးနှစ်အရွယ်ရောက်လျှင် ခန့်မှန်းနိုင်သည်။ ထိုအချိန်ကတည်းက ရွှမ်ကျင်းမှာ အလွန်နုံအလှသည်ဟု ကျုံးဝမ် ခံစားခဲ့မိပြီးဖြစ်သည်။ သို့သော် အလွန်တရာ တုံးအလွန်းလှမည်ဟုတော့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ကျုံးဝမ်သည် ရွှမ်ကျင်းကိုကြည့်နေရင်း သက်ပြင်းချမိသည်။ ယွီရှီ ကိုယ့်စိတ်ကူးနှင့်ကိုယ် အိမ်ရှေ့စံနေရာအတွက် ယှဉ်ပြိုင်ချင်စိတ် ရှိလာ၍ ကံကောင်းသည်။ မဟုတ်ပါက ဤလူအထံသို့သာ ထီးနန်းရောက်သွားခဲ့လျှင် သူတို့နိုင်ငံကြီး၏ အနာဂတ်မှာ မည်သို့များ ဖြစ်လာမည်နည်း။

ရွှမ်ကျင်းက ကျုံးဝမ်ကို သတိဖြင့် ကြည့်နေသည်။ "မင်း ငါ့ကို ဘာတွေစိုက်ကြည့်နေတာလဲ။ အခု ဘာလုပ်ချင်ပြန်ပြီလဲ"

"ဘာမှမလုပ်ချင်ပါဘူး" ကျုံးဝမ်သည် ရွှမ်ကျင်းအတွက် အမှန်တကယ် ဝမ်းနည်းနေမိသည်။ "ကျွန်တော် မင်းသားကို လှည့်ကွက်တချို့ သင်ပေးရဦးမလား"

ရွှမ်ကျင်းက ကျုံးဝမ်ကို မယုံသင်္ကာကြည့်နေသည်။ "မင်းက ယွီကျစ်ရုန်ရဲ့ဘက်ကလေ။ ငါ့အတွက် ဘာများအကြံကောင်းတွေ ပေးနိုင်မှာလဲ"

"နိုင်ငံရေးတွေနဲ့ မဆိုင်တဲ့ အကြံတွေပါ" ကျုံးဝမ်မှာ ရွှမ်ကျင်း၏ အမြင်ကျဉ်းမြောင်းမှုအပေါ် အနည်းငယ် အထင်သေးသွားမိသည်။ "အိမ်ရှေ့စံနေရာအတွက် ယှဉ်ပြိုင်တယ်ဆိုတာ အပေါ်ယံသက်သက်ပါ။ ကျွန်တော်တို့က ငယ်ငယ်ကတည်းက ရင်းနှီးခဲ့ကြတာပဲ။ နောက်ကွယ်မှာတော့ ကျွန်တော်တို့ ရင်းရင်းနှီးနှီး နေလို့ရပါတယ်"

ရွှမ်ကျင်းမှာ ဆွံ့အသွားခဲ့သည်။ "ငါတို့က နောက်ကွယ်မှာ ရင်းရင်းနှီးနှီး နေလို့ရတယ်၊ ဟုတ်လား"

"ဟုတ်တာပေါ့" ကျုံးဝမ်မှာ အလွန်ချိုသာလှသည်။ "လင်စစ်က မင်းသားကို ညဆို လာလာတွေ့တယ်မလား။ ဒါဆို အရှင့်သား ညတိုင်းဘာဝတ်လဲဆိုတာ ကျွန်တော်မေးကြည့်လို့ရမလား"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now