Part 28

2.5K 615 72
                                    


Unicode

ကျုံးဝမ် မျှော်လင့်ချက်ကို ဖက်တွယ်ထားဆဲပင်။ သူ့ကိုယ်သူတွန်းအားပေးကာ မေးလိုက်သည်။ "မင်းသားငယ်ယွီ... မနေ့က ဘယ်လောက်ကြာအောင် ဒီအခန်းထဲမှာ နေသွားတာလဲ"

အိမ်တော်ထိန်းဖုန် လည်ချောင်းရှင်းလိုက်သည်။ "လေး-လေးနာရီ"

လေးနာရီ...

ကိစ္စပေါင်းများစွာ ဖြစ်နိုင်ခဲ့သည်။

ကျုံးဝမ် စိတ်ရှုပ်စွာ ပြန်စဉ်းစားမိသည်။ သို့သော် မည်သည့်အရာကိုမှ မမှတ်မိ။

အိပ်တဝက်နိုးတဝက်ဖြစ်နေချိန်တွင် တစ်စုံတစ်ယောက်က ခုတင်စွန်းတွင်ထိုင်လျက် သူ့ကိုကြည့်နေသည်ဟူသော ခံစားချက်ရိုးတိုးရိပ်တိပ်သာ သူ၏ဝိုးတဝါးမှတ်ဉာဏ်ထဲတွင် ရှိသည်။

ထိုတစ်စုံတစ်ယောက်သည် ယွီရှီဖြစ်နေခဲ့ဟန် တူသည်။

သူတကယ်ပဲ ဘာလုပ်ခဲ့ပါသလဲ။

ကျုံးဝမ်၏နားရွက်များ နီလာသည်။ သူ့ခန္ဓာကိုယ်တွင် အနေရခက်သော နေရာမရှိ။ သို့သော်...

ယွီရှီ လေးနာရီတိုင်တိုင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်လား။

အင်မတန်မှ ငြီးငွေ့ဖွယ် မကောင်းပေဘူးလား။

ညလယ်မှာ အိပ်မည့်အစား သူ့ကို လေးနာရီလုံးလုံး ထိုင်ကြည့်နေသည်တဲ့လား။ တွေးကြည့်ရုံနှင့်ပင် ကျောချမ်းဖွယ်ကောင်းလှသည်။

ကျုံးဝမ် သူ့အပေါ်ရုံကို ယူလိုက်သည်။ သူ့နှလုံးခုန်နှုန်း အနည်းငယ် တိုးလာပြန်သည်။

လေးနာရီလုံး ထိုင်နေရုံနှင့် ဤဝတ်ရုံသည် မည်ကဲ့သို့ ဖယ်ရှားခံလိုက်ရသနည်း။

အတော် စိတ်ပူစရာပင်။

အိမ်တော်ထိန်းဖုန်၏ စူးစမ်းသော အကြည့်များကို ရှောင်ဖယ်ရန် ကျုံးဝမ်အတတ်နိုင်ဆုံး ကြိုးစားမိသည်။ ဝတ်ရုံဝတ်ရင်း သူမေးလိုက်သည်။ "မင်းသားငယ်ယွီ ဘယ်မှာလဲ။ ကျွန်တော် သူ့ကိုမေးစရာရှိတယ်"

အိမ်တော်ထိန်းဖုန်သည် ကျုံးဝမ်ကို အနေခက်စွာကြည့်နေသည်။ အသံကိုနှိမ့်ကာ သူပြောလိုက်သည်။ "သခင်လေးနိုးတာနဲ့ ချန်အန်းမင်းသားအိမ်တော်ကို ပြန်ပို့ဖို့ ဆက်ခံသူက ကျွန်တော်တို့ကို အမိန့်ပေးထားပါတယ်"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now