Part 1

11.5K 1K 54
                                    

Unicode

ကျုံးဝမ် နှာချေလိုက်သည်။

"ဆောင်းဦးရောက်နေပြီ။ သခင်လေးကျုံး အအေးမိနေတာလား" ပင်မဆောင်အတွင်းတွင် ဒေသဆိုင်ရာတရားသူကြီးက ပြောသည်။ "နေ့တိုင်းပဲ၊ သခင်လေးကျုံးက ဒီအိမ်တော် အတွင်းအပြင် အလုပ်တွေကို အရမ်းကြိုးစားလုပ်နေတာ။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ပါဦး၊ ကိုယ့်ကိုယ်ကို လျစ်လျူမရှုပါနဲ့။ ဒီလို ကောက်ပဲသီးနှံငါးမျိုးကိုပဲ စားနေရတဲ့ လူတွေမှာ မဖျားနာဘူးဆိုတာ ဘယ်မှာရှိလဲ။ သခင်လေးကျုံး ဒီရောက်ရောက်ချင်း အချိန်ကိုတောင် သတိရမိတယ်။ သခင်လေးကျုံးက ဒီမှာ နေသားမကျဖြစ်ပြီး တစ်နှစ်တောင် ဖျားနေခဲ့တာ။ အခုဆို ဆောင်းဦးလယ်ရောက်ပြီး ဟန်လု ကလည်း နီးနေပြီ..."

(T/N - လူတွေက သေမျိုးဖြစ်တဲ့အတွက် အစားကို မဖြစ်မနေစားနေရပြီး ဖျားနာတာတွေလဲ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ရှေးက အရှေ့အာရှမှာ နေကိုကြည့်ပြီး တစ်နှစ်ကို ၂၄ပိုင်း ပိုင်းခြားထားတဲ့အထဲမှာ ဟန်လုက ဆယ့်ခုနစ်ခုမြောက်ပါ)

ကျန်းမာရေးကို ဂရုစိုက်ဖို့ချည်း ပြောနေသော ဒေသဆိုင်ရာတရားသူကြီး၏ ရှည်လျားလှသည့် စကားများကြောင့် ကျုံးဝမ်၏ အတွေးအာရုံတို့မှာ လွင့်ပြယ်ကုန်ရတော့သည်။ သို့သော် သူ၏ အမူအရာကတော့ ကြည်ကြည်သာသာဖြင့်သာ ခေါင်းကို ထပ်တလဲလဲ ညိတ်နေမိသည်။ ဆယ့်ငါးမိနစ်ခန့်ကျော်လွန်ပြီးနောက်မှာတော့ ဒေသဆိုင်ရာတရားသူကြီး ပြောချင်သည့် အကြောင်းအရာတို့ ပြည့်စုံခဲ့လေပြီ။

"ဒီအညတရအမှုထမ်းက ဒီရာထူးမှာ အချိန်အတော်ကြာ ထမ်းဆောင်ခဲ့ပြီးတာတောင် မြို့တော်ကို မဝင်ရသေးဘူး။ ဒါပေမဲ့ ဒီအညတရအမှုထမ်းက မင်းသားငယ်ယွီရဲ့ ရည်မွန်တဲ့ အမူအကျင့်တွေကို ကြားဖူးလို့ မင်းသားကို အလွန်လေးစားမိပါတယ်။ တစ်နေ့မှာတော့ မြို့တော်ကိုသွားပြီး မင်းသားကို တွေ့ဆုံဂါရဝပြုခွင့်ရမယ်လို့ မျှော်လင့်မိပါတယ်။ ဒီလိုမှပဲ ဒီအညတရအမှုထမ်းက စိတ်မချမ်းမသာ မဖြစ်ရမှာပါ" ဒေသဆိုင်ရာတရားသူကြီးက ကျုံးဝမ်ကို ဂရုတစိုက်ဖြင့် ပြုံးပြလိုက်သည်။ "အဲဒီအချိန်တုန်းက ပြောကြတာကတော့ စီရင်စုနယ်တရားသူကြီးက သခင်လေးကျုံးရဲ့ အမှတ်တရပစ္စည်းကြောင့် မင်းသားငယ်ယွီကို တွေ့ဆုံခွင့် ရခဲ့တယ်တဲ့..."

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now