Part 66

2.2K 518 52
                                    

Unicode

ဤအကြောင်းကိုတွေးလျက် ယွီရှီသည် ဒေါသထွက်ကာ သွားများပင် ယားလာခဲ့သည်။ ချုံအန်းမင်းကြီးကို နှုတ်ဆက်ရန် သူ စိတ်ထိန်းထားခဲ့ရသည်။ ချုံအန်းမင်းကြီးက ဤသည်ကို မျှော်လင့်ထားဟန်ဖြင့် အထက်တန်းအဆင့် ဝန်ကြီးနှစ်ဦးနှင့် တော်ဝင်မိသားစုဝင် တချို့ကို စောစီးစွာ ခေါ်ထားခဲ့လေသည်။

ယွီရှီသည် ခါတိုင်းကဲ့လို အေးစက်စက်နိုင်သော အပြုအမူမျိုးဖြင့် မတုံ့ပြန်ခဲ့ပေ။ သူသည် ချုံအန်းမင်းကြီးကို လေးလေးစားစားဖြင့် ဒူးထောက်လျက် တည်ကြည်စွာ အရိုအသေအပေးခဲ့သည်။ ချုံအန်းမင်းကြီးသည် ယွီရှီကို စမ်းသပ်ရန် ရည်ရွယ်ထားသောကြောင့် သူ့ကို မထစေဘဲရှိသည်။ အခြားလူများရှေ့တွင် မင်းကြီးသည် ယွီရှီအား အေးစက်သော ကျေက်ကြမ်းပြင်တွင် အချိန်ကြာမြင့်စွာ ဒူးထောက်ထားစေသည်။ ယခုအထက်တန်းအဆင့် ဝန်ကြီးတို့နှင့် နိုင်ငံရေးဆွေးနွေးချက်များ နားထောင်ရသည်မှာ မည်သို့ရှိကြောင်းကို ဦးစွာမေးခဲ့သည်။ ထို့နောက် ယွီရှီကို ကောင်းကောင်းဆူပူခဲ့လေသည်။ ဖခင်တစ်ယောက်၏ အာဏာကိုပြပြီးနောက် လေသံကိုနူးညံ့စေလိုက်ပြီး ယွီရှီအား ယခုတလော ပင်ပန်းသလားနှင့် အခက်အခဲများရှိသလားဟု မေးခဲ့သည်။ အကယ်၍ ဤသည်မှာ ယခင်က ဖြစ်ခဲ့မူ ယွီရှီသည် မတ်တပ်ထရပ်ကာ ထွက်လာခဲ့မည် ဖြစ်သော်ငြား ယခုတစ်ကြိမ်တွင်မူ ထိုသို့ မလုပ်ခဲ့။

ယွီရှီ၏မျက်နှာသည် လေးစားမှုရှိသည်ဟု မှတ်ယူ၍မရသော်လည်း သူသည် ရိုကျိုးစွာ ဒူးထောက်နေဆဲပင်။ သူက ချုံအန်းမင်းကြီး၏ အကျိုးမရှိသော မေးခွန်းတို့ကို ဝတ်ကျေတန်းကျေ မဟုတ်ဘဲ တစ်ခုပြီးတစ်ခု ဖြေကြားခဲ့လေသည်။ ဤအခြင်းအရာသည် စောင့်ကြည့်နေကြသော အခြားသူများကို အံ့ဩသွားစေသည်။ ယွီရှီ၏အကျင့်စရိုက်တို့သည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

အစမှအဆုံးထိတိုင် ချုံအန်းမင်းကြီးသည် ယွီရှီကို ထခွင့်မပြုခဲ့။ နောက်ဆုံးတွင် ဆက်မချုပ်တီးထားနိုင်တော့သော အိုမင်းနေသည့် တော်ဝင်မိသားစုဝင်တစ်ယောက်သည် မိသားစုအတင်းအဖျင်းတို့ကို နောက်ပြောင်လိုသည့်ဟန်ဖြင့် စပြောလေတော့သည်။ သူက ကျုံးဝမ်အကြောင်းကို ပြောခဲ့ခြင်းဖြစ်သည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now