Part 17

2.9K 666 39
                                    

Unicode

မင်းကြီး၏မွေးနေ့နီးကပ်လာသည်နှင့်အမျှ တတိယမင်းသားရွှမ်ကျင်း၏ ကျန်းမာရေးသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးဝါးလာခဲ့သည်။

ယွီရွှေလရောက်လျှင် ရှေးထုံးများအရ တော်ဝင်မျိုးနွယ်ဝင်များသည် ပိုးသားနီကိုယူဆောင်၍ နန်းတွင်းသို့ဝင်ကာ ချုံအန်းမင်းကြီးနှင့်အတူ စားသောက်ပွဲကြီးတွင် ပါဝင်ဆင်နွှဲရမည်။ သို့ရာတွင် ယမန်နေ့ညကပင် တတိယမင်းသားရွှမ်ကျင်းထံတွင် မကောင်းသောတစ်စုံတစ်ရာဖြစ်ခဲ့သည်။

(T/N - ယွီရွှေလ - နေနှစ်၏ဒုတိယမြောက်လ၊ ဖေဖော်ဝါရီဆယ့်ကိုးမှ မတ်လငါးရက်အတွင်း)

"မင်းကြီးရဲ့စကားတွေအရဆို သူက တတိယမင်းသားကိုသတိရလို့ ဒီမနက်ကပဲ နန်းတော်ကထွက်ပြီး သွားလည်တယ်တဲ့။ ထမင်းတူတူစားပြီးတော့ မင်းကြီးက တခြားတော်ဝင်မျိုးနွယ်တွေနဲ့ စားသောက်တည်ခင်းဖို့ ပြန်သွားတယ်။ ကြင်ရာတော်ရှန်က အဲ့လိုဆို တတိယမင်းသားကို တော်တော်မျက်နှာပန်းလှစေပြီလို့ထင်နေတာ။ မင်းကြီးကသာ သွားတွေ့လိုက်ရင် တတိယမင်းသားက နေပြန်ကောင်းလာမှာ အသေအချာပဲလို့ သူတွေးနေတာ။ မနေ့ကပဲ တတိယမင်းသားအိမ်တော်ကို အလှဆင်ဖို့ အစေခံတွေကို စေခိုင်းခဲ့သေးတယ်" အိမ်တော်ထိန်းဖန်က ယွီရှီ၏အဝတ်အစားများကို ကူညီဝတ်ဆင်ပေးရင်း ပြောသည်။ "တတိယမင်းသားက နေမကောင်းလွန်းလို့ ခပ်ယဲ့ယဲ့ပဲကျန်တော့တယ်။ ကြင်ရာတော်ရှန်ထင်တာက ဒီလိုပုံမျိုးက မင်းကြီးကို ရိုင်းပျသလိုဖြစ်နေတယ်လို့ပေါ့။ အာလား... တတိယမင်းသားဆီကို မင်းကြီးမသွားခင်နေ့မှာ မင်းသားဆီသွားပြီးတော့ ဆေးစွပ်ပြုတ်တချို့ တိုက်သေးတယ်။ လူတွေကိုလည်း တတိယမင်းသားကို ရေချိုးပေးခိုင်းပြီးတော့ ခေါင်းလည်းဖြီးခိုင်းသေးတာ။ တကယ်ဆိုရင် ကိစ္စကြီးကြီးမားမားမဟုတ်တာကို..."

အိမ်တော်ထိန်းဖန်သည် ခါးတွင်ချိတ်ရန် ကျောက်စိမ်းဆွဲပြားလေးကိုယူကာ ယွီရှီကို ပေးလိုက်သည်။ "တတိယမင်းသားက သူ သက်တောင့်သက်သာရှိတယ်လို့ပြောပြီး ရေထဲမှာဆက်စိမ်နေချင်သေးတာ။ ဒါပေမဲ့ ဘယ်သူက ထင်ထားမှာလဲ... အစေခံတွေက လိုတဲ့ပစ္စည်းတွေယူဖို့ အပြင်ထွက်သွားတာနဲ့ တတိယမင်းသားက မမျှော်လင့်ဘဲ အပူကြောင့် သတိလစ်သွားပြီးတော့ ရေစည်ပိုင်းထဲကို လျှောကျသွားတာ။ သူက ရွှေကွပ်ထားတဲ့၊ လူ့အရပ်တစ်ဝက်လောက်ရှိတဲ့ စည်ပိုင်းကိုမှီထိုင်နေတာ။ အဲ့တော့ စည်ပိုင်းအောက်ခြေရောက်အောင် ချက်ချင်းလျှောကျမသွားဘူးလား"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now