Extra 1

3.4K 447 21
                                    

Unicode

ယွီရှီ၏အပန်းဖြေအိမ်တော်တွင် တောင်ပန်းများက ဝေဝေဆာဆာ ပွင့်လန်းနေကြသည်။

နားနေဆောင်ထဲတွင် ရွှမ်စုန်ရှင်းအား သင်ပေးရသော အထိန်းတော်က စိတ်ရှည်ရှည်ဖြင့် မေးလေသည်။ "သခင်မလေး ဘာထိုးနေတာပါလဲ"

ရွှမ်စုန်ရှင်းက သူ့လက်ထဲရှိ ပိုးပဝါကို အဆင်ချောအောင် ခါလိုက်ပြီး ပြန်ဖြေသည်။ "မီးလျှံငှက်"

အထိန်းတော်ကြီးသည် ခေတ္တတိတ်ဆိတ်သွားသည်။ သူက အတင်းခေါင်းညိတ်ပြလိုက်ရသည်။ "ဟုတ်ပါတယ်၊ အစကတော့ ကျွန်တော်မျိုးမ မသိခဲ့ပေမဲ့ အမြှီးအတောင်တွေကို ကြည့်လိုက်တော့ နားလည်သွားပါပြီ။ ဒါ မီးလျှံငှက်ပါပဲ"

"ဒါတွေက အမြှီးအတောင်တွေ မဟုတ်ဘူး" ရွှမ်စုန်ရှင်းက ဒေါသကိုထိန်းရင်းပြောသည်။ "ဒါက ငှက်ခေါင်း"

ဘာလုပ်လို့ဘာကိုင်ရမယ်မသိဖြစ်ကာ အထိန်းတော်ကြီးက ပြန်ဖြေသည်။ "အဲလိုပါလား။ ဒါပေမဲ့ သခင်မလေး၊ ဒီအပိုင်းကို မှားပြီးတော့ ထိုးထားပါတယ်။ သခင်မလေး..."

"ဒီကနေစပြီးတော့ ထိုးခဲ့သင့်တာ" ရွှမ်ယွီသည် သူ၏စာအုပ်များထဲမှ တစ်အုပ်ကို အထက်အောက်ပြောင်းပြန် ကိုင်ထားသည်။ ဤစကားကိုကြားသော် သူက ခေါင်းထောင်လာပြီး ဝင်ပြောလေသည်။ "အစ်မတော်၊ အထိန်းတော်က အစ်မတော်ကို သင်ပေးနေတာ ကြာလှပြီ။ ကျွန်တော်တောင် မှတ်မိသွားပြီ။ အစ်မတော်ရဲ့ ချုပ်ရိုးတွေက မှားနေတယ်။ အစကတည်းက မှားနေတာ။ ဒီမှာကြည့်..."

"ငါသင်နေတာလား၊ နင်သင်နေတာလား" ရွှမ်စုန်ရှင်းက ရွှမ်ယွီကို ကြည့်လိုက်သည်။ သူက ဒေါသထွက်နေပုံ မပေါက်သော်လည်း ကြောက်ဖွယ်ကောင်းနေဆဲပင်။ "ကိုယ့်စာအုပ်ကိုယ်မဖတ်ဘဲ ဘာလို့ ငါချည်ထိုးတာကို လာကြည့်နေတာလဲ။ စာမေးပွဲမှာ ချည်ထိုးနည်းပါလို့လား"

ရွှမ်ယွီက ကိုယ်ကိုကျုံ့လိုက်ပြီး ရေရွတ်လေသည်။ "မပါပါဘူး"

"စာမေးပွဲမှာမပါဘူးဆို ဘာတွေလာကြည့်နေတာလဲ" ရွှမ်စုန်ရှင်းသည် မနက်ကတည်းက ဂနာမငြိမ်နိုင်ဖြစ်နေသည်။ သူ့ဒေါသများကို ပုံချရန် တစ်ခုခုကို သူရှာနေခဲ့သည်။ "နင်က မငယ်တော့ပေမဲ့ စာမှာရော၊ ကိုယ်ခံပညာမှာပါ မကျွမ်းကျင်ဘူး။ ခမည်းတော်ရဲ့ ရာထူးကလည်း မရှိတော့ဘူး။ ငါတို့အိမ်တော်က အစ်ကိုတော်ရဲ့ ရူးမိုက်တဲ့လုပ်ရပ်တွေကြောင့် ဒီအခြေအနေ ရောက်သွားပြီ။ ကျုံးဝမ်ရဲ့ကာကွယ်ပေးမှုကြောင့်သာ မဟုတ်ရင် ငါတို့နှစ်ယောက် ချန်အန်းမှာပဲ ဖွဲနုတွေစားနေရမှာ။ ဒီလောက်နှစ်တွေကြာအောင် လူတိုင်းက ငါတို့အိမ်တော်ကို ပြက်ရယ်ပြုစရာလိုပဲ သဘောထားနေကြတာ။ နင် နည်းနည်းပါးပါးလောက် အသုံးကျပေးလို့မရဘူးလား"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now