Part 14

2.8K 656 56
                                    


Unicode

နောက်တစ်နေ့တွင် ကျုံးဝမ်သည် ယွီရှီနှင့်အတူ အိမ်တော်အပြင်သို့ ထွက်ခဲ့သည်။

ယွီရှီသည် မြင်းလှည်းထဲမှနေ၍ အပြင်ဘက်သို့ မျှော်ကြည့်ရန် လိုက်ကာကို ဆွဲမလိုက်သည်။ ထို့နောက် ကျုံးဝမ်ကို တစ်ချက်ပြန်ကြည့်သည်။ သူ့မျက်ဝန်းထဲတွင် မရေရာမှုများဖြင့် ပြည့်နှက်နေသည်။

ကျုံးဝမ်သည် ယွီရှီကို ကြည့်ကာ သံသယဖြစ်နေသည်။ "ဘာလဲ။ မင်းက နောင်တရနေတာလား။ မင်း... ဒီစေ့စပ်ပွဲကို မဖျက်ချင်တော့ဘူးလား"

ယွီရှီက ခေါင်းခါသည်။ "ငါ စေ့စပ်ပွဲဖျက်မှာကို နောင်တမရပါဘူး"

ယွီရှီသည် ကျုံးဝမ်ကို ငေးကြည့်နေသည်။ သူပြောချင်နေသည့်စကားကို မည်သို့မည်ပုံထုတ်ပြောရမည်ကို မသိဟန်တူသည်။ "ဒါပေမဲ့ မင်းကို ငါနဲ့ခေါ်လာတာကိုတော့ ရုတ်တရက်ကြီး နောင်တရလာမိတယ်"

ဤကိစ္စသည် အမှန်တကယ်တွင် မင်းသမီးကြီးကို အကျိုးသင့်အကြောင်းသင့် ပြောလိုက်ရုံမျှဖြင့် လွယ်လွယ်ဖြေရှင်းနိုင်သည်။ သူသည် အဘယ်ကြောင့် သူ့ရှေ့ရှိဤလူအားခေါ်ကာ ပြဿနာရှာခိုင်းရန် လိုသနည်း။

ကျုံးဝမ်သည် ရယ်ချင်စိတ်ကို ထိန်းထားနေရသည်။ "ငါ မင်းကိုပြောပါတယ်။ ငါ မင်းကိုမျက်နှာမပျက်စေရပါဘူးဆို။ မင်းအနေနဲ့ ပိုက်ဆံနည်းနည်းပဲကုန်မှာ။ ဒါပေမဲ့လည်း မင်းမှ ပိုက်ဆံကုန်မှာကို ဂရုမစိုက်တာ။ ဒါနဲ့များ ဘာကိုစိုးရိမ်နေသေးလဲ"

"ငါက မျက်နှာပျက်မှာကို စိုးရိမ်နေတာမဟုတ်ဘူး။ ငါက ဒီအတိုင်း..." ယွီရှီက တွန့်ဆုတ်နေသည်။ သူက ကျုံးဝမ်ကို ညှိနှိုင်းကြည့်သည်။ "ငါ တကယ်အဲ့လိုပြောရမှာလား"

ကျုံးဝမ်က ခေါင်းညိတ်သည်။ "ဒါပေါ့။ မင်း စာသားတစ်ကြောင်းတောင် မမှတ်မိဘူးလို့တော့ ငါ့ကိုမပြောနဲ့။ တစ်ကြောင်းပဲရှိတာ။ ငါ မင်းကိုအချက်ပြတာနဲ့ မင်းပြောလိုက်ရင်ရပြီ။ မှတ်မိလား"

ယွီရှီသည် အံကိုစုံကြိတ်လျက် ခေါင်းညိတ်ပြသည်။

မြင်းလှည်းသည် ချီကျန်းဆိုင်ကြီးရှေ့တွင် ရပ်သွားသည်။ သူတို့နှစ်ဦးသည် မြင်းလှည်းပေါ်မှ ဆင်းလိုက်ကြသည်။

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now