Part 31

2.6K 597 63
                                    

Unicode

မင်းသားယွီ ယွီမုချန်တစ်ယောက် အနွေးခန်းထဲသို့ ဝင်လာခဲ့သည်။ ခုတင်ပေါ်တွင် လှဲနေသော ရွှမ်ချုံကို ဖျတ်ခနဲကြည့်လိုက်ကာ လိုက်ကာစကိုချပြီး အခန်းပြင်သို့ပြန်ထွက်လာခဲ့သည်။

အပြင်ဘက်အခန်းတွင် ကိုယ်လုပ်တော်ယွီမှာ မျက်နှာချေတို့ လိမ်းလူးထားခြင်းမရှိဘဲ နီရဲရဲမျက်လုံးများဖြင့် ယွီမုချန်ဝင်လာသည်ကို ကြည့်နေသည်။ မျက်ရည်များဖြင့် ရွှန်းစိုနေသော မျက်ဝန်းတို့မှ မျက်ရည်များမှာ စီးကျလာခြင်းတော့ မရှိသေးချေ။ "အစ်ကိုကြီး..."

"တိုးတိုးပြောပါ။ ပဉ္စမမင်းသား အိပ်နေတယ်" ယွီမုချန် ထိုင်လိုက်သည်။ "သူ့အခြေအနေနဲ့ ပတ်သတ်ပြီး တော်ဝင်သမားတော်ကို မေးကြည့်ပြီးပြီ။ ကောင်းသွားမှာပါလို့ ပြောတယ်။ ဒီလိုမှတော့ သူနိုးလာတာနဲ့ တတိယမင်းသားဆီကို သူ့နဲ့အတူ သွားလိုက်ပါ..."

"မသွားဘူး" ကိုယ်လုပ်တော်ယွီ၏အသံမှာ ဒေါသလွှမ်းကာ ကျယ်လောင်နေသည်။ "ဘာလို့သွားရမှာလဲ။ ယွီရှီနဲ့တွေ့ရင် ကျွန်မက သူ့ကို မမြင်ချင်ယောင်ဆောင်နေရမှာလား။ ချုံအာကို ရေကန်ထဲတွန်းချတာ သူမဟုတ်သလို ဟန်ဆောင်ရမှာလား"

ယွီမုချန်က မျက်မှောင်ကြုတ်မိသည်။ "ဒီကိစ္စကို သေချာဖြေရှင်းပြီးသွားပြီ မဟုတ်ဘူးလား။ သူတို့နှစ်ယောက် ရေကန်ဘောင်မှာ ရပ်နေတုန်း ပဉ္စမမင်းသားက သူ့ဘာသူချော်ကျသွားတာဆိုတာ..."

ဒေါသပေါက်ကွဲလျက် ကိုယ်လုပ်တော်ယွီက ပြောသည်။ "အခု အစ်ကိုကြီးက မင်းကြီးရဲ့အလိမ်အညာတွေနဲ့ ကျွန်မကို အချိုသပ်ချင်နေတာလား။ အစ်ကိုကြီးကိုယ်တိုင်ကြားတာပဲ။ ယွီရှီလည်း ဝန်ခံထားတယ်။ ချုံအာကို ရေထဲတွန်းချတာ သူဆိုတာကို..."

"အဲ့တော့ ဘာဖြစ်လဲ" ယွီမုချန်၏အသံမှာ ယခင်ကအတိုင်း တိုးတိုးနှင့်အေးဆေးလှသည်။ "တကယ်လို့ ကိုယ်လုပ်တော်က လက်မခံနိုင်ရင် မင်းကြီးရှေ့မှာ နောက်တစ်ခေါက် ပြဿနာရှာဦးမလို့လား။ ယွီရှီကို ပဉ္စမမင်းသားရဲ့ ယုတ်ညံ့လွန်းလှတဲ့စကားတွေ နောက်တစ်ခါ ထပ်ပြောခိုင်းဦးမလို့လား"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now