Part 13

2.9K 637 46
                                    


Unicode

သူ့အားငယ်စဉ်ကပင် စောင့်ရှောက်ခဲ့သော အိမ်တော်ထိန်းဖန်သည် သူ့အားကြည့်နေသည်...

ဆယ်ယောက်ကျော်သော အစေခံများသည် သူ့အားကြည့်နေကြသည်...

ကောင်းကင်ဘုံမှနေ၍ အဆက်ဆက်သော ယွီမိသားစုဝင်ဘိုးဘွားများသည် သူ့အားကြည့်နေကြသည်...

ယွီရှီသည် အံကြိတ်ကာ သူ့တူကိုချလိုက်သည်။ သူ့ရှေ့ရှိ ဆတ်သားနှပ်ပန်းကန်ကို မယူလိုက်ပြီး ကျုံးဝမ်ရှေ့သို့ ချပေးလိုက်သည်။

ယွီရှီ၏နားရွက်များသည် အနည်းငယ်နီနေသည်။ သူသည် စကားထုတ်ပြောရန် အားယူလိုက်ရသည်။ "မင်းစားချင်တယ်ဆိုရင် ကိုယ်ဘာသာကိုယ်ယူစား..."

သူ့ရှေ့ရှိ ဟင်းခွက်ကိုကြည့်လျက် ကျုံးဝမ်သည် စိတ်ပျက်စွာပင် သက်ပြင်းချလိုက်သည်။ ယွီရှီ သူ့အားမနှစ်မြို့လာအောင်လုပ်ရန် သူကျရှုံးခဲ့သည်။

အသားဟင်းများသည် သူ့အကြိုက်မဟုတ်ပေ။ ကျုံးဝမ်သည် တကယ်တမ်းတွင် ဆတ်သားနှပ်ကို မစားချင်လှပေ။ မည်မျှပင် ကောင်းအောင်ချက်ထားသည်ဖြစ်စေ ညှီစို့စို့အနံ့ရမြဲဖြစ်သည်။ သူခုနကပြောလိုက်သည်မှာလည်း စားချင်၍မဟုတ်ဘဲ ထိုဟင်းခွက်သည် ယွီရှီနှင့်အနီးဆုံးတွင် ရှိနေ၍သာဖြစ်သည်။

အိမ်တော်ထိန်းဖန်သည် ယခုမှပင် စိတ်သက်သာရာရတော့သည်။ ထိုကဝေကောင်လေးသည် ယွီရှီကို မပြုစားရသေး၍သာ တော်သေးသည်။

ယွီရှီသည် ကျုံးဝမ်ထံမှ အကြည့်တစ်ချက်ပင် မလွှဲခဲ့ပေ။ ကျုံးဝမ်၏ပုံမှာ စိတ်ဓာတ်ကျနေသည့်ပုံပေါက်နေ၍ သူအနေနှင့် တစ်ဖက်သူကို မျက်နှာပျက်သွားစေသလားဟုပင် တွေးနေမိသည်။ သူသည် အချိန်အနည်းငယ်စဉ်းစားနေပြီးနောက်တွင် အမိန့်ပေးလိုက်သည်။ "မနက်ဖြန်ကစပြီးတော့..."

အိမ်တော်ထိန်းဖန်သည် နိုးကြားစွာပင် ခေါင်းမော့လာသည်။

ယွီရှီသည် ကျုံးဝမ်ကို ကြည့်လိုက်သည်။ "ဟင်းအတွက် တစ်နေ့သုံးကြိမ် အသားနှပ်ပဲပြင်လိုက်"

ကျုံးဝမ်၏နှုတ်ဖျားမှ ခြောက်ကပ်ကပ်ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ "မလိုဘူး၊ ငါ မ..."

ထိုနှစ်များမှာ မြတ်နိုးဖွေရှာDonde viven las historias. Descúbrelo ahora