Part 43

2.6K 559 32
                                    

Unicode

ရွှမ်စုန်ရှင်းတစ်ယောက် တွေးနေမိသည်။ မြို့တော်က ဩဇာလွှမ်းမိုးတဲ့လူတိုင်းက သူတော်ကောင်းပုံပေါက်ပေမဲ့ သူတို့စိတ်ကတော့ ဆန့်ကျင်ဘက်ပဲ။ နောက်ကွယ်မှာဆို သူတို့က ညစ်ညမ်းတဲ့ကိစ္စတွေကို လုပ်ကြတယ်။ သူက ကျုံးဝမ်ကို ဆွဲဆောင်ရန်လည်းမမေ့။ "မြို့တော်က တိုးတက်ပေမဲ့ ဒီကလူတွေကတော့ ဘယ်လိုကြီးလဲ။ ကျုံးဝမ် ကွားဖူကိုလက်ထပ်ပြီးသွားရင် ချန်အန်းကိုပဲ ပြန်တော့။ ဒါမှ သူတို့ရဲ့မကောင်းတဲ့ အကျင့်တွေကူးပြီး သူများတွေနဲ့ ရန်မဖြစ်မှာ"

သူ ရုတ်တရက် သတိရသွားသည်။ "သူတို့လုပ်တာတွေကြည့်ပြီး အတုမယူနဲ့။ ကျုံးဝမ်က ကွားဖူနဲ့ရန်ဖြစ်ရင် သူ့ကိုဘယ်နိုင်ပါ့မလဲ"

ကျုံးဝမ်မှာ ရယ်ရမလား၊ ငိုရမလားပင်မသိတော့။ "အရင်ဆုံး ကျွန်တော့်အကြောင်းကို မပြောနဲ့ဦး။ ဒီကိစ္စက ကောလာဟလသက်သက်ပဲ။ သူက ဒီလိုလူမျိုးမဟုတ်ဘူး..."

ရွှမ်စုန်ရှင်းက စိတ်ရှုပ်ထွေးလျက် သူ့ဘက်လှည့်လာသည်။ "အခုကို ကျုံးဝမ်က မင်းသားငယ်ယွီအတွက် ဖြေရှင်းချက်တွေ ပေးပေးနေတာ။ သူ့ကိုသိလို့လား"

သူပြုံးလိုက်မိသည်။ "သိတာပေါ့"

ရွှမ်စုန်ရှင်းက တွေးနေသည်။ ထို့နောက် သူနားလည်သွားခဲ့သည်။ "ကျုံးဝမ်ငယ်ငယ်တုန်းက သူ့ကိုသိခဲ့တာမဟုတ်လား။ အရင်က စကားပြောဖူးလား။ သူ့ကိုကောင်းကောင်းသိလား"

ကျုံးဝမ်က ခေါင်းငုံ့ကာ သူ့ဘယ်ဘက်လက်ကို ကြည့်နေသည်။ ထိုအချိန်အတွင်းတွင် သူနောင်တရမိသည်။

ရွှမ်စုန်ရှင်းနှင့်သာ ရှိမနေလျှင် သူမတော်တဆ အမှန်ကိုပြောမိနိုင်သည်။

သူနှင့်ယွီရှီမှာ ဒီအတိုင်းသိရုံတင်မက။

"ကျွန်တော်တို့က အရမ်းမရင်းနှီးပါဘူး။ သူကမင်းကြီးနဲ့ မင်းသမီးကြီးအန်းကောတို့ရဲ့ မျက်ရှုလေးပဲကို။ ကျွန်တော်တို့လို လူတွေက သူအနားကိုမကပ်ဝံ့ပါဘူး" သူ့မျက်နှာမှာပြုံးလာသည်။ "တော်ကြပါစို့။ အနားယူပါတော့။ ကျွန်တော့်မှာ လုပ်စရာအလုပ်တွေ ရှိသေးတယ်"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာDove le storie prendono vita. Scoprilo ora