Part 78

2.4K 551 66
                                    

Unicode

လင်စစ်သည် ရယ်ချင်စိတ်ကို အောင့်ထားရသည်။ သူ ပြောလိုသော စကားများကို ပြောပြီးလေပြီ။ သူ့အကြားအာရုံကောင်းကြောင်း သက်သေပြပြီးပြီဖြစ်၍ လက်ဟန်ပြခြင်းကို ရပ်လိုက်တော့သည်။

ကျုံးဝမ်က ဘာမှမခံစားရလေဟန်ဖြင့် မေးလိုက်သည်။ "မင်း ငါ့ကို ဘာပြောမလို့လဲ"

လင်စစ်သည် မျက်နှာထက်ရှိ အူမြူးမှုတို့ကို ကွယ်ပျောက်စေလိုက်ပြီး တည်တည်ကြည်ကြည်ဖြင့် လက်ဟန်ပြသည်။ "သခင်လေး၊ လွန်ခဲ့တဲ့ရက်က တော်ဝင်မျိုးနွယ်ဝင်တွေက ရွှမ်ရွေ့ကို ချန်အန်း ပြန်ပို့ဖို့အတွက် ရက်ရွေးချင်နေကြပါတယ်"

ရွှမ်ရွေ့၏ပြဿနာမှာ အားလုံးနီးပါး ဖြေရှင်းပြီးဖြစ်သည်။ ချုံအန်းမင်းကြီးသည် သူ့ကိုတော်ဝင်ရာထူးမှသာ လျှော့ချခဲ့သည်။ အိမ်တော်နှင့် ချန်အန်းမှ မြေတို့ကို ပြန်မသိမ်းခဲ့။ ယခုကဲ့သို့ ကိစ္စများ အခြေတကျဖြစ်ချိန်တွင် ရွှမ်ရွေ့အား ချန်အန်းသို့ ပြန်ပို့ရန်မှာ အမှန်တကယ် အချိန်ကျရောက်လာလေပြီ။

ကျုံးဝမ်ကမေးသည်။ "ဘာမှားနေလို့လဲ"

လင်စစ်ကလက်ဟန်ပြသည်။ "အမတ်မင်းများအဖွဲ့ကို မတောင်းဆိုခင်ကတည်းက မင်းသားယွီက ဒီကိစ္စကို ဖျက်ပစ်ဖို့ လူတစ်ယောက်ကို အမိန့်ပေးပြီးသား"

ကျုံးဝမ်က မျက်မှောင်ကြုတ်လိုက်သည်။ "မင်းသားယွီက ဘယ်တုန်းက ရွှမ်ရွေ့ကို စပြီးဂရုစိုက်သွားတာလဲ"

လင်စစ်က လက်ဟန်ပြသည်။ "ဒါ ထူးဆန်းနေတာပါ။ လွန်ခဲ့တဲ့ရက်တွေက ကျွန်တော် သခင်လေးနဲ့ သခင်မလေးနားမှာပဲ ရှိနေခဲ့တာ။ သခင်မလေးက သခင်လေးစကား နားထောင်ပြီးတော့ ကိစ္စတစ်ခုခုရှိတာနဲ့ ကျွန်တော်နဲ့တိုင်ပင်တယ်။ တော်ဝင်မျိုးနွယ်ဝင် တစ်ယောက်ယောက်က အိမ်တော်ကို အလည်အပတ် လာလို့ဖြစ်ဖြစ်၊ စာတွေ အပြန်အလှန်ပေးပို့ရင်ဖြစ်ဖြစ် သခင်မလေးက ကျွန်တော့်ကို ဘယ်တော့မှ အဝေးမသွားခိုင်းပါဘူး။ သူတို့ ဟိုရက်က ပြောခဲ့တဲ့ စကားတွေအရတော့ ရွှမ်ရွေ့ကို သေချာပေါက် မြန်နိုင်သမျှ မြန်မြန် ပြန်ပို့ချင်နေတာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ရက်ကမှ သူတို့ စိတ်ပြောင်းသွားကြတယ်။ နန်ကျန်းက အရမ်းဝေးလို့ ကောင်းကောင်းပြင်ဆင်လို့ မပြီးသေးဘူးလို့ ပြောပါတယ်"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now