Part 82

2.2K 504 21
                                    

Unicode

ယွီရှီသည် ခေါင်းလှည့်လျက် အပြင်ဘက်မှလူကို တိုးတိုးမေးလိုက်သည်။ "သူ ဘာလို့ဒီရောက်နေတာလဲ"

မြင်းလှည်းအပြင်မှ လိုက်လာသော အိမ်တော်စစ်သည်က အသံကိုနှိမ့်လျက် ပြောလိုက်သည်။ "သခင်လေးကျုံးမှာ ဒီနေ့အဖျားမရှိပါဘူး။ ဆက်ခံသူအတွက် ကိစ္စဝိစ္စတွေ အိမ်တော်မှာ လုပ်ပြီးတော့ သခင်လေးက ပျင်းလာတာနဲ့ ဆက်ခံသူကို သွားကြိုမယ်လို့ ပြောပါတယ်"

ယွီရှီ ခပ်တိုးတိုး ပြောလိုက်မိသည်။ "အဓိပ္ပာယ်မရှိတာ"

ယွီရှီသည် ကျုံးဝမ် နိုးသွားမည်ကို စိတ်ပူနေသည်။ သူ့အသံမှာ အလွန်တိုးညင်းလှသည်။ "မင်းတို့တစ်ယောက်မှ သူ့ကို ထွက်မလာဖို့ မတားဘူးလား"

အိမ်တော်စစ်သည်ခမျာ အမှားကိုသာ ဝန်ချတောင်းပန်နိုင်သည်။ ထို့နောက် မြင်းလှည်းစထွက်သင့်၊ မထွက်သင့်ကို သူက မေးလေသည်။ ယွီရှီသည် မြင်းလှည်းထဲတွင် ထိုင်နေရင်း ဖြည်းဖြည်းခေါင်းခါသည်။ "မသွားနဲ့ဦး... သူ ခဏလောက်ပဲဖြစ်ဖြစ် ပိုအိပ်ပါစေ"

အိမ်တော်စစ်သည်သည် မြင်းလှည်းအပြင်ဘက်တွင် ရပ်စောင့်နေသည်။ ယွီရှီသည် ကျုံးဝမ်ကို ကြည့်နေရင်း မြင်းလှည်းထဲတွင် ထိုင်ကာ အတွေးများနေမိသည်။

နာရီဝက်ခန့် ရှိလုနီးပါးတွင် ကျုံးဝမ်သည် ချောင်းနှစ်ကြိမ်ဟန့်ကာ နိုးလာသည်။

ယွီရှီကို တွေ့သည်နှင့် ကျုံးဝမ်မှာ ချက်ချင်း သတိကပ်သွားတော့သည်။ "မင်း ထွက်လာပြီလား"

ယွီရှီက တည်တည်ငြိမ်ငြိမ်ဖြင့် မေးလေသည်။ "အဲ့မိန်းကလေး ဘယ်မှာလဲ"

ကျုံးဝမ်က ပြုံးသည်။ "မင်းအစား ငါ သူ့ကို ပြန်ပို့လိုက်ပြီ"

ယွီရှီတန့်သွားသည်။ "မင်းပြန်ပို့လိုက်တာလား"

"ဘာလဲ။ ဒါဆို ဆက်ခံသူက တကယ်တမ်းကျတော့ ပြန်မပို့ချင်ဘူးလား" ကျုံးဝမ်က ခပ်တိုးတိုး ရယ်လိုက်လေသည်။ "ဘာပြောပြော အရမ်းနောက်ကျသွားပြီ။ ငါ မင်းအစား မင်းကြီးကို တောင်းပန်ပြီးနေပြီ"

ကျုံးဝမ်သည် သူ့ပုခုံများကို ပွတ်သပ်နေသည်။ "အဲ့သူက နန်းပြင်ကိုတောင် မရောက်လိုက်ပါဘူး။ ငါ ဒီနေ့လည်း ကံကောင်းတယ်။ မင်းကို လာကြိုချင်လို့ ဒီလိုနည်းနည်းစောရောက်လာတာ။ ငါရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် နန်းတော်က လူတချို့ထွက်လာပြီး လူတစ်ယောက်တင်ဖို့ မင်းရဲ့မြင်းလှည်းကို အထဲမောင်းခိုင်းတာ မြင်လိုက်ရရော။ ဘာဖြစ်နေတာလဲလို့ ငါတွေးရင်းနဲ့ မေးကြည့်လိုက်တာ။ ဒီလိုနဲ့ အဲ့မိန်းမစိုးနှစ်ယောက်က ငါ့ကိုမှတ်မိသွားပြီး ငါ့အတွက် သတင်းပို့ပေးကြတယ်။ အဲ့တော့ မင်းမြင်တဲ့အတိုင်းပဲ... ငါ နန်းတော်ထဲသွားပြီး မင်းအတွက် အကုန်ဖြေရှင်းပေးလိုက်တာလေ"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာWhere stories live. Discover now