Part 72

2.1K 559 76
                                    

Unicode

ကျုံးဝမ်သည် ယွီရှီ၏ဘေးတွင် ဒူးတစ်ဖက်ထောက် လိုက်သည်။ သူ့နဖူးထက်တွင် သွေးများသည် အစဉ်မပြတ် ယိုစီးကျလျက်ရှိသည်။ သူ့မျက်ခုံးကြားမှ စီးကျလာသော သွေးတို့ကို ဂရုစိုက်ရန် သူ မအားနိုင်သေး။ အသံအက်အက်ဖြင့် သူက ဆက်မေးသည်။ "မင်း ဒါပဲ စားတာမလား။ အအေးစာမှုန့်တွေ မစားထားဘူးမလား"

ယွီရှီသည် ခေါင်းအနည်းငယ်မော့လျက် ကျုံးဝမ်ကို ကြည့်လိုက်သည်။ ယခုအချိန်တွင် သူ၏စိတ်သည် ပုံမှန်မဟုတ်ပေ။ သူ့ရှေ့ကသူ မည်သူဆိုသည်ကို သူလုံးဝမသိ။

ကျုံးဝမ်၏နှလုံးသားမှာ နာကျင်လွန်းလှ၍ အသက်ရှူရပင် ခက်လာသည်။ သူ ယွီရှီ၏ရင်ဘတ်တစ်လျှောက် စမ်းကြည့်သော်လည်း ဘာကိုမှ မတွေ့ရ။ သူကထပ်မေးသည်။ "မင်းအအေးစာမှုန့်တွေ မစားဘူးမလား"

ယွီရှီသည် သူ့ပါးစပ်ထဲရှိ လက်ဖက်ခြောက်ရွက်တို့ကို တယုတယ ဝါးနေသည်။ သူက ဖြည်းညင်းစွာ ခေါင်းခါသည်။

ကျုံးဝမ် စိတ်အေးသွားတော့သည်။ ယွီရှီက သူ့ကိုယ်သူပြောနေသည်။ "ကွေ့ယွမ်က ငါ့ကိုစားခိုင်းမှာ မဟုတ်ဘူး"

ယွီရှီ၏အင်္ကျီကော်လာကို ကိုင်ထားသော ကျုံးဝမ်၏လက်တို့ တောင့်ခဲသွားရသည်။

ကျုံးဝမ်သည် မျက်ရည်များကို အတင်းထိန်းနေရသည်။ အနည်းငယ်တစ်ဆို့နေသော အသံဖြင့် သူကမေးသည်။ "ငါ မင်းဖို့ချန်ခဲ့တဲ့စာကို မင်းမတွေ့ဘူးလား။ ငါထွက်သွားပြီလို့ မင်းထင်နေတာလား။ ငါပြန်မလာတော့ဘူး ဆိုပြီးတော့လေ"

ယွီရှီသည် သူ့မျက်ခုံးများကို တွန့်ချိုးလျက် ကျုံးဝမ်ကို ကြည့်လာသည်။ သူ့ရှေ့ကလူ ပြောနေသော စကားတို့ကို သူနားမလည်နိုင်။

"ငါ..." ကျုံးဝမ်၏မျက်နှာထက်တွင် သွေးတို့ စီးကျလာသည်။ ယွီရှီ ထိတ်လန့်သွားမည်ကိုစိုး၍ မတ်တပ်ထရပ်ကာ လက်ဖက်ရည်တစ်ခွက်ကို ကောက်ယူလိုက်သည်။ ခေါင်းကိုနောက်သို့လှန်လျက် လက်ဖက်ရည်ကို သူ့မျက်နှာပေါ်သို့ လောင်းချလိုက်သည်။ သူ့ဒဏ်ရာမှာ စပ်ဖျင်းနေသော်ငြား ကျုံးဝမ်သည် ဤနာကျင်မှုကို ဂရုမစိုက်နိုင်အား။ သူ့မျက်နှာကို သုတ်လိုက်ပြီး ယွီရှီကို တိုးတိုးပြောလိုက်သည်။ "ထ... အရင်ထလိုက်။ ငါ ထွက်မသွားဘူး"

ထိုနှစ်များမှာ မြတ်နိုးဖွေရှာDonde viven las historias. Descúbrelo ahora