Additional Heritage [Myanmar...

Av RileyXin_28

2.5M 347K 64.5K

မြန်မာဘာသာပြန် Mer

All about Edited Ver of FuJiaYiChan
Synopsis
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5.1
Chapter 5.2
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Happy LuoYi Day // 11.20
Chapter 23
Chapter 24
Chapter 25
Luo Yi
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39.1
Chapter 39.2
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48.1
Chapter 48.2
Chapter 49
Wanna talk about Additional Heritage (Before the STORY's those CLIMAX PARTs)
Chapter 50
Chapter 51
Chapter 52
Chapter 53
GOOD NEWS OR BAD NEWS? Just RileyXin_28' THINGsss
Chapter 54
Chapter 55
Chapter 56
Chapter 0.0
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Happy Wen XiaoHui Day // 6.15
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 99.2
Presento 🖤
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 105.2
Chapter 106 (Final pt.)
Chapter 107 [One and Only Extra of FuJiaYiChan]
FB Page, YT and Tele Channel
Additional Inheritance
Let's find out Luo Yi~~
Presento_Pt.2
Announcement for unpublishing main story
[Sweetheart] Extra - 1
[Sweetheart] Extra - 3
[Sweetheart] Extra - 4
[Sweetheart] Extra - 5
[Sweetheart] Extra - 6
[Sweetheart] Extra - 7
[Sweetheart] Extra - 8
[Sweetheart] Extra - 9
[Sweetheart] Extra - 10
[Sweetheart] Extra - 11
[Sweetheart] Extra - 12
[Sweetheart] Extra - 13
[Sweetheart] Extra - 14
[Sweetheart] Extra - 15
[Sweetheart] Extra - 16
[Sweetheart] Extra - 17
[Sweetheart] Extra - 18
[Sweetheart] Extra - 19
[Sweetheart] Extra - 20
[Sweetheart] Extra - 21
[Sweetheart] Extra - 22
[Sweetheart] Extra - 23
[Sweetheart] Extra - 24
[Sweetheart] Extra - 25
[Sweetheart] Extra - 26
[Sweetheart] Final pt.
ရှောင်ဟွေးလေးရဲ့ မွေးနေ့ကို ဒုတိယအကြိမ် အတူ ဖြတ်သန်းခွင့်ရတဲ့ ဒီနေ့ (6.15)
All we need is Everlasting Love <3
Birthday event for the precious one [အလှူစာရင်း]
GIVE AWAY [11/20]

[Sweetheart] Extra - 2

12.2K 1.5K 249
Av RileyXin_28


[Unicode]

[Sweetheart] Extra - 2

Chapter 109

ဆိုင်ကို လော့ယွဲ့ ပြန်ရောက်တော့ အားရန်နှင့် ဟိုင်မန့်တို့ နှစ်ယောက်သားက သူ့ကို ပြုံးပြုံးပြုံးပြုံးနှင့် ကြည့်ကြသည်။ လော့ယွဲ့ သူတို့ကို မျက်စောင်းထိုးကာ "ဘာတွေ့လို့လဲ?"

"လော်ပန်မမလေး မျက်နှာတွေနီရဲနေတာပဲ ဟားဟားဟား" အားရန်က သူ့ကို လက်ညှိုးထိုးပြီး ရယ်၏။

"နင့်ကို လစာဖြတ်ပြီ!!"... လော့ယွဲ့ သူ့မျက်နှာသူ ပွတ်သပ်ကာ "ဟေ့၊ အဲ့ ကျောင်းဝတ်စုံက xxကျောင်းကမလား"

"ဟုတ်တယ်ရယ်... အဆင်လေးက လူကုံထံဒုတိယမျိုးဆက်က မဟုတ်ရင် ရွှယ်ပါ့ပဲ"

အားရန်က ခေါင်းညိတ် ထောက်ခံ၏ "တကယ် ချောတယ်၊ အချေတစ်လိုင်းကြီးနဲ့ အေးစက်ချက်ကတော့ သေးသေးလေး ကြောက်ဖို့ကောင်း..."

လော့ယွဲ့ သက်ပြင်းချ၏ "အဲ့ကျောင်းက တို့တွေနား နီးနီးလေးတင်မလား... ထပ်လာလောက်ဦးမလားမသိဘူး"

"အိုးးးး လော်ပန်မမလေးရင်ထဲ နွေဦးပန်းတွေဝေနေပြီ"

"နင် ဒီလ တကယ် လစာတစ်ပြားမှ မရဘူးပဲ!"

လော့ယွဲ့ ငွေရှင်းကောင်တာဆီပြေးသွားပြီး ကောင်လေးရဲ့ ဘောင်ချာမှတ်တမ်းတွေကို ပြန်ရှာကြည့်သည်။ လိုက်ကြည့်ပြီးနောက် အများဆုံးဝယ်သွားတဲ့ အရသာနှစ်မျိုးကို ရှာတွေ့လိုက်ပြီး သူ mangoနှင့် cranberry based dessertတွေကြိုက်တတ်မှန်း သိလိုက်ရသည်။ သူ အဝယ်တော်လွတ်လိုက်သည့်ဝန်ထမ်းကို ဒီအသီးနှစ်မျိုး ပိုဝယ်ခဲ့ပေးဖို့ ချက်ချင်းပဲ ဖုန်းဆက်လိုက်သည်။

သူ့မုန့်တွေက အရသာရှိတယ်ဆိုပြီးများ ထိုသူ ထပ်ရောက်လာလောက်မလား...

လော့ယွဲ့ရဲ့ မျှော်လင့်ချက်တွေက မကြာခင်မှာပဲ အမှန်တကယ်ဖြစ်လာခဲ့သည်။ ရက်အနည်းငယ်အကြာမှာတော့ တူညီဝတ်စုံဝတ်ကျောင်းသားလေးများ တဖွဲဖွဲ ကျောင်းဆင်းလာကြချိန်တွင် ကောင်လေးက ပြန်ပေါ်လာသည်။

အဲ့အချိန် လော့ယွဲ့က ဝယ်သူတွေနှင့် စကားစမြည်ပြောနေ၏။ တစ်ချက်ဝေ့အကြည့်မှာ မြင်လိုက်ရသည့် ကောင်လေးက ထိုသူနှင့် ပုံစံအနေအထား ခပ်ဆင်ဆင်... အသားအရည်ကလည်း ဝင်းမွတ်လို့... မျက်နှာကို သေချာအပြည့် မမြင်ရသေးတာတောင် လော့ယွဲ့ရဲ့ ရင်ခုန်သံကြိမ်နှုန်းတို့က တဒုန်းဒုန်းတဒိုင်းဒိုင်း ဖြစ်လာ၏...

ကြည့်နေတုန်း သူ့ဘက်ကို ခေါင်း ဆက်ခနဲ လှည့်အလာမှာတော့ လော့ယွဲ့မှာ စိတ်လှုပ်ရှားပျော်ရွှင်ရစွာဖြင့် ထအော်မိတော့မတတ်!!

တကယ်ကြီး သူပဲ!!!!

ကောင်လေးက ရှေ့တစ်ခေါက်လာတုန်းက ဝတ်ထားသလိုအတိုင်း အဖြူမှာအပြာစင်း ကျောင်းဝတ်စုံနှင့်၊ ကျောပိုးအိတ်အမည်း၊ မျက်မှန်ကိုင်းက အမည်း... ဝင်လာတာနှင့် မုန့်စင်မှန်ဗုံးဆီ တန်းတန်းမတ်မတ်သွား၊ မုန့်ဗန်းကိုကိုင်ကာ မုန့် စ,ရွေး၏။

လော့ယွဲ့တစ်ယောက် ဝှစ်ခနဲဆို ရုံးခန်းထဲ ပြေး၊ ပေါင်ဒါ ပုတ်၊ မျက်ခုံးမွှေး ဆွဲကာ မိတ်စကတ် အွန်လိုက်သည်။ မွေးကတည်းကကောက်သည့် ဆံပင်ကောက်ကွေးက ညှပ်ထားကာစဆိုတော့ စိတ်ထဲ နည်းနည်း အသားတကျမရှိနေ။ အထူးသဖြင့် ရှေ့ဆံပင်က ထောင်နေတတ်လေ့ရှိတာကြောင့် သူ စိတ်ထဲမတင်မကျနှင့် စိုးရိမ်ကြီးလွန်းစွာ မှန်ကို ပတ်ချာလည် ကြည့်နေမိသည်။ အဆုံးမှာတော့ သူ မိတ်ကပ်အိပ်မှာ ညှပ်ထားသည့် ယုန်ပုံစံနှင့်ကလစ်အမည်းရောင်လေးကိုပဲ ခေါင်းပေါ် အလွယ် ညှပ်၊ တစ်ချက် အသက်ပြင်းပြင်းရှူကာ ပြန်ထွက်သွားလိုက်သည်။

ဟိုင်မန့်နှင့် အားရန်က သူ့ကို ပြည်တည်တည်စပ်ဖြီးဖြီး ပြုံးပြပြီး ငွေရှင်းကောင်တာနောက်ထဲ ဝင်ပုန်းကြသည်။ လော့ယွဲ့ ခပ်ဖွဖွ ခေါင်းဟန့်လိုက်ပြီး ကောင်လေးဆီ လျှောက်သွား၊ ပေါ့ပေါ့ပါးပါး ပြောသလို ဟန်လုပ်ကာ "အယ် ညီ၊ ကိတ်မုန့် ထပ်လာဝယ်တာလား"

ကောင်လေးက သူ့ကို တစ်ချက်ဝေ့ကြည့်လာပြီး ခေါင်းဆတ်ပြသည်။

"ဟိုအခေါက်က ဝယ်သွားတာတွေ ကြိုက်ရဲ့လား? ဘယ်တစ်ခုကိုအကြိုက်ဆုံးလဲဟင်? ကျွန်တော်တို့ဆိုင်က mango melaleuceက အရမ်းရောင်းရတာ။ မင်း ဟိုတစ်ခေါက် လာတုန်းက အဲ့တာက ရောင်းကုန်သွားပြီဆိုတော့ အဲ့တာကို စားဖူးလောက်မှာမဟုတ်ဘူး၊ ကျွန်တော် အခုလေးတင် တစ်လုံး အသစ်လုပ်ထားတယ်။ ဒီ cranberry iced orange teaကလည်း အရမ်းအရသာရှိတယ်ရယ်၊ ကျွန်တော် ဒီနှစ်ခု ထုတ်ပေးလိုက်မယ်နော်"

ကောင်လေးက ပြော၏... "ဟုတ်ပြီ"

လော့ယွဲ့ အရမ်းပျော်သွားရပြီး ချက်ချင်းပဲ ဟိုင်မန့်နှင့် အားရန်တို့ကို မျက်စပစ်ပြကာ အမြန် ထုတ်ပိုးစေသည်။

လော့ယွဲ့ ကောင်လေးနောက်ကနေ ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် လိုက်ကာ "ဒါနဲ့လေ... အလျင်မလိုလို့ရှိရင် ဆိုင်မှာ စားသွားပါလား။ ကျွန်တော် pieမုန့်လေး ဖုတ်ပေးမယ်လေ၊ ovenထဲက ထွက်ထွက်ချင်း အရသာက ဘာနဲ့မှမတူဘူးရယ်"

ကောင်လေးက မုန့်ရွေးပြီးနောက် မုန့်ဗန်းကိုယူကာ ငွေရှင်းဖို့ ထွက်သွားသည်။

လော့ယွဲ့ မကျေနပ်သေးစွာ နှုတ်ခမ်းကိုကိုက်ကာ နောက်ကနေ မျက်နှာပြောင်ပြောင်နှင့်ပဲ... "ညီ၊ ကျွန်တော် discount တစ်ဝက်ပေးလိုက်မယ်နော်၊ အဲ့နေ့တုန်းကအတွက် ကျေးဇူးအများကြီးတင်ပါတယ်"

အားရန်လည်း မနေနိုင်တော့ဘဲ လော့ယွဲ့ကို ဘေးကနေလှမ်းဆွဲပြီး တိုးတိုးလေးကပ်ပြော၏ "သူဌေး ဒီလိုကြီး လုပ်နေတာနဲ့ ဟိုက ကြောက်ပြီး ပြေးလိမ့်မယ်"

လော့ယွဲ့ မျက်လုံး ပြူးသွားသည် "ဘာလို့?"

"အင်္ကျီဆိုင်သွားလို့ အရောင်းဝန်ထမ်းက ဒါလေးကောင်းတယ်၊ ဒါလေးဘာဖြစ်တယ်နဲ့ နောက်ကနေ တကောက်ကောက်လိုက်နေရင် စိတ်ရှုပ်ရတယ်မဟုတ်လား"

လော့ယွဲ့ ချက်ချင်းပဲ သဘောပေါက်သွားပြီး အနည်းငယ် စိုးရိမ်သွားကာ မေး၏... "သူ ထပ် လာလောက်ပါ့ဦးမလား"

"ဘယ်သူသိမှာလဲ..."

ငွေရှင်းပြီး နောက်ကိုတစ်ချက်လှည့်မကြည့်ဘဲ ထွက်သွားသည်အထိ ထိုကောင်လေး လုပ်သမျှကို လော့ယွဲ တောက်လျှောက် လိုက်ကြည့်နေခဲ့သည်...

အဲ့နောက်ပိုင်းမှာ ကောင်လေးက တစ်ပတ်ကို တစ်ခါ နှစ်ခါ ဆိုင်ကို ပေါ်လာတတ်သည်။ လာတိုင်း ကျောင်းအဆင်းမှာ ဝင်ဝယ်တာဖြစ်ပြီး အမြဲ သူ့ဟာသူလေး အေးအေးဆေးဆေး မုန့်ရွေး၊ ငွေရှင်းပြီး ပြန်သွား၏။ လော့ယွဲ့လည်း သူ့ကို စကားပြောကြည့်ဖို့ အကြိမ်အနည်းငယ်ခန့် ကြိုးစားကြည့်ပေမဲ့ မသိချင်ယောင်သာဆောင်ခံရသည်။

ဘယ်လိုမှ အဆင်မပြေနေတော့ သူ့မှာ စကားမပြောရဲတော့တာကြောင့် အဝေးကနေ ကြည့်နေရုံသာ တတ်နိုင်သည်။ ဟိုင်မန့်တို့ကိုပဲ လက်ဆောင်ပေးခိုင်းရသည်။

တစ်ရက် ကောင်လေး ဆိုင်လာတဲ့အချိန် ဝမ်းရှောင်ဟွေးကလည်း ဆိုင်ရောက်နေသည်။ ရှောင်ဟွေးနှင့် သူ မုန့်လေးစား စကားစမြည်ပြောနေတုန်း ကောင်လေးရောက်လာတာနှင့် လော့ယွဲ့မျက်လုံးတွေက ဟန်မဆောင်နိုင်လောက်အောင်ကို အပြင်ကိုပဲ အကြည့်ရောက်နေတော့သည်။ သေးသေးလေး ဟနေသည့် တံခါးကြားကနေ ချောင်းနေလိုက်တာ အပြင်ကလူကို အစိမ်းလိုက် ဝါးစားတော့မတတ်။

"ဟဲ့...ဟဲ့..." ဝမ်းရှောင်ဟွေး လော့ယွဲ့ မျက်စိရှေ့မှာ လက်ယမ်းပြ၏။ "နည်းနည်း ထိန်းပါပြီ၊ အမလေး အဆင်လေးကို ငမ်းနေလိုက်တာများ ချက်ချင်းပဲ ထသုတ်ပြီး ဆွဲစားတော့မတတ်ဟယ်"

လော့ယွဲ့က ထိတ်ထိတ်ပျာပျာနှင့် သူ့မျက်နှာကို ကာလိုက်ပြီး "တကယ်ကြီး?! ငါ အဲ့လောက်တောင် သိသာနေလား?"

ဝမ်းရှောင်ဟွေး သူ့ကို သဘောရိုးနှင့်ပဲ ကြည့်ကာ ပြော၏ "မင်း အိမ်မှာ မှန်မရှိဘူးလား" .... သူ လော့ယွဲ့ကို ဖုန်း selfie ကင်မရာ ဖွင့်ပြကာ "မျက်နှာကြီး နီတွက်နေတာ မြင်လား"

လော့ယွဲ့ သူ့ရဲ့ နီရဲနေတဲ့ မျက်နှာကို တစ်ချက် ဝေ့ကြည့်ပြီး ပိုလို့တောင် ရှက်သွေးဖြန်းသွားတော့သည်။

"အဲ့အဆင်လေး ချောချက်ပဲ၊ စကား သွားပြောကြည့်ပါ့လား"

လော့ယွဲ့ ခေါင်းခါသည်။

"ကျစ်၊ မင်း စိတ်ဝင်စားတယ်မဟုတ်လား! မပြောရဲဘူးမဆိုရဲဘူးနဲ့ ဒီလောက်အသက်ရှိနေပြီး အသုံးကိုမကျဘူး"

ဝမ်းရှောင်ဟွေး အားမလိုအားမရစွာ ပြော၏။

လော့ယွဲ့ သက်ပြင်းချကာ "ငါ ပြောဖူးတယ်... လူကို အဖက်တောင်မလုပ်ဘူး"

"အာ... အရင်ကလည်း ဆိုင်လာဖူးတယ်လား?"

"ဆိုင်ကို ခဏခဏလာတယ်..." လော့ယွဲ့ ဝမ်းရှောင်ဟွေးကို သနားစဖွယ်မျက်နှာလေးဖြင့် ကြည့်ကာ "အရမ်း အေးစက်စက် နိုင်တာရယ်၊ လူကို မျက်လုံးတည့်တည့်တောင် မကြည့်ဘူး၊ ပြီးရင် စကားပြောရင်လည်း အဖြေတစ်ချက် ပြန်မလာဘူး"

"ဘဝင်ရူး"

"ဒါပေမဲ့ သူက ကောင်းတဲ့လူပါ"

ဝမ်းရှောင်ဟွေး မျက်လုံးစွေကြည့်ကာ "ဘယ်လို သိတုန်း"

နှစ်ယောက်သား ပထမဆုံး ဆုံတွေ့ခဲ့ပုံအကြောင်းကို လော့ယွဲ့က တမ်းတလွမ်းဆွတ်စွာနှင့် ပြောပြ၏... "ဒီလို ချောကလည်းချော တရားမျှတစိတ်လည်းရှိတဲ့ ကောင်လေးမျိုး ဘယ်နား သွားရှာလို့ရနိုင်မှာလဲ... တရားမျှတလိုစိတ် ပြင်းပြတာလေးက..."

"ရုပ်ချောဖို့က အဓိကပဲ" ဝမ်းရှောင်ဟွေး milk teaတစ်ငုံ စုပ်လိုက်ပြီး... "Sammo Hungလိုရုပ်မျိုးသာဆိုရင် အဲ့အချိန် ဆိုင်ထဲရှိနေတဲ့လူကုန်နဲ့ တစ်ယောက် ယှဥ်ချပေးရင်တောင် မင်း ဒီလိုဖြစ်နေမှာမဟုတ်ဘူး" *T/N

လော့ယွဲ့ သူ့ကို မျက်စောင်းထိုးကာ "စိတ်တိုစရာ"

ဝမ်းရှောင်ဟွေးက သူ့မျက်နှာကို မေးစေ့ကနေ ကိုင်ပြီး ကောင်လေးရှိရာဘက် ဆွဲလှည့်ကာ "သွား၊ ပန်းလေးတွေက အဝေးကနေ လှမ်းကြည့်ရတာ မကောင်းဘူး"

"တကယ် အဆင်မပြေတာ၊ အရမ်း အေးစက်လွန်းတယ်ရော်... ငါ အကြိမ်ကြိမ် ကြိုးစားကြည့်ပြီးပြီ" လော့ယွဲ့ ပြောရင်းပြောရင်းနှင့် ရင်ထဲအောင့်ပြီး အသံက တိမ်ဝင်လာသည်။

"အသုံးမကျလိုက်တာ" ဝမ်းရှောင်ဟွေးက မတ်တပ်ထ၊ အကြောအချည်ဖြေ၊ လက်ဆစ်ချိုးကာ "မင်းအတွက် မိဘဝတ္တရား ကျေရသေးတာပေါ့"ဆိုပြီး ဘာမပြောညာမပြောနှင့် အပြင် ထွက်ချသွားသည်။

လော့ယွဲ့ တံတွေးမြိုချမိသည်၊ ရှောင်ဟွေးပုံစံကိုကြည့်ပြီး မျှော်ကလည်းမျှော်လင့်မိ၊ စိတ်ကလည်းပူနှင့် သူ့နှလုံးသားလေးမှာ ရင်ထဲ တဒိတ်ဒိတ်ခုန်နေရသည်။

ကောင်လေးကို ဝမ်းရှောင်ဟွေး နားပူဆာပူလုပ်ပြီး membership cardလုပ်ဖို့ပြောနေတာကို သူကြားနေရသည်။ ဝမ်းရှောင်ဟွေးရဲ့ မလျော့တမ်း ဇွဲကြီးမှုကြီးက သူနှင့်တခြားစီ...

သူ ကောင်လေးရဲ့ မျက်ခုံးတို့ ပင့်တက်သွားတာ တွေ့လိုက်ရသည်. . . အဆုံးတော့ သူ တကယ်ကို စိတ်ရှုပ်လာလို့ ဖြစ်လောက်မည်၊ membership cardမှာ အချက်အလက်တွေ တကယ်ကြီး စဖြည့်တော့၏!

ဝမ်းရှောင်ဟွေးက သူ့ဘက်လှည့်ကြည့်လာပြီး၊ အံကြိတ်ကာ မျက်လုံးတစ်ဖက်မှိတ်ပြသည်။

လော့ယွဲ့ စိတ်လှုပ်ရှားစွာ ဝမ်းရှောင်ဟွေးကို တိတ်တိတ်လေး လက်ခုပ်သြဘာပေးမိသည်။

ကောင်လေးက ဖြည့်ပြီးတာနှင့် ပြန်သွားသည်။ ဝမ်းရှောင်ဟွေးက ဆောင့်ကြွားဆောင့်ကြွား လျှောက်လာ၊ ကတ်ကို တဖျက်ဖျက် ယက်ခပ်ပြကာ အောင်နိုင်သူလေသံဖြင့် ပြော၏

"ဘယ့်နှယ့်ရှိစ"

လော့ယွဲ့ သူ့ကို ချစ်ကြည်ညိုမှုအပြည့်နှင့် ကြည့်ကာ "ပေါင်ပေ့၊ မင်း မိုက်နေတုန်းပဲ"

ဝမ်းရှောင်ဟွေးက ကတ်ကို လက်သန်းလက်ညှိုးဖြင့် ညှပ်ကာ လှမ်းပေးလိုက်၊ လက်ကိုပြန်ဆုတ်သွားလိုက်နှင့် လော့ယွဲ့ကို မထိတထိ စ၏။

လော့ယွဲ့ ထိုကတ်ကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး နာမည်အကွက်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်... ချင်ဇီကျောင်း

လော့ယွဲ့ ထအော်၏... "ပေပီလေးနာမည်က အမိုက်စားပါ့လား! ချင်ဇီကျောင်းတဲ့... ကျောင်းလုံက ကျောင်းနဲ့၊ မိုက်တယ်မလား! လက်ရေးလေးကလည်း အရမ်းလှပဲ၊ သေသေသပ်သပ် ကျော့ရှင်းနေတာပဲ. . . စကားမစပ်၊ သူ့လက်လေးတွေကလည်း အရမ်းလှတယ်၊ မင်း မြင်လိုက်လား"

ဝမ်းရှောင်ဟွေး မျက်ဆန်လှန်ကာ "ဖိတ်စာရိုက်လိုက်ပါတော့"

လော့ယွဲ့ နှုတ်ခမ်းစူပြီး စိတ်မကောင်းစွာ ပြော၏ "သူက အဖြောင့်ရယ်"

"အဲ့တာက ငါ့ကို အာရုံစားနေတာ..." ဝမ်းရှောင်ဟွေး မျက်လုံးမှေးကာ "ငါတောင်မှ မသေချာဘူး၊ မမြင်ရဘူး... သူ့ပုံက ယောကျ်ားရော မိန်းမပါ စိတ်မဝင်စားတဲ့ပုံပဲ... ဟိုင်မန့်လည်း လှတာပဲလေ. . . ငါ့ကိုတောင် မကြည့်သွားဘူးလို့! ငါ ဒီလောက် လှနေတာ၊ ငါ့ကိုပါ တစ်ချက် လှည့်ကြည့်မသွားတာ!"

"အဲ့တာဆို ငါ မျှော်လင့်လို့ရပါဦးမလား..."

ဝမ်းရှောင်ဟွေးက ခေါင်းတခါခါနှင့် "ဒါနဲ့ အဲ့ကလေးမှာ. . . ငယ်ဘဝ စိတ်ဒါဏ်ရာ ရှိလောက်မယ်ထင်လား၊ အေးစက်ချက်က ရေခဲချောင်းအတိုင်းပဲ၊ ငယ်တုန်းမှာ စိတ်ဒဏ်ရာရထားတာမျိုး မဟုတ်ရင်... anti-social လူ့ဂွစာများ ဖြစ်လောက်မလား"

လော့ယွဲ့ သူ့လက်နှစ်ဖက်ကို ပိုက်ကာ "သူ့ရဲ့ ဒဏ်ရာရထားတဲ့ နှလုံးသားလေးကို နွေးထွေးတဲ့ ငါ့ရင်ခွင်ထဲမှာ ထွေးပွေ့ထားပေးချင်လိုက်တာ"

ဝမ်းရှောင်ဟွေးက သူ့နဖူးကို လှမ်းတောက်၏ "အိပ်မက်က ထစမ်း"

လော့ယွဲ့ membership ကတ်ကို စိတ်ပျက်လက်ပျက်နှင့် ကြည့်ကာ... "ဖုန်းနံပါတ်အမှားကြီး ဖြစ်လောက်မယ်ထင်လား..."

"မပြောပြတတ်ဘူး... ဆက်ကြည့်လိုက်ရင် သိရမှာပေါ့"

"ဘယ်နေရာက ဆက်ရဲမှာလဲ... သူ့ကို ခြောက်လိုက်သလိုဖြစ်သွားပြီး ဘယ်တော့မှ ထပ်မလာတော့မှာ ကြောက်တယ်..."

"အော် ခြောက်သလိုဖြစ်သွားမှာ ကြောက်ပါတယ်ပေါ့၊ ဟိုက ခြောက်တိုင်းသာ ကြောက်ရင် မင်းအကြည့်တွေနဲ့တင် လန့်ပြေးနေပြီ။ သူ ဒီကို လာနေတုန်းပဲဆိုမှတော့ ဒါ သူ သိပ်ဂရုမစိုက်ဘူးဆိုတာ သက်သေပဲ"

"သူ ဘာလို့ ဂရုမစိုက်ရမှာလဲ..." လော့ယွဲ့ ငိုမဲ့ငိုမဲ့နှင့် ပြော၏ "ပေါင်ပေ့. . . ငါ သူ့ကို ကြိုက်တယ်၊ ကူညီပါ"

ဝမ်းရှောင်ဟွေး သူ့ပါးလေးကို ဆွဲဖျစ်ထားရင်း တအောင့်အကြာမှာတော့ သူ့ခေါင်းထဲ အကြံဉာဏ်တွေ ကွန့်မြူးလာသည်...

"ဒီမှာ... သူ ဘယ်ကျောင်းကလဲ၊ သူ့နာမည် ဘာလဲ သိနေပြီလေ၊ ကျောင်းလိုက်သွားပြီး စုံစမ်းပေါ့"

"ကျောင်းထဲကိုက ဘယ်လိုဝင်ရမှာလဲ"

"ကျောင်းယူနီဖောင်းဝတ်ပြီး ရောဝင်သွားလိုက်"

"အာ..." ဝမ်းရှောင်ဟွေးရဲ့ ရဲတင်းမှုကိုသာမက ရွှေဉာဏ်တော်ကြောင့်ပါ လော့ယွဲ့ မျက်လုံးပြူးသွားသည်... "ဒါ... ဒါ မကောင်းဘူးနော်၊ အဲ့လိုလုပ်တာကို မိသွားရင်..."

"မိသွားတော့ရော ဘာဖြစ်လဲ၊ ဥပဒေကို ဆန့်ကျင်နေလို့လား? ကျောင်းဂိတ်စောင့်က မင်းကို ရိုက်ရဲမှာမလို့လား?"... ဝမ်းရှောင်ဟွေးက အားပါးတရ ခေါင်းဆတ်ပြကာ... "မင်းက ယုန်ငကြောက်ပဲ"

လော့ယွဲ့ ရှက်ကိုးရှက်ကန်း ပြော၏ "ဒါက လုပ်လို့ သိပ်... သိပ်မကောင်းဘူးလေ၊ ပြီးတော့ ငါတို့က ကျောင်းသားတွေမှလည်း မဟုတ်တာ..."

"မင်းက သူ့ထက် နည်းနည်းလေးပဲ ကြီးတာ၊ မင်းကိုယ်မင်း နှစ်နှစ် သုံးနှစ်လောက် နုသွားအောင် လုပ်လို့ရတာပဲ၊ ကျောင်းဝတ်စုံ ဝတ်လိုက်တဲ့ မိနစ်ပိုင်းအတွင်းမှာတင် အထက်တန်းကျောင်းသူလေးဖြစ်သွားမှာ" ဝမ်းရှောင်ဟွေး သူ့မျက်နှာကို ပွတ်သပ်ကာ... "ပြီးတော့ မင်းက ဒီလောက် ပုကျေးလေးဟာ... ဘယ်သူမှာ ရှာတွေ့မှာမဟုတ်ဘူး"

"ဒါပေမဲ့ ကျောင်းဝတ်စုံ၊ အထဲဝင်ဖို့ ကျောင်းသားကတ်ပြား..."

"ဝယ်ပေါ့၊ ပိုက်ဆံတွေက ဘာလုပ်ဖို့ ထားတာလဲ? မနက်ဖြန် ကျောင်းဂိတ်ဝသွားစောင့်၊ မင်းကိုယ်လုံးလောက်ရှိတဲ့ ကျောင်းသားကိုရှာပြီး တစ်စုံစာ ပိုက်ဆံပစ်ဝယ်ပေးလိုက်"

"အို..." လော့ယွဲ့ တအောင့်ကြာ ထိုင်စဥ်းစားပြီးနောက် ငိုမဲ့ငိုမဲ့နှင့် ပြော၏ "ထားလိုက်တော့... ငါ မလုပ်ရဲဘူး၊ အရမ်း ပိုလွန်းတယ်..."

"ကိုယ် သဘောကျမိတဲ့လူနဲ့မှ မရင်ဆိုင်ရဲရင် မင်း ယောကျ်ားဟုတ်မနေဘူးပဲ!"

"နှလုံးသားလေးမှာတော့ မိန်းမသားဆန်သူပါနော်"

ဝမ်းရှောင်ဟွေး သူ့ကို လက်ခလည်ထောင်ပြ၏... "ငါ မင်းကို နည်းလမ်း ပြောပြပြီးပြီ။ သွားမယ် မသွားဘူးက မင်းကိစ္စပဲ"

လော့ယွဲ့ နှုတ်ခမ်းကိုက်ထားရင်း တအောင့်ကြာတော့ လေသံ တိုးတိုးလေးနှင့် "ပေါင်ပေ့၊ မင်း..."

"နိုး"

"ဒီတိုင်း..."

"တော်!"

"ပေါင်ပေ့. . .ငါ့နဲ့လိုက်ခဲ့ပေး! ငါနဲ့ လိုက်ခဲ့ပေးပါလို့!" လော့ယွဲ့ ဝမ်းရှောင်ဟွေးရဲ့လက်မောင်းကို ဆွဲဖက်ပြီး ကျီတိုက်သည်။

ဝမ်းရှောင်ဟွေး သက်ပြင်းတစ်ဆုံး ချ၏... "ပြောရရင်လေ... ငါ အရင်ဘဝက မင်းကို အဓမ္မများ တက်ကျင့်ခဲ့မိသလားပဲ... ဘာလို့ မင်းလက်ထဲမှာ ပြုသမျှ နုခံနေရတာလဲ?!"

လော့ယွဲ့ နှုတ်ခမ်းကိုက်ထားပြီး သနားစဖွယ်လေး ပြော၏ "မင်း အရင်ဘဝတုန်းက ငါ့အပေါ် မကောင်းခဲ့လို့ အပြစ်ကြွေးရှိနေတာ ဖြစ်နိုင်တယ်...အဲ့တာကြောင့် ငါ့ပျော်ရွှင်မှုအတွက် ဒီဘဝမှာလာပြီး ပေးဆပ်နေရတာဖြစ်မှာ"

"ငလူးမ!"

Arthur's Audrey

28.7.2021 // 11:05 PM

.........................

Note -

*"နှလုံးသားလေးမှာတော့ မိန်းမသားဆန်သူပါ"ဆိုတာကလေ... အသည်းငယ်တယ်ကို ဆိုလိုတာပါနော်... နားလည်မှု လွဲမှုစိုးလို့ပါ။

[1] ရှေ့အပိုင်းမှာ ထည့်မပြောဖြစ်လို့.... ယွမ် ငါးထောင်က USD 770ဝန်းကျင်၊ မြန်မာငွေဆို 12သိန်းခွဲ ဝန်းကျင်ပါ။

[2] mango melaleuce


[3] cranberry iced orange tea


[4] Sammo Hung

သူက Bruce Leeခေတ်မှာရော ဂျက်ကီချန်းနဲ့ပါ တွဲတွေ့ရတဲ့ ဟောင်ကောင်မင်းသားပါ၊ ဒါရိုက်တာ ပရိုဂျူဆာအနေနဲ့လည်း နာမည်ကြီးပဲ သက်ရှိထင်ရှားရှိပါသေးတယ်...


အောက်က Bruce Lee vs Sammo Hung,

ပြီးတော့ Bruce Leeဆိုလို့ သတိရသွားမိလို့ Song recommendation... Enojoy~~


...............


Comments from Chapter 109,

[1] Su Fu

ဘဲဥလေးနှစ်လုံးကြားက အဖြူရောင်သူငယ်ချင်းသံယောဇဥ်ကို ငါ ရှာလကာရည် မွှန်နေပြီ

[2] Clouds don't know where they are

သူတို့နှစ်ယောက်အတူဖြတ်သန်းတဲ့ နေ့စဥ်ဘဝလေးက အရမ်း ချစ်ဖို့ကောင်းတာပဲ

စားမယ် သောက်မယ် စကားတွေ ဖောင်ဖွဲ့ပြောမယ်...

လိုက်ဖက်ညီလိုက်ကြတာ!!

......................






[Zawgyi]

[Sweetheart] Extra - 2

Chapter 109

ဆိုင္ကို ေလာ့ယြဲ႕ ျပန္ေရာက္ေတာ့ အားရန္ႏွင့္ ဟိုင္မန္႔တို႔ ႏွစ္ေယာက္သားက သူ႔ကို ၿပဳံးၿပဳံးၿပဳံးၿပဳံးႏွင့္ ၾကည့္ၾကသည္။ ေလာ့ယြဲ႕ သူတို႔ကို မ်က္ေစာင္းထိုးကာ "ဘာေတြ႕လို႔လဲ?"

"ေလာ္ပန္မမေလး မ်က္ႏွာေတြနီရဲေနတာပဲ ဟားဟားဟား" အားရန္က သူ႔ကို လက္ညႇိဳးထိုးၿပီး ရယ္၏။

"နင့္ကို လစာျဖတ္ၿပီ!!"... ေလာ့ယြဲ႕ သူ႔မ်က္ႏွာသူ ပြတ္သပ္ကာ "ေဟ့၊ အဲ့ ေက်ာင္းဝတ္စုံက xxေက်ာင္းကမလား"

"ဟုတ္တယ္ရယ္... အဆင္ေလးက လူကုံထံဒုတိယမ်ိဳးဆက္က မဟုတ္ရင္ ႐ႊယ္ပါ့ပဲ"

အားရန္က ေခါင္းညိတ္ ေထာက္ခံ၏ "တကယ္ ေခ်ာတယ္၊ အေခ်တစ္လိုင္းႀကီးနဲ႔ ေအးစက္ခ်က္ကေတာ့ ေသးေသးေလး ေၾကာက္ဖို႔ေကာင္း..."

ေလာ့ယြဲ႕ သက္ျပင္းခ်၏ "အဲ့ေက်ာင္းက တို႔ေတြနား နီးနီးေလးတင္မလား... ထပ္လာေလာက္ဦးမလားမသိဘူး"

"အိုးးးး ေလာ္ပန္မမေလးရင္ထဲ ေႏြဦးပန္းေတြေဝေနၿပီ"

"နင္ ဒီလ တကယ္ လစာတစ္ျပားမွ မရဘူးပဲ!"

ေလာ့ယြဲ႕ ေငြရွင္းေကာင္တာဆီေျပးသြားၿပီး ေကာင္ေလးရဲ႕ ေဘာင္ခ်ာမွတ္တမ္းေတြကို ျပန္ရွာၾကည့္သည္။ လိုက္ၾကည့္ၿပီးေနာက္ အမ်ားဆုံးဝယ္သြားတဲ့ အရသာႏွစ္မ်ိဳးကို ရွာေတြ႕လိုက္ၿပီး သူ mangoႏွင့္ cranberry based dessertေတြႀကိဳက္တတ္မွန္း သိလိုက္ရသည္။ သူ အဝယ္ေတာ္လြတ္လိုက္သည့္ဝန္ထမ္းကို ဒီအသီးႏွစ္မ်ိဳး ပိုဝယ္ခဲ့ေပးဖို႔ ခ်က္ခ်င္းပဲ ဖုန္းဆက္လိုက္သည္။

သူ႔မုန္႔ေတြက အရသာရွိတယ္ဆိုၿပီးမ်ား ထိုသူ ထပ္ေရာက္လာေလာက္မလား...

ေလာ့ယြဲ႕ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြက မၾကာခင္မွာပဲ အမွန္တကယ္ျဖစ္လာခဲ့သည္။ ရက္အနည္းငယ္အၾကာမွာေတာ့ တူညီဝတ္စုံဝတ္ေက်ာင္းသားေလးမ်ား တဖြဲဖြဲ ေက်ာင္းဆင္းလာၾကခ်ိန္တြင္ ေကာင္ေလးက ျပန္ေပၚလာသည္။

အဲ့အခ်ိန္ ေလာ့ယြဲ႕က ဝယ္သူေတြႏွင့္ စကားစျမည္ေျပာေန၏။ တစ္ခ်က္ေဝ့အၾကည့္မွာ ျမင္လိုက္ရသည့္ ေကာင္ေလးက ထိုသူႏွင့္ ပုံစံအေနအထား ခပ္ဆင္ဆင္... အသားအရည္ကလည္း ဝင္းမြတ္လို႔... မ်က္ႏွာကို ေသခ်ာအျပည့္ မျမင္ရေသးတာေတာင္ ေလာ့ယြဲ႕ရဲ႕ ရင္ခုန္သံႀကိမ္ႏႈန္းတို႔က တဒုန္းဒုန္းတဒိုင္းဒိုင္း ျဖစ္လာ၏...

ၾကည့္ေနတုန္း သူ႔ဘက္ကို ေခါင္း ဆက္ခနဲ လွည့္အလာမွာေတာ့ ေလာ့ယြဲ႕မွာ စိတ္လႈပ္ရွားေပ်ာ္႐ႊင္ရစြာျဖင့္ ထေအာ္မိေတာ့မတတ္!!

တကယ္ႀကီး သူပဲ!!!!

ေကာင္ေလးက ေရွ႕တစ္ေခါက္လာတုန္းက ဝတ္ထားသလိုအတိုင္း အျဖဴမွာအျပာစင္း ေက်ာင္းဝတ္စုံႏွင့္၊ ေက်ာပိုးအိတ္အမည္း၊ မ်က္မွန္ကိုင္းက အမည္း... ဝင္လာတာႏွင့္ မုန္႔စင္မွန္ဗုံးဆီ တန္းတန္းမတ္မတ္သြား၊ မုန္႔ဗန္းကိုကိုင္ကာ မုန္႔ စ,ေ႐ြး၏။

ေလာ့ယြဲ႕တစ္ေယာက္ ဝွစ္ခနဲဆို ႐ုံးခန္းထဲ ေျပး၊ ေပါင္ဒါ ပုတ္၊ မ်က္ခုံးေမႊး ဆြဲကာ မိတ္စကတ္ အြန္လိုက္သည္။ ေမြးကတည္းကေကာက္သည့္ ဆံပင္ေကာက္ေကြးက ညႇပ္ထားကာစဆိုေတာ့ စိတ္ထဲ နည္းနည္း အသားတက်မရွိေန။ အထူးသျဖင့္ ေရွ႕ဆံပင္က ေထာင္ေနတတ္ေလ့ရွိတာေၾကာင့္ သူ စိတ္ထဲမတင္မက်ႏွင့္ စိုးရိမ္ႀကီးလြန္းစြာ မွန္ကို ပတ္ခ်ာလည္ ၾကည့္ေနမိသည္။ အဆုံးမွာေတာ့ သူ မိတ္ကပ္အိပ္မွာ ညႇပ္ထားသည့္ ယုန္ပုံစံႏွင့္ကလစ္အမည္းေရာင္ေလးကိုပဲ ေခါင္းေပၚ အလြယ္ ညႇပ္၊ တစ္ခ်က္ အသက္ျပင္းျပင္းရႉကာ ျပန္ထြက္သြားလိုက္သည္။

ဟိုင္မန္႔ႏွင့္ အားရန္က သူ႔ကို ျပည္တည္တည္စပ္ၿဖီးၿဖီး ၿပဳံးျပၿပီး ေငြရွင္းေကာင္တာေနာက္ထဲ ဝင္ပုန္းၾကသည္။ ေလာ့ယြဲ႕ ခပ္ဖြဖြ ေခါင္းဟန္႔လိုက္ၿပီး ေကာင္ေလးဆီ ေလွ်ာက္သြား၊ ေပါ့ေပါ့ပါးပါး ေျပာသလို ဟန္လုပ္ကာ "အယ္ ညီ၊ ကိတ္မုန႔္ ထပ္လာဝယ္တာလား"

ေကာင္ေလးက သူ႔ကို တစ္ခ်က္ေဝ့ၾကည့္လာၿပီး ေခါင္းဆတ္ျပသည္။

"ဟိုအေခါက္က ဝယ္သြားတာေတြ ႀကိဳက္ရဲ႕လား? ဘယ္တစ္ခုကိုအႀကိဳက္ဆုံးလဲဟင္? ကြၽန္ေတာ္တို႔ဆိုင္က mango melaleuceက အရမ္းေရာင္းရတာ။ မင္း ဟိုတစ္ေခါက္ လာတုန္းက အဲ့တာက ေရာင္းကုန္သြားၿပီဆိုေတာ့ အဲ့တာကို စားဖူးေလာက္မွာမဟုတ္ဘူး၊ ကြၽန္ေတာ္ အခုေလးတင္ တစ္လုံး အသစ္လုပ္ထားတယ္။ ဒီ cranberry iced orange teaကလည္း အရမ္းအရသာရွိတယ္ရယ္၊ ကြၽန္ေတာ္ ဒီႏွစ္ခု ထုတ္ေပးလိုက္မယ္ေနာ္"

ေကာင္ေလးက ေျပာ၏... "ဟုတ္ၿပီ"

ေလာ့ယြဲ႕ အရမ္းေပ်ာ္သြားရၿပီး ခ်က္ခ်င္းပဲ ဟိုင္မန္႔ႏွင့္ အားရန္တို႔ကို မ်က္စပစ္ျပကာ အျမန္ ထုတ္ပိုးေစသည္။

ေလာ့ယြဲ႕ ေကာင္ေလးေနာက္ကေန ဟိုေယာင္ေယာင္ ဒီေယာင္ေယာင္ႏွင့္ လိုက္ကာ "ဒါနဲ႔ေလ... အလ်င္မလိုလို႔ရွိရင္ ဆိုင္မွာ စားသြားပါလား။ ကြၽန္ေတာ္ pieမုန္႔ေလး ဖုတ္ေပးမယ္ေလ၊ ovenထဲက ထြက္ထြက္ခ်င္း အရသာက ဘာနဲ႔မွမတူဘူးရယ္"

ေကာင္ေလးက မုန႔္ေ႐ြးၿပီးေနာက္ မုန္႔ဗန္းကိုယူကာ ေငြရွင္းဖို႔ ထြက္သြားသည္။

ေလာ့ယြဲ႕ မေက်နပ္ေသးစြာ ႏႈတ္ခမ္းကိုကိုက္ကာ ေနာက္ကေန မ်က္ႏွာေျပာင္ေျပာင္ႏွင့္ပဲ... "ညီ၊ ကြၽန္ေတာ္ discount တစ္ဝက္ေပးလိုက္မယ္ေနာ္၊ အဲ့ေန႔တုန္းကအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္"

အားရန္လည္း မေနႏိုင္ေတာ့ဘဲ ေလာ့ယြဲ႕ကို ေဘးကေနလွမ္းဆြဲၿပီး တိုးတိုးေလးကပ္ေျပာ၏ "သူေဌး ဒီလိုႀကီး လုပ္ေနတာနဲ႔ ဟိုက ေၾကာက္ၿပီး ေျပးလိမ့္မယ္"

ေလာ့ယြဲ႕ မ်က္လုံး ျပဴးသြားသည္ "ဘာလို႔?"

"အက်ႌဆိုင္သြားလို႔ အေရာင္းဝန္ထမ္းက ဒါေလးေကာင္းတယ္၊ ဒါေလးဘာျဖစ္တယ္နဲ႔ ေနာက္ကေန တေကာက္ေကာက္လိုက္ေနရင္ စိတ္ရႈပ္ရတယ္မဟုတ္လား"

ေလာ့ယြဲ႕ ခ်က္ခ်င္းပဲ သေဘာေပါက္သြားၿပီး အနည္းငယ္ စိုးရိမ္သြားကာ ေမး၏... "သူ ထပ္ လာေလာက္ပါ့ဦးမလား"

"ဘယ္သူသိမွာလဲ..."

ေငြရွင္းၿပီး ေနာက္ကိုတစ္ခ်က္လွည့္မၾကည့္ဘဲ ထြက္သြားသည္အထိ ထိုေကာင္ေလး လုပ္သမွ်ကို ေလာ့ယြဲ ေတာက္ေလွ်ာက္ လိုက္ၾကည့္ေနခဲ့သည္...

အဲ့ေနာက္ပိုင္းမွာ ေကာင္ေလးက တစ္ပတ္ကို တစ္ခါ ႏွစ္ခါ ဆိုင္ကို ေပၚလာတတ္သည္။ လာတိုင္း ေက်ာင္းအဆင္းမွာ ဝင္ဝယ္တာျဖစ္ၿပီး အၿမဲ သူ႔ဟာသူေလး ေအးေအးေဆးေဆး မုန္႔ေ႐ြး၊ ေငြရွင္းၿပီး ျပန္သြား၏။ ေလာ့ယြဲ႕လည္း သူ႔ကို စကားေျပာၾကည့္ဖို႔ အႀကိမ္အနည္းငယ္ခန္႔ ႀကိဳးစားၾကည့္ေပမဲ့ မသိခ်င္ေယာင္သာေဆာင္ခံရသည္။

ဘယ္လိုမွ အဆင္မေျပေနေတာ့ သူ႔မွာ စကားမေျပာရဲေတာ့တာေၾကာင့္ အေဝးကေန ၾကည့္ေန႐ုံသာ တတ္ႏိုင္သည္။ ဟိုင္မန္႔တို႔ကိုပဲ လက္ေဆာင္ေပးခိုင္းရသည္။

တစ္ရက္ ေကာင္ေလး ဆိုင္လာတဲ့အခ်ိန္ ဝမ္းေရွာင္ေဟြးကလည္း ဆိုင္ေရာက္ေနသည္။ ေရွာင္ေဟြးႏွင့္ သူ မုန္႔ေလးစား စကားစျမည္ေျပာေနတုန္း ေကာင္ေလးေရာက္လာတာႏွင့္ ေလာ့ယြဲ႕မ်က္လုံးေတြက ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ကို အျပင္ကိုပဲ အၾကည့္ေရာက္ေနေတာ့သည္။ ေသးေသးေလး ဟေနသည့္ တံခါးၾကားကေန ေခ်ာင္းေနလိုက္တာ အျပင္ကလူကို အစိမ္းလိုက္ ဝါးစားေတာ့မတတ္။

"ဟဲ့...ဟဲ့..." ဝမ္းေရွာင္ေဟြး ေလာ့ယြဲ႕ မ်က္စိေရွ႕မွာ လက္ယမ္းျပ၏။ "နည္းနည္း ထိန္းပါၿပီ၊ အမေလး အဆင္ေလးကို ငမ္းေနလိုက္တာမ်ား ခ်က္ခ်င္းပဲ ထသုတ္ၿပီး ဆြဲစားေတာ့မတတ္ဟယ္"

ေလာ့ယြဲ႕က ထိတ္ထိတ္ပ်ာပ်ာႏွင့္ သူ႔မ်က္ႏွာကို ကာလိုက္ၿပီး "တကယ္ႀကီး?! ငါ အဲ့ေလာက္ေတာင္ သိသာေနလား?"

ဝမ္းေရွာင္ေဟြး သူ႔ကို သေဘာ႐ိုးႏွင့္ပဲ ၾကည့္ကာ ေျပာ၏ "မင္း အိမ္မွာ မွန္မရွိဘူးလား" .... သူ ေလာ့ယြဲ႕ကို ဖုန္း selfie ကင္မရာ ဖြင့္ျပကာ "မ်က္ႏွာႀကီး နီတြက္ေနတာ ျမင္လား"

ေလာ့ယြဲ႕ သူ႔ရဲ႕ နီရဲေနတဲ့ မ်က္ႏွာကို တစ္ခ်က္ ေဝ့ၾကည့္ၿပီး ပိုလို႔ေတာင္ ရွက္ေသြးျဖန္းသြားေတာ့သည္။

"အဲ့အဆင္ေလး ေခ်ာခ်က္ပဲ၊ စကား သြားေျပာၾကည့္ပါ့လား"

ေလာ့ယြဲ႕ ေခါင္းခါသည္။

"က်စ္၊ မင္း စိတ္ဝင္စားတယ္မဟုတ္လား! မေျပာရဲဘူးမဆိုရဲဘူးနဲ႔ ဒီေလာက္အသက္ရွိေနၿပီး အသုံးကိုမက်ဘူး"

ဝမ္းေရွာင္ေဟြး အားမလိုအားမရစြာ ေျပာ၏။

ေလာ့ယြဲ႕ သက္ျပင္းခ်ကာ "ငါ ေျပာဖူးတယ္... လူကို အဖက္ေတာင္မလုပ္ဘူး"

"အာ... အရင္ကလည္း ဆိုင္လာဖူးတယ္လား?"

"ဆိုင္ကို ခဏခဏလာတယ္..." ေလာ့ယြဲ႕ ဝမ္းေရွာင္ေဟြးကို သနားစဖြယ္မ်က္ႏွာေလးျဖင့္ ၾကည့္ကာ "အရမ္း ေအးစက္စက္ ႏိုင္တာရယ္၊ လူကို မ်က္လုံးတည့္တည့္ေတာင္ မၾကည့္ဘူး၊ ၿပီးရင္ စကားေျပာရင္လည္း အေျဖတစ္ခ်က္ ျပန္မလာဘူး"

"ဘဝင္႐ူး"

"ဒါေပမဲ့ သူက ေကာင္းတဲ့လူပါ"

ဝမ္းေရွာင္ေဟြး မ်က္လုံးေစြၾကည့္ကာ "ဘယ္လို သိတုန္း"

ႏွစ္ေယာက္သား ပထမဆုံး ဆုံေတြ႕ခဲ့ပုံအေၾကာင္းကို ေလာ့ယြဲ႕က တမ္းတလြမ္းဆြတ္စြာႏွင့္ ေျပာျပ၏... "ဒီလို ေခ်ာကလည္းေခ်ာ တရားမွ်တစိတ္လည္းရွိတဲ့ ေကာင္ေလးမ်ိဳး ဘယ္နား သြားရွာလို႔ရႏိုင္မွာလဲ... တရားမွ်တလိုစိတ္ ျပင္းျပတာေလးက..."

"႐ုပ္ေခ်ာဖို႔က အဓိကပဲ" ဝမ္းေရွာင္ေဟြး milk teaတစ္ငုံ စုပ္လိုက္ၿပီး... "Sammo Hungလို႐ုပ္မ်ိဳးသာဆိုရင္ အဲ့အခ်ိန္ ဆိုင္ထဲရွိေနတဲ့လူကုန္နဲ႔ တစ္ေယာက္ ယွဥ္ခ်ေပးရင္ေတာင္ မင္း ဒီလိုျဖစ္ေနမွာမဟုတ္ဘူး" *T/N

ေလာ့ယြဲ႕ သူ႔ကို မ်က္ေစာင္းထိုးကာ "စိတ္တိုစရာ"

ဝမ္းေရွာင္ေဟြးက သူ႔မ်က္ႏွာကို ေမးေစ့ကေန ကိုင္ၿပီး ေကာင္ေလးရွိရာဘက္ ဆြဲလွည့္ကာ "သြား၊ ပန္းေလးေတြက အေဝးကေန လွမ္းၾကည့္ရတာ မေကာင္းဘူး"

"တကယ္ အဆင္မေျပတာ၊ အရမ္း ေအးစက္လြန္းတယ္ေရာ္... ငါ အႀကိမ္ႀကိမ္ ႀကိဳးစားၾကည့္ၿပီးၿပီ" ေလာ့ယြဲ႕ ေျပာရင္းေျပာရင္းႏွင့္ ရင္ထဲေအာင့္ၿပီး အသံက တိမ္ဝင္လာသည္။

"အသုံးမက်လိုက္တာ" ဝမ္းေရွာင္ေဟြးက မတ္တပ္ထ၊ အေၾကာအခ်ည္ေျဖ၊ လက္ဆစ္ခ်ိဳးကာ "မင္းအတြက္ မိဘဝတၱရား ေက်ရေသးတာေပါ့"ဆိုၿပီး ဘာမေျပာညာမေျပာႏွင့္ အျပင္ ထြက္ခ်သြားသည္။

ေလာ့ယြဲ႕ တံေတြးၿမိဳခ်မိသည္၊ ေရွာင္ေဟြးပုံစံကိုၾကည့္ၿပီး ေမွ်ာ္ကလည္းေမွ်ာ္လင့္မိ၊ စိတ္ကလည္းပူႏွင့္ သူ႔ႏွလုံးသားေလးမွာ ရင္ထဲ တဒိတ္ဒိတ္ခုန္ေနရသည္။

ေကာင္ေလးကို ဝမ္းေရွာင္ေဟြး နားပူဆာပူလုပ္ၿပီး membership cardလုပ္ဖို႔ေျပာေနတာကို သူၾကားေနရသည္။ ဝမ္းေရွာင္ေဟြးရဲ႕ မေလ်ာ့တမ္း ဇြဲႀကီးမႈႀကီးက သူႏွင့္တျခားစီ...

သူ ေကာင္ေလးရဲ႕ မ်က္ခုံးတို႔ ပင့္တက္သြားတာ ေတြ႕လိုက္ရသည္. . . အဆုံးေတာ့ သူ တကယ္ကို စိတ္ရႈပ္လာလို႔ ျဖစ္ေလာက္မည္၊ membership cardမွာ အခ်က္အလက္ေတြ တကယ္ႀကီး စျဖည့္ေတာ့၏!

ဝမ္းေရွာင္ေဟြးက သူ႔ဘက္လွည့္ၾကည့္လာၿပီး၊ အံႀကိတ္ကာ မ်က္လုံးတစ္ဖက္မွိတ္ျပသည္။

ေလာ့ယြဲ႕ စိတ္လႈပ္ရွားစြာ ဝမ္းေရွာင္ေဟြးကို တိတ္တိတ္ေလး လက္ခုပ္ၾသဘာေပးမိသည္။

ေကာင္ေလးက ျဖည့္ၿပီးတာႏွင့္ ျပန္သြားသည္။ ဝမ္းေရွာင္ေဟြးက ေဆာင့္ႂကြားေဆာင့္ႂကြား ေလွ်ာက္လာ၊ ကတ္ကို တဖ်က္ဖ်က္ ယက္ခပ္ျပကာ ေအာင္ႏိုင္သူေလသံျဖင့္ ေျပာ၏

"ဘယ့္ႏွယ့္ရွိစ"

ေလာ့ယြဲ႕ သူ႔ကို ခ်စ္ၾကည္ညိဳမႈအျပည့္ႏွင့္ ၾကည့္ကာ "ေပါင္ေပ့၊ မင္း မိုက္ေနတုန္းပဲ"

ဝမ္းေရွာင္ေဟြးက ကတ္ကို လက္သန္းလက္ညႇိဳးျဖင့္ ညႇပ္ကာ လွမ္းေပးလိုက္၊ လက္ကိုျပန္ဆုတ္သြားလိုက္ႏွင့္ ေလာ့ယြဲ႕ကို မထိတထိ စ၏။

ေလာ့ယြဲ႕ ထိုကတ္ကို ဆတ္ခနဲ ဆြဲယူလိုက္ၿပီး နာမည္အကြက္ကို တစ္ခ်က္ ေဝ့ၾကည့္လိုက္သည္... ခ်င္ဇီေက်ာင္း

ေလာ့ယြဲ႕ ထေအာ္၏... "ေပပီေလးနာမည္က အမိုက္စားပါ့လား! ခ်င္ဇီေက်ာင္းတဲ့... ေက်ာင္းလုံက ေက်ာင္းနဲ႔၊ မိုက္တယ္မလား! လက္ေရးေလးကလည္း အရမ္းလွပဲ၊ ေသေသသပ္သပ္ ေက်ာ့ရွင္းေနတာပဲ. . . စကားမစပ္၊ သူ႔လက္ေလးေတြကလည္း အရမ္းလွတယ္၊ မင္း ျမင္လိုက္လား"

ဝမ္းေရွာင္ေဟြး မ်က္ဆန္လွန္ကာ "ဖိတ္စာ႐ိုက္လိုက္ပါေတာ့"

ေလာ့ယြဲ႕ ႏႈတ္ခမ္းစူၿပီး စိတ္မေကာင္းစြာ ေျပာ၏ "သူက အေျဖာင့္ရယ္"

"အဲ့တာက ငါ့ကို အာ႐ုံစားေနတာ..." ဝမ္းေရွာင္ေဟြး မ်က္လုံးေမွးကာ "ငါေတာင္မွ မေသခ်ာဘူး၊ မျမင္ရဘူး... သူ႔ပုံက ေယာက်္ားေရာ မိန္းမပါ စိတ္မဝင္စားတဲ့ပုံပဲ... ဟိုင္မန္႔လည္း လွတာပဲေလ. . . ငါ့ကိုေတာင္ မၾကည့္သြားဘူးလို႔! ငါ ဒီေလာက္ လွေနတာ၊ ငါ့ကိုပါ တစ္ခ်က္ လွည့္ၾကည့္မသြားတာ!"

"အဲ့တာဆို ငါ ေမွ်ာ္လင့္လို႔ရပါဦးမလား..."

ဝမ္းေရွာင္ေဟြးက ေခါင္းတခါခါႏွင့္ "ဒါနဲ႔ အဲ့ကေလးမွာ. . . ငယ္ဘဝ စိတ္ဒါဏ္ရာ ရွိေလာက္မယ္ထင္လား၊ ေအးစက္ခ်က္က ေရခဲေခ်ာင္းအတိုင္းပဲ၊ ငယ္တုန္းမွာ စိတ္ဒဏ္ရာရထားတာမ်ိဳး မဟုတ္ရင္... anti-social လူ႔ဂြစာမ်ား ျဖစ္ေလာက္မလား"

ေလာ့ယြဲ႕ သူ႔လက္ႏွစ္ဖက္ကို ပိုက္ကာ "သူ႔ရဲ႕ ဒဏ္ရာရထားတဲ့ ႏွလုံးသားေလးကို ေႏြးေထြးတဲ့ ငါ့ရင္ခြင္ထဲမွာ ေထြးေပြ႕ထားေပးခ်င္လိုက္တာ"

ဝမ္းေရွာင္ေဟြးက သူ႔နဖူးကို လွမ္းေတာက္၏ "အိပ္မက္က ထစမ္း"

ေလာ့ယြဲ႕ membership ကတ္ကို စိတ္ပ်က္လက္ပ်က္ႏွင့္ ၾကည့္ကာ... "ဖုန္းနံပါတ္အမွားႀကီး ျဖစ္ေလာက္မယ္ထင္လား..."

"မေျပာျပတတ္ဘူး... ဆက္ၾကည့္လိုက္ရင္ သိရမွာေပါ့"

"ဘယ္ေနရာက ဆက္ရဲမွာလဲ... သူ႔ကို ေျခာက္လိုက္သလိုျဖစ္သြားၿပီး ဘယ္ေတာ့မွ ထပ္မလာေတာ့မွာ ေၾကာက္တယ္..."

"ေအာ္ ေျခာက္သလိုျဖစ္သြားမွာ ေၾကာက္ပါတယ္ေပါ့၊ ဟိုက ေျခာက္တိုင္းသာ ေၾကာက္ရင္ မင္းအၾကည့္ေတြနဲ႔တင္ လန္႔ေျပးေနၿပီ။ သူ ဒီကို လာေနတုန္းပဲဆိုမွေတာ့ ဒါ သူ သိပ္ဂ႐ုမစိုက္ဘူးဆိုတာ သက္ေသပဲ"

"သူ ဘာလို႔ ဂ႐ုမစိုက္ရမွာလဲ..." ေလာ့ယြဲ႕ ငိုမဲ့ငိုမဲ့ႏွင့္ ေျပာ၏ "ေပါင္ေပ့. . . ငါ သူ႔ကို ႀကိဳက္တယ္၊ ကူညီပါ"

ဝမ္းေရွာင္ေဟြး သူ႔ပါးေလးကို ဆြဲဖ်စ္ထားရင္း တေအာင့္အၾကာမွာေတာ့ သူ႔ေခါင္းထဲ အႀကံဉာဏ္ေတြ ကြန္႔ျမဴးလာသည္...

"ဒီမွာ... သူ ဘယ္ေက်ာင္းကလဲ၊ သူ႔နာမည္ ဘာလဲ သိေနၿပီေလ၊ ေက်ာင္းလိုက္သြားၿပီး စုံစမ္းေပါ့"

"ေက်ာင္းထဲကိုက ဘယ္လိုဝင္ရမွာလဲ"

"ေက်ာင္းယူနီေဖာင္းဝတ္ၿပီး ေရာဝင္သြားလိုက္"

"အာ..." ဝမ္းေရွာင္ေဟြးရဲ႕ ရဲတင္းမႈကိုသာမက ေ႐ႊဉာဏ္ေတာ္ေၾကာင့္ပါ ေလာ့ယြဲ႕ မ်က္လုံးျပဴးသြားသည္... "ဒါ... ဒါ မေကာင္းဘူးေနာ္၊ အဲ့လိုလုပ္တာကို မိသြားရင္..."

"မိသြားေတာ့ေရာ ဘာျဖစ္လဲ၊ ဥပေဒကို ဆန္႔က်င္ေနလို႔လား? ေက်ာင္းဂိတ္ေစာင့္က မင္းကို ႐ိုက္ရဲမွာမလို႔လား?"... ဝမ္းေရွာင္ေဟြးက အားပါးတရ ေခါင္းဆတ္ျပကာ... "မင္းက ယုန္ငေၾကာက္ပဲ"

ေလာ့ယြဲ႕ ရွက္ကိုးရွက္ကန္း ေျပာ၏ "ဒါက လုပ္လို႔ သိပ္... သိပ္မေကာင္းဘူးေလ၊ ၿပီးေတာ့ ငါတို႔က ေက်ာင္းသားေတြမွလည္း မဟုတ္တာ..."

"မင္းက သူ႔ထက္ နည္းနည္းေလးပဲ ႀကီးတာ၊ မင္းကိုယ္မင္း ႏွစ္ႏွစ္ သုံးႏွစ္ေလာက္ ႏုသြားေအာင္ လုပ္လို႔ရတာပဲ၊ ေက်ာင္းဝတ္စုံ ဝတ္လိုက္တဲ့ မိနစ္ပိုင္းအတြင္းမွာတင္ အထက္တန္းေက်ာင္းသူေလးျဖစ္သြားမွာ" ဝမ္းေရွာင္ေဟြး သူ႔မ်က္ႏွာကို ပြတ္သပ္ကာ... "ၿပီးေတာ့ မင္းက ဒီေလာက္ ပုေက်းေလးဟာ... ဘယ္သူမွာ ရွာေတြ႕မွာမဟုတ္ဘူး"

"ဒါေပမဲ့ ေက်ာင္းဝတ္စုံ၊ အထဲဝင္ဖို႔ ေက်ာင္းသားကတ္ျပား..."

"ဝယ္ေပါ့၊ ပိုက္ဆံေတြက ဘာလုပ္ဖို႔ ထားတာလဲ? မနက္ျဖန္ ေက်ာင္းဂိတ္ဝသြားေစာင့္၊ မင္းကိုယ္လုံးေလာက္ရွိတဲ့ ေက်ာင္းသားကိုရွာၿပီး တစ္စုံစာ ပိုက္ဆံပစ္ဝယ္ေပးလိုက္"

"အို..." ေလာ့ယြဲ႕ တေအာင့္ၾကာ ထိုင္စဥ္းစားၿပီးေနာက္ ငိုမဲ့ငိုမဲ့ႏွင့္ ေျပာ၏ "ထားလိုက္ေတာ့... ငါ မလုပ္ရဲဘူး၊ အရမ္း ပိုလြန္းတယ္..."

"ကိုယ္ သေဘာက်မိတဲ့လူနဲ႔မွ မရင္ဆိုင္ရဲရင္ မင္း ေယာက်္ားဟုတ္မေနဘူးပဲ!"

"ႏွလုံးသားေလးမွာေတာ့ မိန္းမသားဆန္သူပါေနာ္"

ဝမ္းေရွာင္ေဟြး သူ႔ကို လက္ခလည္ေထာင္ျပ၏... "ငါ မင္းကို နည္းလမ္း ေျပာျပၿပီးၿပီ။ သြားမယ္ မသြားဘူးက မင္းကိစၥပဲ"

ေလာ့ယြဲ႕ ႏႈတ္ခမ္းကိုက္ထားရင္း တေအာင့္ၾကာေတာ့ ေလသံ တိုးတိုးေလးႏွင့္ "ေပါင္ေပ့၊ မင္း..."

"ႏိုး"

"ဒီတိုင္း..."

"ေတာ္!"

"ေပါင္ေပ့. . .ငါ့နဲ႔လိုက္ခဲ့ေပး! ငါနဲ႔ လိုက္ခဲ့ေပးပါလို႔!" ေလာ့ယြဲ႕ ဝမ္းေရွာင္ေဟြးရဲ႕လက္ေမာင္းကို ဆြဲဖက္ၿပီး က်ီတိုက္သည္။

ဝမ္းေရွာင္ေဟြး သက္ျပင္းတစ္ဆုံး ခ်၏... "ေျပာရရင္ေလ... ငါ အရင္ဘဝက မင္းကို အဓမၼမ်ား တက္က်င့္ခဲ့မိသလားပဲ... ဘာလို႔ မင္းလက္ထဲမွာ ျပဳသမွ် ႏုခံေနရတာလဲ?!"

ေလာ့ယြဲ႕ ႏႈတ္ခမ္းကိုက္ထားၿပီး သနားစဖြယ္ေလး ေျပာ၏ "မင္း အရင္ဘဝတုန္းက ငါ့အေပၚ မေကာင္းခဲ့လို႔ အျပစ္ေႂကြးရွိေနတာ ျဖစ္ႏိုင္တယ္...အဲ့တာေၾကာင့္ ငါ့ေပ်ာ္႐ႊင္မႈအတြက္ ဒီဘဝမွာလာၿပီး ေပးဆပ္ေနရတာျဖစ္မွာ"

"ငလူးမ!"

Arthur's Audrey

28.7.2021 // 11:05 PM

.........................

Note -

*"ႏွလုံးသားေလးမွာေတာ့ မိန္းမသားဆန္သူပါ"ဆိုတာကေလ... အသည္းငယ္တယ္ကို ဆိုလိုတာပါေနာ္... နားလည္မႈ လြဲမႈစိုးလို႔ပါ။

[1] ေရွ႕အပိုင္းမွာ ထည့္မေျပာျဖစ္လို႔.... ယြမ္ ငါးေထာင္က USD 770ဝန္းက်င္၊ ျမန္မာေငြဆို 12သိန္းခြဲ ဝန္းက်င္ပါ။

[2] mango melaleuce


[3] cranberry iced orange tea


[4] Sammo Hung

သူက Bruce Leeေခတ္မွာေရာ ဂ်က္ကီခ်န္းနဲ႔ပါ တြဲေတြ႕ရတဲ့ ေဟာင္ေကာင္မင္းသားပါ၊ ဒါ႐ိုက္တာ ပ႐ိုဂ်ဴဆာအေနနဲ႔လည္း နာမည္ႀကီးပဲ သက္ရွိထင္ရွားရွိပါေသးတယ္...


ေအာက္က Bruce Lee vs Sammo Hung,

ၿပီးေတာ့ Bruce Leeဆိုလို႔ သတိရသြားမိလို႔ Song recommendation... Enojoy~~



...............


Comments from Chapter 109,

[1] Su Fu

ဘဲဥေလးႏွစ္လုံးၾကားက အျဖဴေရာင္သူငယ္ခ်င္းသံေယာဇဥ္ကို ငါ ရွာလကာရည္ မႊန္ေနၿပီ

[2] Clouds don't know where they are

သူတို႔ႏွစ္ေယာက္အတူျဖတ္သန္းတဲ့ ေန႔စဥ္ဘဝေလးက အရမ္း ခ်စ္ဖို႔ေကာင္းတာပဲ

စားမယ္ ေသာက္မယ္ စကားေတြ ေဖာင္ဖြဲ႕ေျပာမယ္...

လိုက္ဖက္ညီလိုက္ၾကတာ!!

......................

Fortsett å les

You'll Also Like

533K 35K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
92.7K 8.1K 22
Triangle LOVE ...
443K 23.2K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
1.3M 44.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd