[ 9 7 ]

5.8K 1K 57
                                    

[Unicode]

ရုန်ကော်ပိုရေးရှင်း၌ ဖြစ်သည်။

ဘလင်းဘလင်း ထနေသော မျက်လုံးအစုံနဲ့ PRအဖွဲ့က အခု ဖုန်းပြောနေတဲ့ သူတို့ခေါင်းဆောင်ဆီ စိုက်ကြည့်နေကြလေရဲ့။

ကလစ်

သူတို့ခေါင်းဆောင်က မျက်နှာသေဖြင့် ဖုန်းချလိုက်တယ်။ သူတို့အားလုံး သူ့ကို မျှော်လင့်ချက်အပြည့် မျက်ဝန်းများနဲ့ တစ်ပြိုင်နက်တည်း ကြည့်နေကြတယ်။ ခေါင်းဆောင်က တဖြည်းဖြည်း ခေါင်းလှည့်လာပြီး အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်တယ်။ ပြီးနောက် သူ ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလာတယ် :: ".....ငါတို့ကို မလိုတော့ဘူး။"

"အား---!" PRအဖွဲ့ခမျာ တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို အကျယ်ကြီး ဖွင့်ထုတ်လာကြတော့တယ်။ အတော်များများ ဝမ်းနည်းစိတ်ပျက်သွားကြတယ်။

[မဖြစ်နိုင်တာ CEOလေးကောင်းနဲ့ CEOကောင်းအိုကြီးက စိတ်ပျက်စရာ အကြီးစားကြီးလေဟာ! ငါ့နှယ် အလုံးစုံ ရှာဖွေစုဆောင်းရေး ဆင်းပြီး အဆင်သင့် ပြင်ထားတာကိုတောင်! ငါ့ဈေးဝယ်တွန်းလှည်းလေးကလည်း အော်ဒါတင်ဖို့ ရယ်ဒီဖြစ်နေပြီလေ! ဒါမဲ့ အခုတော့? ဒီလိုကြီးတဲ့လား?]

[? ငါ တွေးနေတာ နင် ပြည်သူတွေကို ဘယ်လိုများ စုံစမ်းစစ်ဆေးနိုင်လိုက်တာလည်းပေါ့ ၊ ဘယ်ဟုတ်မလဲ ညည်းက ညည်း ဝယ်ချင်တာတွေကို တကယ်ကြီး စာရင်းပြုစုနေတာပေါ့လေ? ဒါနဲ့ ဘာပဲဖြစ်ဖြစ်ကွာ ညည်း ဘာတွေဝယ်ဖို့ စီစဉ်ထားတာလဲ? ငါ့လည်း ပြကြည့်။ ငါလည်း လိုမလို ကြည့်ချင်လို့]

[ခုမှ ကြည့်ပြီး ဘာလုပ်တော့မှာလဲ? ဘာအလုပ်မှလည်း ရှိတော့တာမှ မဟုတ်တာ။ ကြည့်ရတာ ဒီတစ်နှစ်လည်း ဒုံရင်းကဒုံရင်းအတိုင်း ပြီးသွားတော့မယ် ထင်ပါတယ်ကွာ။ ငါတို့တွေ နွေဦးပွဲတော်ပြီးလို့ အလုပ်ပြန်ဆင်းတဲ့အချိန်မှပဲ ဘောနပ်စ်များများ ရနိုင်မယ့် အခွင့်အရေးတွေကို စောင့်မျှော်ရတော့မယ်။]

[အိုင်း မှန်တယ်။ အိုက်ယား ဒီလက်သစ်CEOကောင်းက  သိပ်မစွံဘူးရော။ trending searchထဲ တစ်ကြိမ်တောင် မဝင်နိုင်လိုက်ဘူး။ ကိုယ်တွေCEOရုန်နဲ့ ယှဉ်နိုင်စရာတောင် မရှိ။]

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Tahanan ng mga kuwento. Tumuklas ngayon