[ 8 ]

9.7K 1.9K 79
                                    

[Unicode]

စုန့်ရှန်းကိစ္စ ဖြေရှင်းလို့အပြီး စုန့်ကော်ပိုရေးရှင်းနဲ့ စာချုပ်ချုပ်ဆိုလိုက်နိုင်တဲ့အတွက် ရုန်ချင်းတစ်ယောက် ဟယ်ချန်ရဲ့ ကိုးကွယ်လိုတဲ့ အကြည့်တွေအောက်မှာ ပါးပြောင်ပြောင်နဲ့ သူ့ကိုယ်သူ အထင်ကြီးစိတ်တွေ ပြည့်နေတော့တယ်။

ဟ , သူ ဘယ်သူလို့ မင်းတို့ ထင်ကြလဲ?!

ဘောစိကြီးရဲ့ စွမ်းရည်အမှတ်တွေက ထိပ်ဆုံးထိ ထိုးတက်သွားပြီ!

ဒီလိုသဘောတူညီမှု သေးသေးလေးကတော့ သူ့အတွက် အလွယ်လေးပဲ!

ဟယ်ချန်မှာ ရုန်ချင်း ဘယ်လိုနည်း သုံးလိုက်လည်းတော့ မသိဘူး, ဒါပေမဲ့ သူ စာချုပ်ချုပ်ဖို့ သွားတဲ့အခါ CEO စုန့်လေးက အရင်ကထက် စိတ်တက်ကြွနေတာ သိသာလွန်းတယ်။

သူ ဘာကြောင့်မှန်း မသိပေမဲ့ သူ့ဆရာဆီက ရခဲ့တဲ့ သေတ္တာသေးသေးလေးကို CEO စုန့်ဆီ ပေးလိုက်တဲ့အခါ CEO စုန့်ရဲ့ မျက်နှာထားကလေ သူ့အိမ်က ပဲချိုလေးကို တကယ် သတိရစေတယ်။

ပဲချိုလေးက အင်မတန် လက်ဝင်တဲ့ ကြောင်လေးဖြစ်တယ်။ အဲ့ကောင်လေးက သူ့ကို တစ်ချိန်လုံး တွယ်ကပ်နေရတာ နှစ်သက်ပြီး ပွေ့ဖက်ခံရတာကိုလည်း နှစ်သက်တယ်။

အဲ့အချိန်တုန်းက CEO စုန့်ရဲ့ မျက်နှာထားက ပဲချိုလေး ကြောင်ဆိုးလေးလို ပြုမူနေတဲ့ အချိန်နဲ့ သိပ်တူတာပဲ။

အလုပ်မှာ ရက်အနည်းငယ်ကြာ ပျားပန်းခပ်မျှ ကြိုးစားလုပ်ကိုင်လို့အပြီးမှာ တစ်လကုန်ဖို့ ၁၀ရက်လောက်ပဲ ကျန်တော့တယ်ဆိုတာ သိလိုက်ရတော့တယ်။ သူ အရှိန်လျှော့ပြီး အလုပ်ကိစ္စတွေကို အေးဆေးသက်သာ လုပ်ဆောင်နိုင်ပြီ။

ပထမဆုံးအနေနဲ့ ဘောစိကြီးက လူတွေကို အယုံအကြည် မရှိတာကြောင့် လူတွေကို ကောင်းကောင်း အသုံးချရမယ်ဆိုတဲ့ အမြော်အမြင်က အင်မတန် ပြီးပြည့်စုံတယ်။ ရာထူးတိုင်းကို အသင့်တော်ဆုံးလူတွေနဲ့သာ ဖြည့်စွက်ထားလိုက်တယ်။ ဒုတိယတစ်ခုက ဘောစိကြီး ဖြစ်တဲ့ဘဝကို အသားကျလာတာနဲ့ ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခု။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Där berättelser lever. Upptäck nu