[ 7 7 ]

6.7K 1.3K 56
                                    

[Unicode]

"ခင်ဗျား ပန်းသီးကို မလိုချင်ဘူးလား?" အချိန်တစ်ခုလောက်ထိ မတ်တပ်ရပ်နေကြရင်း လင်းကျီက ရုန်ချင်းကို ကူကယ်ရာမဲ့စွာဖြင့် သတိလှမ်းပေးလိုက်တယ်။

¶တရုတ်လူမျိုးတွေက ခရစ်စမတ်ဆို အချင်းချင်း ပန်းသီးလက်ဆောင်ပေးတတ်ကြပါတယ်¶

သူ ထင်တာ မှန်မယ်‌ဆို ရုန်ချင်းတစ်ယောက် ထပ်ပြီး ကြက်သေသေသွားပြန်ပြီထင်တယ်။

"အာ? အို" ရုန်ချင်းက ပန်းသီးကို အလိုအလျောက် လက်ခံယူလိုက်တယ်။

သူ ခေါင်းငုံ့ပြီး တစ်ချက်ကြည့်လိုက်တယ်။ ထုပ်ပိုးထားတဲ့ပုံစံက ‌လမ်းထဲက ခေါင်းရွက်သည်တွေ ရောင်းတဲ့ ကြမ်းထော်ထော် ခရစ်စမတ်ပန်းသီးတွေလို မဟုတ်ဘူး။ သူ အသီးပေါ်မှာ ရေစက်လေးတွေ တင်နေတာကိုတောင် မြင်နေရတယ်။

"ပျော်ရွှင်စရာ ခရစ်စမတ်အကြိုနေ့ပါ" သူ လက်ခံတာကို မြင်တော့မှ လင်းကျီတစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။ ရုန်ချင်းသာ ပန်းသီးကို မလိုချင်ရင် သူ ဘယ်လိုလုပ်ရပါ့ ဆိုပြီး အနည်းငယ် စိုးရိမ်နေမိတာ။

?

လင်းကျီက ဘာလို့ စိတ်သက်သာရာ ရသွားသလို သက်ပြင်းချလိုက်ရတာလဲ?

ရုန်ချင်း ဝေခွဲမရဖြစ်သွားတယ်။ အဲ့နောက် သူ့လက်ထဲက ပန်းသီးကို ငုံ့ကြည့်လိုက်တယ်။ လင်းကျီအကြည့်ကလည်း ထိုပန်းသီးဆီ လိုက်လာခဲ့တယ်။ ရုန်ချင်း ရုတ်တရက် သဘောပေါက်သွားပြီ။

ဝံပုလွေပေါက်လေးက သူ ဒီလက်ဆောင်ကို မလိုချင်မှာ စိုးရိမ်နေတာလား? မဖြစ်နိုင်တာ? သူ့ကိုယ်သူ ယုံကြည်မှု အားနည်းနေတာလား? အဲ့လိုမဖြစ်သင့်ဘူးလေ! ဝံပုလွေပေါက်လေးက ဒီလောက်ကောင်းတာ သူ ဘာတွေ စိုးရိမ်နေတာလဲ? သူက ဝတ္ထုထဲမှာ အင်မတန့်အင်မတန် ကောင်းမွန်ရှားပါးလွန်းတဲ့ အထက်ပုဂ္ဂိုလ်တစ်ဦးလေ!

ရုန်ချင်း တွေးရင်း ပန်းသီးကို ထုတ်ယူကာ သုတ်လိုက်တယ်။

ထို့နောက် အကြီးကြီး ကိုက်ပစ်လိုက်တယ်။

အိုင်း! မင်း မြင်တယ်မလား? ဒယ်ဒီ စားပစ်လိုက်ပြီ! အခု မင်း စိတ်အေးနိုင်ပြီမလား?

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}On viuen les histories. Descobreix ara