[ 5 1 ]

8.2K 1.5K 63
                                    

[Unicode]

ရုန်ချင်း....ရုန်ချင်းက လင်းကျီတစ်ယောက် တစ်ကိုယ်လုံး အငွေ့ထွက်လုမတတ် နီရဲလာတာကို စိုက်ကြည့်ရင်း နောက်ဆုံးမှာတော့ သူ ပြောလိုက်တဲ့စကားကို နားလည်သွားတော့တယ်။

မဟုတ်ဘူးးး!

ရုန်ချင်းတစ်ယောက် သူ့အမြင်အာရုံတွေ လည်ထွက်သွားပြီး ခေါင်းလည်း ရိပ်တိပ်ရိပ်တိပ် မူးဝေလာရဝောာ့တယ်။

ငါ ဘာတွေ ပြောလိုက်တာပါလိမ့်? အဲ့ဒါအားလုံး မင်းကြောင့်ပဲ! ဝံပုလွေပေါက်ရဲ့ အပြစ်တွေချည်းပဲ! သူ ဒီဒယ်ဒီပုံကို တကယ်ကြီး ခိုးကြောင်ခိုးဝှက် ssရိုက်ထားတယ်တဲ့လေ!

အားးးးးးးးး!

အချိန်ပြန်လှည့်ပေးပါ!

ငါ့ကို ဒီဘောစိကြီးကိုယ်ထဲ ကူးပြောင်းစေတဲ့ အကောင်ကြီး ခင်ဗျား ဘာကောင်ပဲဖြစ်ဖြစ် ငါးမိနစ်လောက် မြန်မြန်လေး နောက်ပြန်ဆုတ်ပေးစမ်းပါ !!!

ရုန်ချင်း သူ့မျက်လုံးကို တဖြည်းဖြည်း မှိတ်ချလိုက်တယ်။

ထို့နောက် ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်တယ်။

လင်းကျီက လွန်လွန်ကျုးကျုး နီရဲတွတ်နေတုန်းပါပဲ။

ရုန်ချင်း တစ်ဖက်လှည့်ပြီး စားပွဲခုံဆီ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့တယ်။ သူ ထိုင်ချပြီး စားပွဲခုံ မျက်နှာပြင်‌ပေါ် ခေါင်းစိုက်ထားလိုက်တော့တယ်။

ရှယ်ကောင်းတယ်။

ဒီဒယ်ဒီ သေသွားပြီနော်။

ရှက်လွန်းလို့ သေသွားပြီ။ လူတိုင်း ငါ့ကို မမြင်ရသလို ဟန်ဆောင်ပေးကြပါ။

ရုန်ချင်းတစ်ယောက် သူ့လက်မောင်းကွေးထဲ လုံးလုံးခေါင်းစိုက်ထားပြီး သူ့လက်များကို သူ့ကိုယ်သူ ဖုံးအုပ်ထားလိုက်တယ်။ စားပွဲမျက်နှာပြင်ကို ရိုက်ခတ်နေတဲ့ သူ့အသက်ရှုငွေ့နွေးနွေးကိုတောင် ခံစားမိနိုင်ပြီး ခုနဖြစ်ရပ်ကို ပြန်တွေးမိကာ ပိုပြီးတော့တောင် စိတ်ချောက်ချားလာစေတော့တယ်။

သူ့ခေါင်းကို ထုံထုံထိုင်းထိုင်း မော့လိုက်ပြီး အကြည့်တွေကတော့ ဦးတည်ရာ ပျောက်နေလေရဲ့။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}On viuen les histories. Descobreix ara