[ 6 6 ]

7.9K 1.5K 63
                                    

[Unicode]

"ခင်ဗျား လင်းကျီကို ဘာပေါက်ကရတွေ လျှောက်‌သင်ပေးနေတာလဲ?" ထိုလူရဲ့ အသံလည်းဆုံးရော လင်းယွဲ့က အိပ်ခန်းထဲကနေ တဝါးဝါး သမ်းရင်း အပြင်ထွက်လာတယ်။

"မင်း ဘာလို့နိုးလာတာလဲ?"

"ကျွန်တော် မနိုးရင် ခင်ဗျား တစ်နေ့လုံး လုပ်နေတဲ့အလုပ်က လူတွေကို လမ်းမှားရောက်အောင် သင်ကြားပေးတဲ့ အကြံပေးအလုပ်မှန်း ဘယ်လိုလုပ် သိနိုင်တော့မှာလဲ?" လင်းယွဲ့က သူ့ကို ဆူပူနေပေမဲ့ ထိုလူရဲ့ဘေးနားကို လျှောက်သွားပြီး ဆိုဖာပေါ်မှာ တူတူဘေးချင်းယှဉ်လျက် ထိုင်ချလိုက်ပါသေးတယ်။

လင်းယွဲ့က လင်းကျီကို ကြည့်တယ် :: "မင်းယောက်ဖနဲ့ ထပ်ပြီးဆွေးနွေးနေပြန်ပြီလား? ဒီလောက်တောင် ဖြစ်နေရင် မင်း သူ့ကို တကယ်ကြိုက်တာလားဆိုတာ အရင်စဉ်းစားကြည့်ပြီးပြီလား?"

သူ အိပ်ချင်မူးတူး‌ဖြစ်နေတုန်းမှာ အားလုံးကို အကြမ်းဖျင်း ကြားလိုက်ရတယ်။ ဒီကလေးက ဘာတစ်ခုမှ သေချာမစဉ်းစားဘဲ သူ့ယောက်ဖခြေရာ ဘယ်လိုနင်းရမလဲ‌ဆိုတာပဲ သိတယ်။ ဒီကောင်လေးက ထောင်ချောက်အရင်ဆင်ပြီး တစ်ဖက်လူကို ခုန်ချခိုင်းဖို့ပဲ တတ်တယ်။

အရင်တုန်းက လင်းယွဲ့က အမြင်အာရုံချို့ယွင်းမှောက်မှားခဲ့တာကြောင့် ခုန်ချခဲ့မိတာ။ အခြားသူသာဆို သူ့လိုလုံးဝဖြစ်မှာမဟုတ်ဘူး။

လင်းယွဲ့တစ်ယောက် သူ့ညီလေးနဲ့ အချိန်ယူပြီး ဆွေးနွေးပေးရမယ်လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချလိုက်တယ်။ လင်းကျီကို သူ့ယောက်ဖရဲ့ နည်းလမ်းတွေဆိုတာ ကိုးကားလို့ပဲရတယ်၊ လိုက်ကျင့်သုံးလို့ မရဘူးဆိုတဲ့အကြောင်းကို တကယ် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားအောင် နားချပေးရမယ်။

မဟုတ်ရင် သူ့ညီလေးက သူ့လက်တွဲဖော်ကို အိမ်မခေါ်လာခင် အဲ့တာဖြစ်သွားမလား ဘယ်သူသိနိုင်မှာလဲ?

အခြားတစ်ဖက်မှာတော့

ရိုက်ကွင်းကနေ ဝရုန်းသုန်းကား ထွက်ပြေးလာတဲ့ ရုန်ချင်းတစ်ယောက် ‌လမ်းတစ်ဝက်အရောက်မှာ သူ့ကားကို ဘေးနားကပ်ရပ်ပြီး သက်ပြင်းကြီးစွာ ချလိုက်လေတယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Tahanan ng mga kuwento. Tumuklas ngayon