[ 5 7 ]

7.6K 1.5K 100
                                    

[Unicode]

[ဟားဟားဟားဟားဟား ငလူး ဟားဟားဟား! အိုမိုင်ဂေါ့ သူတို့ ဘာတွေများ လုပ်လိုက်လို့ ဒီလိုbannerမျိုး ရလာတာပါလိမ့်? ဟားဟားဟား ရှန်းတုံးရဲ့ နံပါတ်တစ်လမ်းလူဆိုးက ဘယ်သူများလဲ? ငါ သူနဲ့ တစ်စက္ကန့်လောက် ဆုံချင်စမ်းပါဘိ! ]

[ဟားဟားဟားဟားဟား ငါတော့ အူတက်နေပါပြီနော်။ ငါလည်း တောင်ပိုင်းရှန်တုံးရဲ့ နံပါတ်တစ်လမ်းလူဆိုးနဲ့ တွေ့ချင်တယ်လို့ ! ညှပ်ဖိနပ်တစ်ရံနဲ့ သူခိုးတစ်သိုက်ကို အလဲထိုးပစ်လိုက်တယ်! သူက legend ပဲ ဖြစ်ရမယ်!]

[ဟားဟားဟားဟားဟား အောင်မလေး ငါ့ခေါင်းလည်း ရယ်ရလွန်းလို့ ပြုတ်ထွက်တော့မယ်! ဒီဘောစိသူငယ်ချင်းမှာ ဘယ်လိုနောက်ခံမျိုး ရှိနေတာလဲ? ရှင် variety showမှာပဲ ဘာလို့ အစားဝင်မပြိုင်လိုက်ရတာလဲ? သောက်ရမ်းမိုက်လွန်းတယ်! အဟားဟားဟား!]

[ဟေးး ငါ့ခေါင်းလေး ပြန်ကောက်နေလို့ ခဏလောက် စောင့်ပေးကြပါအုံးဟ! ဟဲ့ ကင်မရာကြီး....လှုပ်နေတယ်လို့ နင်တို့ မထင်ကြဘူးလား? အဲ့ဒီကင်မရာမန်းလည်း သေချာပေါက် ရယ်နေတယ်ဆိုတာ ငါ သခွားသီးတစ်လုံးနဲ့ လောင်းကြေးထပ်ရဲတယ်!]

[နောက်နေတာ မဟုတ်ဘူး! ဘယ်သူက ထိန်းနိုင်မှာလဲ! ဘာပဲဖြစ်ဖြစ် ဒီဘောစိသူငယ်ချင်းရဲ့ စတိုင်က သောက်ရမ်းလန်းဆန်းတက်ကြွပြီး ထူးဆန်းလွန်းတယ်! သူက လင်းကျီနဲ့ တကယ်ကြီး သူငယ်ချင်းတွေလား? ဟားဟားဟားဟား သွယ်ဝိုက်ပြောရရင် လင်းကျီက ကိုယ်ပိုင်ဘဝမှာ ဒီ‌လိုပေါတောတော နိုင်တာလား?]

screenတစ်ခုလုံး အော်ရယ်နေသော comment များနဲ့ ပြည့်နှက်သွားတော့တယ်။ အဆဲခံလိုက်ရတဲ့ လူတွေကလည်း ဟိုပြဿနာကောင်တွေကို ပြန်မတုန့်ပြန်ဘဲ မနေနိုင်တော့ပေ။

[ လာ လာ လာကြပါအုံး။ ဒီဘောစိသူငယ်ချင်းက လင်းကျီရဲ့ ကောင်လေးပါလို့ ဘယ်ကောင် ပြောလိုက်တာလဲ? မတ်တပ်လေးထ ပြီးရင် သေချာစူးစိုက်ကြည့် ! ဒီလိုစတိုင်နဲ့ ရှုးဂါးဒယ်ဒီမျိုးတွေ နင်တို့ မြင်ဖူးလို့လား? ဖက်ခ်ခ် ငါတော့ အူတက်သေပါပြီတော် ဟားဟားဟားဟားဟား]

အင်တာနက်လှောင်ပြောင်သူတွေလည်း ဘယ်လိုများ တုန့်ပြန်ပြောဆိုနိုင်အုံးမှာလဲ? သူတို့လည်း တကယ် စိတ်ပျက်မိပါတယ်! ဒီဘောစိက ဘယ်နေရာက လာတာလဲ? မင်းမှာ ကြွားရဲတဲ့ သတ္တိရှိရင် မှုန်ဝါးဝါး အရာတွေနဲ့ ကြောင်ခေါင်းကြီးကို ဖြုတ်ခိုင်းလိုက်စမ်း! ငါတို့ကို ပြစမ်းပါ ၊ မင်း ဘယ်သူလဲကွ !

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now