[ 3 9 ]

9.1K 1.6K 70
                                    

[Unicode]

ရှောင်းထုံက လင်းကျီရဲ့ ဖန်တစ်ဦးပါ။

သူ(မ)ဟာ လင်းကျီရဲ့ ခြောက်နှစ်တာ fangirl လေးတစ်ယောက်ပါ။ ပြီးတော့ လူနှစ်သောင်းကျော် မန်ဘာဝင်ထားတဲ့ gpကြီးတစ်ခုရဲ့ မန်နေဂျာလည်း ဖြစ်တယ်။ သူ(မ)က ဆယ်ကျော်သက်အရွယ်မှ အစပြုကာ လုပ်ငန်းခွင် ဝင်ပြီးတဲ့အထိ သူ(မ)စိတ်ထဲမှာ အခုထိ ထုတ်မပြသေးတဲ့ မကျေနပ်ချက်တစ်ခု ရှိနေပါတယ်။

အဲ့တာကတော့......လင်းကျီက အခုထိ အရမ်းမကျော်ကြားသေးတာပါပဲ။

ပွင့်ပွင့်လင်းလင်း‌ ပြောရရင် လင်းကျီမှာ ရုပ်ရည်ရော သရုပ်ဆောင်စကေးရော ကောင်းတယ်။ သို့ပေသိ့ ဆိုးရွားတဲ့ ဇာတ်လမ်းတွဲတွေအားလုံးမှာပဲ ပါဝင်နေရတာကြောင့် လွန်စွာ မထွန်းပေါက်တာပဲ ဖြစ်တယ်။ ဘယ်သူက ဒါတွေကို ကိုင်တွယ်နိုင်တာလဲ? အခြေအနေတူ ဖြစ်ရပ်တူတွေအောက်မှာ တစ်ယောက်ယောက်ကသာ ကျော်ကြားသွားနိုင်ရင် တကယ်ကြီး ထူးဆန်းသွားပါလိမ့်မယ်။

ဒီနှစ်ကတော့ သူ(မ)ရဲ့ ဘဝမှာ အပျော်ဆုံးနှစ်တစ်နှစ်ပါ။

ပထမဆုံး , လင်းကျီက ခေါင်းဆောင်မင်းသားနေရာကို ရတယ်။ နောက်ထပ်တစ်ချက်ကတော့!! လင်းကျီက နောက်ဆုံးတော့ အဲ့ဒီသောက်ကျက်သတုံး အေးဂျမ့်နဲ့ လက်တွဲဖြုတ်သွားတာပဲ!!

ပြီးတော့ သူ့ရဲ့အေးဂျမ့်သစ်အဖြစ် ရုပ်ရှင်လောကမှာ နာမည်ကျော်ကြားလှတဲ့ မဒမ်ကောင်းတဲ့လေ! ဟုတ်ပြီကွ မဒမ်ကောင်း! မဒမ်ကောင်းက ဟိုသောက်ကျက်သတုံးကောင်ထက် အများကြီး အများကြီး အထင်ကြီးစရာကောင်းတယ်!

အံ့အားသင့်စရာ မလိုလောက်အောင် သူတို့မိသားစုရဲ့ လင်းကျီလေး အေးဂျမ့်အသစ်လက်အောက် ရောက်သွားပြီးပြီးချင်း ဒါရိုက်တာရှန်းရိုက်ကူးမယ့် ဇာတ်လမ်းတွဲသစ်ရဲ့ ခေါင်းဆောင်မင်းသားနေရာကို ချက်ချင်း ရယူနိုင်လိုက်တယ်လေ !!!

ပြီးတော့ ထိပ်တန်းအဆင့် အမျိုးသားဝတ်စုံဘရန်းရဲ့ ကိုယ်စားလှယ်တစ်ဦးတောင် ဖြစ်သွားပြီ!

ဟိုသောက်ကျက်သတုံးကောင်က ဒီလိုမျိုးတွေ စွမ်းဆောင်နိုင်လား? သူ လုပ်နိုင်မှာတဲ့လား?!?! ချီးတောင် လုပ်နိုင်မှာမဟုတ်ဘူး !! အဲ့ဒီကောင်က သောက်သုံးမကျတဲ့ အမှိုက်တစ်စပဲ!! သူတို့လင်းကျီလေးရဲ့ ဆယ်နှစ်တာလုံးကို ဘယ်ကောင်က ဖြုန်းတီးပစ်လိုက်တာလဲ!

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now