[ 5 0 ]

8.8K 1.6K 43
                                    

[Unicode]

လင်းကျီတစ်ယောက် အခန်းထဲဝင်လိုက်တာနဲ့ အနည်းငယ် ရှော့ရသွားမိတယ်။ သူ ရုန်ချင်းအကြောင်းကို များများစားစား မသိသေးရင်တောင် သူတို့နှစ်ယောက် ဆုံချိန်တိုင်း ရုန်ချင်းက အမြဲတမ်း စွမ်းအင်‌တွေ ပေါက်ကွဲထွက်နေသလိုပဲ။ ရုန်ချင်းတစ်ယောက် နှုတ်ခမ်းထောင့်မှာ ဝိညာဉ်ပိုးမျှင်လေးတစ်မျှင်သာ ချိတ်ဆွဲကျန်ရစ်သည့်အလား ဖြစ်ပျက်နေပုံလေးကို သူ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။

လက်ထောက်ဟယ်က သူ့ကို အထူးတလည် message ပို့ရတဲ့ အကြောင်းရင်းကို အခုတော့ နားလည်သွားပြီထင်တယ်။ တစ်ခဏလောက် အတွေးများနေပြီးမှ သူ အိပ်ကပ်အတွင်းပိုင်းထဲ လှမ်းစမ်းလိုက်တယ်။

ဒါလေး...ယူခဲ့တာ မမှားဘူးပဲ။

"မင်း ရောက်လာပြီ..." ရုန်ချင်းက သူ့ကို နွမ်းလျစွာ နှုတ်ဆက်လာတယ်။ သူ့မျက်လုံးတွေက ကောင်ချောလေးကို ကြည့်ရင်း အသက်ဓာတ်တစ်ချို့ စုပ်ယူပြီး စွမ်းအင်ပြည့်လာရုံရှိသေး အလုပ်ပုံကြီးရဲ့ အလျင်အမြန် ‌ခြေမွခြင်း ထပ်ခံလိုက်ရပြန်တယ်။

အားး

လင်းကျီ , မင်း မြေခွေးနတ်ဆိုးလေး။ မင်း နောက်ဆုံးတော့ ဒယ်ဒီဆီ လာလည်ဖို့ သတိရသွားပြီပေါ့လေ။

¶ မြေခွေးနတ်ဆိုးမကြောင့် တိုင်းပြည်ပျက်သွားတဲ့ ပုံပြင်လေ ဒယ်ဒီက အဲ့တာကို ရည်ညွှန်းခေါ်‌လိုက်တာပါ ¶

သူ တကယ်ကို ဆိုးဆိုးရွားရွား ပင်ပန်းနေတာ။

တကယ်တော့ သူ့ခန္ဓာကိုယ်ကျန်းမာရေးက အတော်လေး ကောင်းမွန်ပြီး စွမ်းအင်တွေလည်း ရှယ်ပြည့်နေတာ။ ဒါပေမဲ့ အင်မတန်မှ အရေးကြီးလွန်းတဲ့ စာရွက်စာတမ်းဖိုင်များစွာကိုတော့ ရင်မဆိုင်နိုင်သေးပါဘူး။

လက်ထောက်ဟယ်တောင် မရှာနိုင်တဲ့ အမှားသေးသေးလေး သုံးခုကိုတောင် သူ ရှာတွေ့ခဲ့သေးတာ။ ဘောစိကြီးရဲ့ အခြေခံစကေးတွေနဲ့ သူ့ရဲ့ အသေးစိတ်ကျမှုက သူ့စွမ်းအင်တွေကို အခုလို အကြီးကြီး ထိုးနှက်လိုက်တော့တာပါပဲ။ စာရွက်စာတမ်း ဖိုင်တစ်ဖိုင်စီတိုင်းက သူ့ခေါင်းထဲမှာတော့ ပြိုင်ဘက်တစ်ဦးနဲ့ အချင်းချင်း လက်ဗလာသက်သက် တိုက်ခိုက်နေရသလိုပါပဲ။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now