[ 9 ]

9.7K 1.7K 54
                                    

[Unicode]

ရုန်ချင်းကတော့ လင်းကျီ သေချာ မမြင်လိုက်မှာ စိုးဝာာကြောင့် လင်းကျီ မျက်စိရှေ့တည့်တည့် ဖုန်းကို ဆက်တိုက် ထိုးပြနေလေရဲ့။

" သေချာလေး ကြည့်စမ်းပါ။ အဲ့ပို့စ်စတာက ငါ့ရဲ့ အလှအပ ခံစားတတ်မှု စံနှုန်းနဲ့ လုံးဝမကိုက်ဘူး! " သူ ဒီပြစ်တင်မှုကို လုံးဝ မခံစားနိုင်ဘူး။

ချက်ချင်းဆိုသလို သူ့လက်ထက် ကြီးမားတဲ့ လက်တစ်ဖက်က သူ့လက်ကို အုပ်ကိုင်လာခဲ့တယ်။ နွေးထွေးတဲ့ လက်ချောင်းထိပ်တွေက သူ့လက်ချောင်းတွေကို ဖြတ်ပြီး ဖုန်း screen ကို လှမ်းပိတ်လိုက်လေတယ်။

ရုန်ချင်း :: ???

သူ လင်းကျီကို မော့ကြည့်လိုက်တယ်။

ဘာလို့လဲ? ထပ်မကြည့်တော့ဘူးလား? မင်း နောက်ဆုံးတော့ ငါ့ရဲ့ အလှပခံစားတတ်မှု စံနှုန်းကို နားလည်သွားပြီပေါ့? ဒါက သောက်ရမ်း အရေးကြီးတဲ့ ကိစ္စပဲ!

လင်းကျီတစ်ယောက် သူ့နားရွက်တွေ အနည်းငယ် ပူနွေးနေတယ်လို့ ခံစားမိတယ်။ နောက်တော့ မတုန်မလှုပ် မျက်နှာထားမျိုး ဟန်ဆောင်ကာ လက်လွှတ်ပေးလိုက်တယ်။

" ကျွန်တော် နားလည်သွားပြီ " ဒါကြောင့် ဒီဓာတ်ပုံကို ထပ်မပြပါနဲ့တော့...

ပြီးတော့ ! ဒီရုန်ချင်း ရှက်စိတ်လေးတောင် မဖြစ်ဘူးလား? ငါ့ပုံကိုလည်း ခွင့်မတောင်းဘဲ ရိုက်ထားသေးတယ်! ပြီးတော့ ပြောင်ပြောင်‌တင်းတင်းပဲ သူ့ဖုန်း wallpaper လုပ်ပစ်လိုက်သေးတယ်! ပြီးတော့ ငါ့ကိုတောင် ထုတ်ပြလိုက်သေးတယ်!!

သူ..... သူ တကယ်ပဲ ငါ့ကို ကြိုက်တာလား ဒါမှမဟုတ် ...... ?

လင်းကျီ သူ့မျက်နှာ လောင်ကျွမ်းလာသလို ထူးထူးခြားခြား ခံစားနေရတယ်။

အစကတော့ ရုန်ချင်းက အထွေအထူး မတွေးမိပေမဲ့ လင်းကျီ မျက်နှာနီရဲနေတာ မြင်တဲ့အခါ သူလည်း အလိုလို ရှက်သွေးဖြန်းလာရတယ်။

ဘာ... ဘာဖြစ်လို့လဲ?! ဝံပုလွေပေါက်လေးက ဘာလို့ မျက်နှာနီနေတာလဲ?!

မျက်နှာ အပူရှိန် တရိပ်ရိပ် တက်လာတဲ့ ရုန်ချင်းတစ်ယောက် လင်းကျီမျက်နှာကို မမှိတ်မသုန် ငေးကြည့်နေမိတယ်။ သူ တစ်ခဏလောက် တုန့်ဆိုင်းနေမိပြီးမှ မနေနိုင်တော့ဘဲ သူ့ဖုန်းလေးကို ထုတ်ကာ လင်းကျီပုံကို နောက်တစ်ခါ ခိုးရိုက်လိုက်ပြန်တယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now