[ 6 4 ]

7.4K 1.4K 125
                                    

[Unicode]

ရုန်ချင်း ပေါက်ကွဲသွားတာကို မြင်တော့ ကုန်းစွင့်ဇီပိုင်မှာ အေးခဲသွားရ‌တယ်။

သူတို့က တူတူနေနေကြတာမဟုတ်ဘူးလား? ဒါ‌ဆို ရုန်ချင်းက ဘယ်လို....?

¶မားမားဇီပိုင်က ဒယ်ဒီနဲ့ ဝံပုလွေပေါက်ကို အတူနေချစ်သူတွေလို့ ထင်နေတာ¶

ရုန်ချင်းရဲ့မျက်နှာထားက တအားဆိုးရွားနေတယ်။ ငါ နောက်ဆုံးတော့ လူတိုင်းက အမေကြီးစတိုင်နဲ့ ပုဂ္ဂိုလ်တွေကို ဘာလို့မကြိုက်လည်းဆိုတာ အခုနားလည်သွားပြီ။

ဒါ မျိုးဆက်ကွာခြားမှုပဲ!

သောက်ရမ်းကြီးတဲ့ မျိုးဆက်ကွာခြားမှု!

ဒီလိုမျိုး ထုတ်ပြောလိုက်တော့ မင်း ငါ့ရဲ့ခံစားချက်တွေကို နည်းနည်းလေး ထည့်မတွက်မိဘူးလား?!

မင်း ဗီလိန်ကောင်!

"မဟုတ်တာ မင်း အတွေးလွန်နေပြီ။ ငါက ရှောင်းဇီချီ မရိုးသားဘူး‌ဆိုတာကို ရှာတွေ့လိုက်လို့လေ"

မင်း ဟိုလိုတွေးခွင့်မရှိဘူး ! မင်းအတွေးတွေကို အခုရပ်စမ်း!

"......?" ဇီပိုင်က ရုန်ချင်းကို အချိန်တစ်ခုကြာ သေသေချာချာ စိုက်ကြည့်နေပြီးမှ ရုတ်တရက် သူ့အတွေးတွေကို ပြန်စုစည်းလိုက်တယ်။ သူက ကလေးကို ချော့နေတဲ့ မိဘတစ်ယောက်အပြုံးမျိုးကို ချက်ချင်း ပြုံးပြလိုက်ကာ "မင်းရဲ့ရွေးချယ်မှုက မဆိုးပါဘူးလို့ ငါ ပြောချင်တာပါ။ လင်းကျီက ရှောင်းဇီချီထက် အဆတစ်ရာလောက် ပိုကောင်းတယ်လေ။"

မင်းက အောက်ပုဂ္ဂိုလ်လေးဆိုတာကို ငါ တကယ် မသိရပါဘူး။

ရုန်ချင်းတစ်ယောက် လုံးဝစိတ်ပြေသွားတယ်လို့ မခံစားရပေ။ တကယ်တော့ ပိုလို့တောင် မကျေမနပ်ဖြစ်လာသေးတယ်။

ယုတ္တိရှိရှိ ပြောကြမယ်! ငါ အခုထိ ဝံပုလွေပေါက်လေးနဲ့ အိပ်ရသေးတာမဟုတ်ဘူး! ငါက အောက်ပုဂ္ဂိုလ်ဖြစ်နေရင်တောင် ဒီကိစ္စက တကယ်မှမဖြစ်သေးတာ! ဟုတ်ပြီလား?

တကယ်မဖြစ်သေးမှ ထည့်တွက်စရာမလိုဘူးပေါ့! ဒါကြောင့် ငါ လုံးဝဝန်ခံမှာမဟုတ်ဘူး!

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Où les histoires vivent. Découvrez maintenant