[ 1 0 5 ]

3.5K 675 24
                                    

[Unicode]

ဒီနာမည်စာရင်း၊ အဆုံးမှာတော့ ရုန်ချင်းတစ်ယောက် လူအိုကြီးစုန့်ကလွဲပြီး အခြားဘယ်နာမည်ကိုမှ အောင်အောင်မြင်မြင် ကြက်ခြေခတ်မခြစ်နိုင်တော့။ စာရင်းထဲမှာ ရုန်ကော်ပိုရေးရှင်းနဲ့ နီးနီးကပ်ကပ် အလုပ်တွဲလုပ်နေရတဲ့၊ ရုန်ကော်ပိုရေးရှင်းနဲ့ ရင်းနှီးပျူငှာတဲ့ ဆက်ဆံရေးမျိုး မဖြစ်မနေ ထိန်းသိမ်းရမယ့် ဩဇာညောင်းပြီး အာဏာကြီးတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ တော်တော်များများ ပါနေတာ။

ရုန်ကော်ပိုရေးရှင်းမှာ အဆက်အသွယ် တော်တော်များများ ရှိတယ်ဆိုတာ ရုန်ချင်း သိပြီးသားပေမဲ့ သူ လုံးဝ မထင်ထားတာက...

တကယ်! ဒီလောက်! အများကြီး! ရှိနေတာကိုပဲ!

ဆိုဖာပေါ်မှာ ပိုးလိုးပက်လက် လှဲနေရင်း သူ့ဝိညာဉ်လေး ပါးစပ်ထောင့်နားမှာ တွဲလွဲခိုနေသလို၊ အိမ်ကနေ ထွက်ပြေးဖို့ အသင့်ဖြစ်နေသလို ခံစားနေရတယ်။ သူ အခုလေးတင် စာရင်းထဲမှာ ရှိသမျှလူတိုင်းကို ဖုန်းဆက်ပြီးလို့ ဆုံမယ့်အချိန်တွေကိုလည်း စီစဉ်ပြီးပြီ။ အချိန်းအချက် ပြုလုပ်ပြီးတဲ့နောက် ဒီနှစ်တော့ သူ သေလောက်အောင် အလုပ်များပြီဆိုတာ သိလိုက်တယ်။

နှစ်တောင် မကုန်သေးဘူး၊ သူ လုပ်လိုက်ရတဲ့ အချိန်းအချက်တွေက မေလအထိ ပြည့်သွားပြီ ! ဒါမျိုးကို ဘယ်သူ ကိုင်တွယ်နိုင်မှာလဲ? ငါ့ဘဝကြီးက သောက်ရမ်း ခက်ခဲလွန်းတယ်ကွာ!

အချိန်တစ်ခုကြာတဲ့ထိ ပျော့ခွေစွာ လဲလျောင်းနေပြီးနောက် သူ့လက်က ဖုန်းကို အလိုလို လှမ်းဆွဲမိသွားတယ်။ ဖုန်းက လင်းကျီကို သူ့အလိုအလျောက် လှမ်းခေါ်နေလေရဲ့။

[ ရုန်ချင်း? ]

အခြားတစ်ဖက်ကနေ လင်းကျီရဲ့ အံ့အားသင့်မှုရေးရေး စွန်းနေတဲ့ အသံ ထွက်လာတယ်။

[ခင်ဗျား အလုပ်မများတော့ဘူးလား?]

သူ ရုန်ချင်းကို တစ်နေ့လုံး ဖုန်းခေါ်ပြီးရင်း ခေါ်နေပေမဲ့၊ အကြိမ်တိုင်း 'မအားသေးပါ' ဆိုတဲ့ တုန့်ပြန်မှုကိုသာ ရတယ်။

"အင်း..." ရုန်ချင်းက ဟုတ်ကြောင်း အသံပြန်ထူးလိုက်တယ်၊ ဒါပေမဲ့ သူ့လက်ကတော့ တဖြည်းဖြည်း သက်တောင့်သက်သာ ပြန်ကျသွားလေရဲ့။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Donde viven las historias. Descúbrelo ahora