[ 3 4 ]

8.5K 1.8K 57
                                    

[Unicode]

သို့ပေမဲ့ ရုန်ချင်း အမှတ်ရသွားတယ်။ အခုချိန်မှာ သူ အဲ့လောက်ထိ စွမ်းအားကြီးနိုင်တာပဲ!

သူ ချက်ချင်းပဲ အလွန်တရာ အေးစက်နေသော မျက်နှာထားနဲ့ ကြမ်းပြင်ပတ်ပတ်လည် ဝေ့ဝိုက်ကြည့်လိုက်ကာ " လင်းကျီ ဘယ်သူက မင်းကို မူးအောင်တိုက်ဖို့ ကြိုးစားခဲ့တာလဲ?" ဒီဒယ်ဒီက သူတို့ကို တစ်ယောက်ချင်းစီ မှတ်သားထားပြီး ပြန်ခံစားရအောင် လုပ်ပစ်မယ်!

အဲ့လိုပြောမှ ရုန်ချင်း မူရင်းဇာတ်ကြောင်းကို ပြန်မှတ်မိလာတယ်။ သူ့မျက်ဝန်းများက ဓားမြှောင်များကဲ့သို့နှယ် သူ ဘေးကိုကန်ထုတ်လိုက်တဲ့ ဝင်ပေါက်နားမှာ လဲနေသော ရှောင်းဇီချီကို စိုက်ကြည့်ကာ ခြေလှမ်းကျဲကြီးများနဲ့ လျှောက်သွားပြီး " သူ မလား? "

ရုန်ချင်းက ကြမ်းပြင်ပေါ် လဲကျနေတဲ့ ရှောင်းဇီချီကို လက်ညှိုးထိုးပြရင်း မျက်နှာထားကတော့ ဒေါသူပုန်‌ထနေတဲ့ ငါးပူတင်းအလားပဲ။

သူ့ရဲ့ဝံပုလွေပေါက်လေး! လက်လေးတစ်ချောင်းတောင် ထိခိုက်နာကျင်သွားမှာ မလိုလားတဲ့ သူ့လူသားလေးကိုများ! ဒီကြာပန်းဖြူကောင်က တကယ်ချည်း ပြဿနာရှာရဲတယ်ပေါ့လေ!

" .....အမှန်ပဲ။ သူ လုပ်တာပါ။ " မိန်းကလေးတစ်ယောက်ရဲ့အသံက အခန်းထောင့်ကနေ ခပ်ဖျော့ဖျော့ ထွက်လာတော့တယ်။

သူတို့အုပ်စု တစ်‌ယောက်ပြီးတစ်ယောက် ခေါင်းလှည့်ကြည့်လာကြတော့တယ်။ မိန်း‌ကလေးငယ်တစ်ယောက်က သူ(မ)ကိုယ်ပေါ် တစ်ဝက်ခြုံထားတဲ့ ကုတ်အင်္ကျီကို ဘေးသို့တွန်းဖယ်လိုက်တာကို သူတို့ မြင်လိုက်ရတယ်။ သူ(မ)က ဂရုတစိုက် ထရပ်ပြီး ရှင်းပြခဲ့တယ် "ကျွန်မ.....ကျွန်မ အများကြီး သောက်မိသွားရင် တစ်ခုခုဖြစ်သွားမှာ ကြောက်လို့ မူးချင်‌ယောင်ဆောင်လိုက်မိတာပါ...."

ရုန်ချင်း သူ(မ)ကို ကြည့်လိုက်တယ်။ မိန်းကလေးက အနည်းငယ် ကြောက်ရွံ့နေပြီး နည်းနည်းလည်း တုန်ယင်နေသေးတယ်။

သို့ပေမဲ့ သူ(မ)မျက်လုံးများက လင်းကျီဆီ ဖျတ်ခနဲရောက်သွားကာ သတ္တိတစ်ချို့ ရလာပြီး ဆက်ပြောခဲ့တယ် "ကျွန်မ အခုနတုန်းက သန့်စင်ခန်းကို သွားခဲ့တုန်းက ရှောင်းဇီချီ တစ်ယောက်ယောက်နဲ့ ဖုန်းပြောသံကို ကြားခဲ့တယ်။ "

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now