[ 1 0 4 ]

4.4K 852 63
                                    

[Unicode]

ရုန်ချင်း ပို့စ်တင်လိုက်တာနဲ့ ဖန်တွေမှာ ssရိုက်ပြီး ဂရုလေးထဲ ပြန်မရှယ်ဘဲ မနေနိုင်ကြတော့။

[အားးးးးးး ကျယ်မေ့တို့ရေ ! ဒယ်ဒီရုန်က သောက်ရမ်း A တယ်ဟ ! ငါတော့ သူ့ကို အရမ်းအရမ်း ချစ်နေပြီ ! အခုကစပြီး ဒယ်ဒီရုန်က ငါ့အချစ်စစ်နှစ်ယောက်ထဲက တစ်ယောက်ပဲဟေ့! ဘုရားရေ! ဒီစကားလုံးတွေထဲ ကွန်ဖီးဒန့်စ်တွေ ရှယ်ထွက်နေလိုက်တာများ! ငါ ကြွေသွားပြီလို့ အားးးး!]

[ငါရောပဲ ! CEOရုန်က သူ့ဖန်တွေကို တိုက်ရိုက်ကာကွယ်ပေးမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ! ဝူးးးးဝူးးးး ဘယ်လိုတောင် နတ်ဘုရားဆန်တဲ့ ဘောစိကြီးပါလိမ့်? ငါ ဆုံးဖြတ်ပြီးပြီ။ ဘွဲ့ရပြီးတာနဲ့ ရုန်ကော်ပိုရေးရှင်းဆီ ငါ့အလုပ်လျှောက်စာ သေချာပေါက် ပို့မှာ!]

[ကျယ်မေ့ စလိုက်ကြစို့ ! ဒယ်ဒီရုန်ရဲ့ အထောက်အပံ့ကြီး ရှိနေမှတော့ ကျယ်မေ့ အဲ့ဒီဆန်ကုန်မြေလေးတွေကို နှိမ်နင်းပစ်လို့ရပြီ!]

ဖန်လေးတွေက သူတို့ဂရုလေးထဲ ဆွေးနွေးခန်း ဖွင့်နေကြတုန်းရှိသေး၊ လိုင်းပေါ်က ဆွေးနွေးခန်းကြီးကတော့ လုံးလုံး ပြောင်းလဲသွားပြီ။ ရုန်ချင်းကို စောင်းမြောင်းဝေဖန်ထားကြတဲ့ လူတစ်ချို့က သူ ရှေ့နေအဖွဲ့ ကို သတိပေးနေတာ မြင်တာနဲ့ ၊ သူတို့ ပြောထားတဲ့ထဲ ဝေဖန်စကား ပါပါမပါပါ ဂရုမစိုက်အားတော့ဘဲ ရေးထားတဲ့ ကွန်မန့်တွေကို ချက်ချင်းဖျက် ၊ တောင်းပန်စာတွေ ရေးတင်ကုန်ကြလေရဲ့။

Ss ရိုက်ခံရလို့ ပိုရိုင်းစိုင်းပြလာတဲ့ လူတွေတောင် သူတို့ စော်ကားမော်ကား ပြောခဲ့တဲ့ ဖန်လေးတွေကို ချက်ချင်း အလုအယက် ပြေးတောင်းပန်တော့တယ်။ မဟားတရားကို နှိမ့်ချရိုသေပြီး လိမ္မာပြနေလိုက်တာများ စောနတုန်းက အထက်စီးဆန်ဆန် စိတ်ကြီးဝင်နေတာနဲ့ တစ်စက်လေးမှ မတူတော့ဘူး။ သူတို့တွေ ရုန်ကော်ပိုရေးရှင်းရဲ့ ရှေ့နေအဖွဲ့ဆီက တရားစွဲခံရမှာ ဘယ်လောက်တောင် ကြောက်လဲ အသိသာကြီးပဲ။

အွန်လိုင်းပေါ်မှာ အခုလိုကြီး မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတော့ ပြည်သူတွေခမျာ ဖရဲသီးတောင် ကောင်းကောင်း မစားလိုက်ရရှာဘူး၊ သူတို့တွေ သက်ပြင်းတချချနဲ့ ညည်းညူနေကြလေရဲ့။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now