[ 3 6 ]

9.3K 1.7K 57
                                    

[Unicode]

သူ့ရဲ့မျက်နှာအရောင်က မုန်တိုင်းထန်နေသလို သည်းကြီးမည်းကြီးပဲ။

လည်ပင်းကို ဖိကိုင်ခံထားတဲ့ ရှောင်းဇီချီတစ်ယောက်ကတော့ ဒီနေ့က တကယ့်သောက်ကျိုးနည်းနေ့ပဲလို့ တွေးနေခဲ့တယ်! ပထမ လင်းကျီကို ကြံစည်ထားတာ ပျက်သွားတယ် , ပြီးတော့ အခု သူ့အေးဂျမ့်ကလည်း သူ့ကို ပြဿနာရှာတော့မှာလား?

သူ့လက်ချောင်းများက သူ့ကို ဖိကပ်ထားတဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့တယ်။ ထိုလက်အားက တင်းကြပ်လွန်းလို့ ပြေလျော့သွားမယ့် အစီအစဉ်လည်း မရှိပေ။

စိတ်ထဲ ပျာယာခတ် အထိတ်တလန့် ဖြစ်နေရင်း ရှောင်းဇီချီတစ်ယောက် တစ်ခုခုမှားနေမှန်း ချက်ချင်း နားလည်လိုက်တယ်။ သူ့မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပူပူနွေးနွေး မျက်ရည်နှစ်စက်က ထိုလက်ပေါ် သက်ဆင်းသွားလေတယ်။ " ကော.....ကျွန်တော့်ကို မယုံတော့ဘူးလားဟင်? "

သူ့အကြည့်တွေက သနားစရာကောင်းနေပေမဲ့ အမောတကော အသက်ရှုနေတဲ့ကြားမှ အရင်လို စကားပြောကတော့ ကောင်းတုန်းပဲ "ဒီ...ဒီဟာက truth or dare ကစားလို့ ရလာတာပါ။ အဲ့လိုမဟုတ်ရင် ကျွန်တော်က ကောကို ဒီအမှတ်ကို ပုံမှန်လိုပဲ ပြနိုင်မှာတဲ့လား....."

ရှောင်းဇီချီလည်ပင်းမှ လက်‌ချောင်းအားက တဖြည်းဖြည်း လျော့ချသွားတယ်။ အေးဂျမ့်ရဲ့ မျက်ဝန်းတွေထဲမှာ မသေချာမှုနဲ့ ပျာယာခတ်နေပြီး ရှောင်းဇီချီစကားတွေကို ယုံသင့်လားဆိုပြီး စဉ်းစားနေပုံပဲ။

ရှောင်းဇီချီက သံပူတုန်း ရိုက်ဖို့ အခွင့်ကောင်း ယူရင်း ခပ်မြန်မြန် ဆက်ပြောလာတယ် "ကော ကျွန်တော်ကို မယုံရင် ဒါရိုက်တာနျန်ကို သွားမေးလို့ရပါတယ်။ သူတို့....သူတို့အားလုံး အဲ့မှာရှိနေကြတယ်....."

လည်ပင်းမှ ဖိအားလည်း ပြေလျော့သွားတော့တယ်။

ရှောင်းဇီချီက ချက်ချင်း လဲပြိုကျသွားပြီး အသက်လုရှုနေရတယ်။ လေအများကြီးကို ရှုသွင်းလိုက်မိတာကြောင့် ချောင်းဆိုးသွားရတယ်။လက်ကြီးတစ်ဖက်က ရှောင်းဇီချီနောက်ကျောကို ချက်ချင်း ပုတ်ပေးလာတယ်။ ရှောင်းဇီချီက တွန့်သွားပြီးနောက် ချက်ချင်း ခန္ဓာကိုယ်ပြေလျော့သွားကာ မျက်ရည်လည်ရွှဲအကြည့်နဲ့ လှည့်ကြည့်ကာ "ကော ဒါဆို ကျွန်ဝောာ်ကို ယုံပြီပေါ့နော်။ "

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now