[ 5 ]

10.2K 1.8K 71
                                    

[Unicode]

အင်တာနက်ပေါ်က ဆွေးနွေးခန်းကို လင်းကျီ အတော်လေး ညဉ့်နက်တော့မှ မြင်လေတယ်။ သူ မှတ်ချက်တွေကို လိုက်ဖတ်ကြည့်ရင်း သရော်ပြုံးပြုံးကာ သူ့ဖုန်းကို ဘေးဖက် ပစ်ထုတ်လိုက်တယ်။

အချိန်တစ်ခုကြာတော့ မည်းမှောင်နေတဲ့ မျက်နှာနဲ့ လင်းကျီ ဖုန်းကောက်ကိုင်လိုက်ပြန်တယ်။ သူ့အေးဂျမ့်ရဲ့ wechat ကို ဖွင့်ကာ အချိန်‌အတော်ကြာ စိုက်ကြည့်နေမိတယ်။ ဖုန်းက လှုပ်ရှားမှု မရှိ တစ်ချိန်လုံး တိတ်ဆိတ်နေလေတယ်။

အချိန်အတော်ကြာမှ လင်းကျီ သူ့မျက်လုံးများကို မှိတ်ကာ မျှော်လင့်ချက်အားလုံးကို ရေစုံမျှောလိုက်တော့တယ်။ သူ ဘယ်တွေ မျှော်လင့်နေမိတာပါလိမ့်? သူ့အေးဂျမ့်ရဲ့ စိတ်နှလုံးက ရှောင်းဇီချီဆီ ရောက်သွားတာမှ ကြာလှနေပြီ။ ငါးနှစ်လောက် တူတူလက်တွဲလာတဲ့ လက်ထောက်တောင်မှ သူ့အေးဂျမ့်ရဲ့ စီမံမှုကြောင့် ရှောင်းဇီချီဆီ ရောက်သွားပြီလေ။ သူ ဘာတွေများ ထပ်နားလည်ဖို့ လိုသေးလို့လဲ?

ဒါပေမဲ့ ဒီလိုဆွေးနွေးခန်းပုံစံမျိုးတွေ......

သူ့မျက်နှာကို ကာထားရင်း လင်းကျီ အသံတိတ် ဟိန်းဟောက်နေတဲ့ သားရဲကောင်လို သူ့ပါးစပ်ကို ဟလိုက်တယ်။ ဒီရင်းနှီးနေတဲ့ အလုပ်။ တစ်စုံတစ်ယောက်ကများ ဒီbotတွေကို သူ့အေးဂျမ့်က ဝယ်ထားတာ မဟုတ်ဘူးလို့ လာပြောရင်‌ သူ သူတို့ကို လုံးဝယုံမှာမဟုတ်ပေ။

[ T/N :: bot တွေဆိုတာ အလိုအလျောက်စနစ် program တွေပါ။ သူတို့က လူတွေလိုလည်း ဟန်ဆောင်ပြီး မရိုးမသားမှုတွေ တိုက်ခိုက်မှုတွေ ပြုလုပ်တတ်ကြပါတယ်။ တစ်နည်းပြောရရင် water army လို ပုံစံမျိုးတွေ ]

သူနဲ့ သူ့အေးဂျမ့်နဲ့ အတူတူအလုပ်လုပ်လာတာ ရှစ်နှစ်တောင်ရှိပြီ။ အခုတော့ ဘာမဟုတ်တဲ့ ရှောင်းဇီချီကြောင့်နဲ့ သူတို့ရဲ့ ရှစ်နှစ်တာရဲဘော်ရဲဘက် သံယောဇဉ်က လွယ်လွယ်လေး ပျက်စီးသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ပေ။

မေ့လိုက်တော့။ အိပ်ရေးဝဝအိပ်ရမယ်။ ဖုန်းကို ဘေးပစ်ထုတ်ရင်း လင်းကျီ အိပ်ရာ မြန်မြန်ဝင်လိုက်တယ်။ မနက်ဖြန် သူ့သရုပ်ဆောင်အလုပ်ထက် ဘာကများ ပိုအရေးကြီးနိုင်မှာလဲ?

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now