[ 1 0 0 ]

5.1K 1K 83
                                    

[Unicode]

ကောင်းကျားရွှမ်တစ်ယောက် နောက်ကို ဖြည်းဖြည်းချင်း ခြေတစ်လှမ်း ဆုတ်လိုက်တယ်။ သူ့စိတ်ထဲ တော်တော်လေးကိုမှ ဝမ်းနည်းနေရတယ်။

ဒီကိစ္စ ငါနဲ့ ဘာဆိုင်လို့လဲ! ငါ မင်းကို ဂိမ်းကစားမလားလို့ပဲ မေးခဲ့တာလေ! ကြက်ကြော်ယူစားပါလို့လည်း တစ်ခွန်းမှ မပြောမိဘူး! ပြီးတော့ အဲ့လောက်အများကြီး စားပစ်ချင်နေတာလည်း မင်းပဲလေ! ငါနဲ့ ဘာဆိုင်လို့လဲ?

တစ်စက်လေးမှ ဆိုင်မနေဘူး!

ဒါကို ရုန်ချင်း မသိတာလား? သေချာပေါက် သူ သိနေတာပေါ့! ဘာပဲဖြစ်ဖြစ်! ဒီပြစ်တင်မှုကို ကောင်းကျားရွှမ် လက်ခံကိုလက်ခံရမယ်! မဟုတ်ရင် ဒယ်ဒီ့ဂုဏ်သတင်းကို ဘယ်နားသွားထားရမလဲ မသိတော့ဘူး!

သူ ကောင်းကျားရွှမ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်တယ်။ ကောင်းကျားရွှမ်တစ်ယောက် ကြောက်မက်ဖွယ် အမှန်တရားတစ်ခုကို တဖြည်းဖြည်း အမှတ်ရသွားတယ်။ သူ ခုထိ... အကြွေး ပြန်မဆပ်ရသေးဘူး။

ကောင်းကျားရွှမ်တစ်ယောက် 'ပြစ်မှုကို အသနားခံတော့မယ့်အချိန်' လင်းကျီက ပြုံးရင်း ပြောလာတယ် :: "ခင်ဗျား ကြက်ကြော် ကြိုက်လား? ကျွန်တော် ဘယ်လိုကြော်ရမလဲ သိတယ်။ နောက်တစ်ခေါက်ကျ ခင်ဗျား မြည်းကြည့်ဖို့ ယူလာခဲ့ရမလား? ကျွန်တော့်မှာ လျှို့ဝှက်ကြက်ကြော်ဆော့စ် ချက်နည်းတောင် ရှိသေးတယ်။ ခင်ဗျား ကြိုက်မကြိုက်တော့ မသိဘူးရယ်။"

ရုန်ချင်းအကြည့်က လင်းကျီဘက် ချက်ချင်း ပြန်ရောက်သွားတယ်။

ဘယ်လို? မင်း ကြက်ကြော် ကြော်နည်းတောင် သိနေတယ်? လျှို့ဝှက်ဆော့စ် ချက်နည်းလည်း သိသေးတယ်ပေါ့လေ? ကြွေပြီကွာ! ဘယ်လိုတောင် အံ့ဩစရာကောင်းတဲ့ ဝံပုလွေပေါက်လေးပါလိမ့်?

စိတ်ထဲမှာ လင်းကျီကို ကျယ်ကျယ်လောင်လောင် ချီးမွမ်းနေရင်း အပြင်ပန်းမှာတော့ ရုန်ချင်းတစ်ယောက် တည်ငြိမ်လေးနက်တဲ့ မျက်နှာထားနဲ့ :: "ဒါဆို မနက်ဖြန်တွေ့ကြရင်ရော?" တိုက်တိုက်ဆိုင်ဆိုင် ဒယ်ဒီလည်း စားလို့မဝသေးဘူးလေ!

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Kde žijí příběhy. Začni objevovat