[Unicode]
ဒီလေလံပွဲအခမ်းအနားကို ' ငန်းဖြူ ' ပေါ်မှာ ကျင်းပတာ။ ငန်းဖြူက သင်္ဘောဘုရင်ရဲ့ ဇိမ်ခံသင်္ဘောအသစ်ပဲ။ စုစုပေါင်း ငါးထပ်ရှ်ိပြီး ထိပ်တန်းအဆင့် ပရိဘောဂမျိုးစုံဖြင့် ခင်းကျင်းထားတယ်။
ပြီးတော့ ရုန်ချင်းဖိတ်စာပေါ်က ရွှေရောင်သင်္ကေတက သင်္ဘောပေါ်မှ အကောင်းဆုံးဟိုတယ်ခန်းတစ်ခန်းကို သူ ရနိုင်ကြောင်း ရည်ညွှန်းနေတယ်။
" ဒီလောက်တောင် အထက်တန်းကျတဲ့ ဟိုတယ်ခန်းထဲ ကျွန်တော် ပထမဆုံး ဝင်ဖူးတာပဲ။" စုန့်ရှန်းအသံက ချဉ်စူးနေခဲ့တယ်။ သူ ရုန်ချင်းနောက်ကနေ လိုက်လာပြီး သန်း၃၀ကျော် ရှားပါးနာရီကို ဝတ်ဆင်ထားတာတောင် ကြက်ပေါက်လေးတစ်ကောင်လို တုန်ယင်နေဆဲပါ။
ရုန်ချင်း တကယ် အံ့အားသင့်နေမိပြီ!
စုန့်ရှန်းက ပိုပြီးတော့တောင် သံပုရာသီး ဖြစ်လာတယ်။
ဒီအလွန်တရာ ဇိမ်ခံလွန်းတဲ့ သင်္ဘောပေါ်မှာ ဒီအထက်တန်းအဆင့် ဟိုတယ်ခန်းက ငါးခန်းသာပါဝင်တယ်။ ဒီလိုအခန်းတွေမှာ နေထိုင်ခွင့်ရသူတိုင်းမှာ လွန်စွာထူးကဲသာလွန်တဲ့ ဂုဏ်ပုဒ်ရှိကြတယ်။ စုန့်ရှန်းမှာလည်း ပိုက်ဆံအများကြီး ရှ်ိပေမဲ့ သူ့ရဲ့ ဒုတိယမျိုးဆက်လူချမ်းသာဂုဏ်ပုဒ်က သင်္ဘောဘုရင်ရဲ့ မျက်စိထဲတောင် ဝင်နိုင်မှာမဟုတ်ပေ။
စုန့်ရှန်းတစ်ယောက် ဒီဖိတ်ကြားလွှာလေးကို အလကား ဂုန်းဆင်းနိုင်ဖို့ သူ့အဖေကို ဖုန်းဆက်ပြောပေးပြီး ခွင့်ပြုချက် ယူပေးရန် ရုန်ချင်းကို တောင်းဆိုခဲ့ရတဲ့ အကြောင်းကို ပြန်တွေးမိလိုက်တိုင်း သူ ဒီနေရာမှာပဲ ထိုင်ချငိုပစ်လိုက်ချင်တော့တယ်။
ဘဝက အရမ်းခက်ခဲတယ်! ဘာလို့လဲ အကြောင်းရင်းက သူ့မှာ ပိုက်ဆံမရှိလို့ပေါ့!
" အဆင်ပြေသားပဲ။ " ရုန်ချင်းက အထင်မကြီးသလို လက်ဝေ့ယမ်းလိုက်ပြီး "တကယ်တော့ ဒါက ပြယုဒ်သက်သက်ပါကွာ။ ယှဉ်ကြည့်ရင် ငါတို့ရဲ့အိမ်က ပိုကောင်းတာမဟုတ်လား?"
သူ ဒီသောက်ရမ်းမှန်ကန်တဲ့အချက်ကို ထုတ်ပြောလိုက်တယ်။
आप पढ़ रहे हैं
Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}
रोमांसDon't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not own the novel. All credits go to...