[ 1 0 2 ]

4.2K 881 39
                                    

[Unicode]

ကောင်းနင်း သူ့ရဲ့ အမူအရာကို လှမ်းကြည့်လိုက်တယ်။

ကျစ် သူ(မ) တကယ် ဆက်မကြည့်နိုင်တော့ဘူး။

ဝိတ်ချရုံလေးပဲမလား? လုပ်နေပုံက မသိရင် နင်တို့နှစ်ယောက် တွဲနေပြီမလို့ ဝိတ်ချလိုက်တာနဲ့ သူ့ကို မခုန်အုပ်နိုင်တော့သလိုလို ဘာလိုလိုကျနေတာပဲ။

ဒီလိုမျက်နှာထားမျိုး လုပ်ပြနေစရာ လိုလို့လား?

"အော် ဟုတ်သား။ နင့်‌အကောင့်မှာ activity တွေ မတင်တာ တော်တော်ကြာပြီနော်။ ကိုယ့်ဘာသာကိုယ်ပဲ တင်လိုက်မလား ဒါမှမဟုတ် ငါ နင့်အတွက် ကူတင်ပေးရမလား? လတ်တလော လူသစ်ဖန်လေးတွေ အများကြီး တိုးလာတာ။ အချင်းချင်း အဆက်အသွယ် များများရှိတော့ ပိုကောင်းတာပေါ့။" ကောင်းနင်းက လင်းကျီကို သတိပေးလာတယ်။

အရင်လိုသာဆို သူ(မ) ဒီကိစ္စကို ပြောဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ လင်းကျီက ရုန်ချင်းအကြောင်း တရားဝင် ချပြချင်နေတာမို့ ဒီဖန်ဂဲလ်လေးတွေက သူတို့ကို အကူအညီ နည်းနည်းတော့ ပေးနိုင်လိမ့်မယ်။ တစ်ခါတစ်လေ သူ့အကောင့်ကို စီမံပေးရတာ မဆိုးပါဘူး။

ပြီးတော့ လင်းကျီမှာ အခုလက်ရှိ ပွဲတက်စရာတွေဘာတွေ မရှိတာမို့ သူ့အကောင့်ကို ပြန်အသက်သွင်းတာက သူ့ကျော်ကြားမှုကို ထိန်းထားပေးနိုင်တယ်လေ။

လင်းကျီ တစ်ခဏလောက် စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်ပြလာတယ် :: "ကျွန်တော် လုပ်လိုက်မယ်။ ဇာတ်ကားသစ်အကြောင်းနဲ့ ဝိတ်စချတော့မယ်ဆိုတဲ့အကြောင်း ကြေညာလိုက်မယ်လေ။"

တိုက်တိုက်ဆိုင်ဆိုင် သူ ချူးခယ့်နဲ့ ဇာတ်ညွှန်းဆွေးနွေးမှုကို လက်စသတ်ခဲ့ပြီးပြီ။ ဇာတ်ညွှန်းလိုအပ်ချက်ကြောင့် နောက်နောင် သူ ဝိတ်ကျသွားရင် လူတွေ သေချာပေါက် သတိထားမိကြမှာ။ ထင်ရာမြင်ရာ လျှောက်ရေးတတ်တဲ့ သတင်းမီဒီယာတွေက သူ ဆေးစွဲနေပါတယ်တို့၊ အသည်းကွဲပြီး စိတ်ဓာတ်ကျနေပါတယ်တို့ ဘာတို့ဆိုတဲ့ လုပ်ဇာတ်တွေ ခင်းမလာခင် ကိုယ့်ဘက်က အရင်ဆုံး ကြိုသတင်းပေးထားလိုက်တာ ပိုကောင်းမယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Donde viven las historias. Descúbrelo ahora