[ 7 ]

9.7K 1.9K 162
                                    

[Unicode]

ရုန်ချင်းတစ်ယောက် စုန့်ရှန်း ပြောတဲ့ နေရာကို ရောက်တဲ့အခါ ည ၈နာရီ ထိုးနေလေပြီ။

လမ်းမှာ ကားအရမ်းကြပ်မယ်လို့ ရုန်ချင်း ထင်မထားခဲ့ပေ။ ပြီးတော့ သူ အနည်းငယ် ထူးဆန်းနေမိတယ်..... ဒီစာအုပ်ထဲက လူတိုင်းက တစ်လမှာ ရာချီသောင်းချီ ငွေရနေကြတာလား?

သူ လာတဲ့ လမ်းတစ်လျှောက်လုံး ကားအားလုံးက ဇိမ်ခံကားတွေချည်းပဲ ဖြစ်နေရတာလဲ? တစ်ခုကောင်းတာက သူ့စစ်ပွဲသုံးလက်နက်တွေကို အထူးကဲဆုံး ပြင်ဆင်ဖို့ အိမ်ပြန်ခဲ့လို့ပဲ! မဟုတ်ရင် သူ ရှုံးတော့မလို့!

ရုန်ချင်း သူ့ကိုယ်သူ အတော်လေး ကျေနပ်အားရနေမိတယ်။

ဟမ်? ဘာတွေဖြစ်နေကြတာလဲ?

ကားကို ဘီးလိမ့်ရုံ ဖြည်းဖြည်းလေး မောင်းနေရင်း ရုန်ချင်း သူ့ရှေ့က ဇိမ်ခံကားတန်းကြီးရယ် တစ်ဦးချင်းစီ ကောင်းကောင်းမွန်မွန် ဝတ်စားထားသူတွေကို တစ်ချက်ကြည့်ပြီး မျက်မှောင် အနည်းငယ်ကြုပ်သွားရတယ်။

ကြည့်ရတာ.... တစ်ယောက်ယောက် ဒီမှာ စားသောက်ပွဲ ကျင်းပနေတာများလား?

ရုန်ချင်း သူ့ဖုန်းကို ပြန်ထုတ်ပြီး တည်နေရာ စစ်ကြည့်လိုက်တယ်။ အကုန်မှန်နေတယ်!

ဒီနေရာပဲဟ!

ဝန်ထမ်းကောင်လေးရဲ့ ဘေးမှာကားရပ်ရင်း ရုန်ချင်း ကားပြင်ထွက်ကာ ကောင်‌လေးကို ကားသော့လှမ်းပေးလိုက်တယ်။

" ဧည့်ခံကျွေးမွေးပွဲ စပြီလား? စုန့်ရှန်းကရော ဘယ်မှာလဲ? "

ထိုဝန်ထမ်းကောင်‌လေးရဲ့ မျက်ဝန်းထဲမှာ မနာလိုအားကျရိပ်တွေ ဖြတ်ပြေးသွားတယ်။ သူ ယဉ်ယဉ်ကျေးကျေးနဲ့ ကတိုက်ကရိုက် ပြန်ဖြေလိုက်တယ် " မစ္စတာစုန့်က အထဲမှာပါ။ "

ခပ်တည်တည် မျက်နှာထားနဲ့ ရုန်ချင်း ခေါင်းညိတ်ပြလိုက်ပြီး လူတိုင်းရဲ့ အကြည့်‌တွေပျံဝဲလာတဲ့ သူ့စစ်ပွဲဝတ်စုံ‌ရဲ့ ရေပန်းစားကျော်ကြားမှုအောက်မှာ ရုန်ချင်း သူ့အစီအစဉ်တွေကို ပြန်လည်တွေးတောနေခဲ့တယ်။

စိတ်ထဲမှာတော့ ရုန်ချင်းတစ်ယောက် ကျယ်ကျယ်လောင်လောင် အော်ဟစ် ဆဲဆိုနေမိပြီ။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now