[ 1 9 ]

9.4K 1.7K 53
                                    

[Unicode]

ရုန်ချင်းတစ်ယောက် သူ့ဖုန်းကို ထုတ်ကာ ဘာအပိုစကားတစ်ခွန်းမှ ပြောမနေဘဲ အဲ့ငတုံးကောင် စုန့်ရှန်းဆီ သူ့နှလုံးသား အောက်ခြေမှ ဆန်တက်လာတဲ့ ‌မေတ္တာတရားတွေကို ချက်ချင်း လက်ငင်း ပို့သလိုက်တော့တယ်!

တစ်ခဏလောက် ထပ်တွေးကြည့်ပြီး သူ မလုံလောက်သေးသလို ခံစားလာရတာကြောင့် ဖုန်းပြန်ထုတ်ကာ လူအိုကြီးစုန့်ဆီလည်း စာတစ်စောင် ရိုက်ပို့တော့တယ်!

စုန့်မျိုးနွယ်က အဖေရော သားရော ငါ့ကို ရိုက်စားလုပ်သွားကြတယ် !!!

[ T/N :: ဒီနေရာမှာ E trans က ပြောထားတာက အရင်တစ်ပိုင်းမှာ ရုန်ချင်းက လူအိုကြီး စုန့်ရှေ့မှာ ရှိနေတာလေ။ အခု အပြင် ဘယ်လို ပြန်ရောက်သွားလည်းဆိုတဲ့အပိုင်းကို မူရင်းစာရေးဆရာ မေ့သွားတဲ့ပုံပဲတဲ့။ သူလည်း တစ်မျိုးကြီး ဖြစ်နေလို့ သေချာစစ်ကြည့်ထားပါတယ်တဲ့။ ဒီတိုင်း အပြင်ရောက်သွားပြီလို့သာ တွေးလိုက်ပါတော့နော်! ]

စုန့်အိမ်တော်၌ ဖြစ်သည်။

စုန့်ရှန်းတစ်ယောက် သူ့အဖေရှေ့မှာ ငုံးတစ်ကောင်လို ထိုင်ရင်း ဆုံးမဩဝါဒတွေကို တလေးတစား လိုက်လံနားထောင်နေလေရဲ့။ ထို့နောက် သားအဖနှစ်ယောက်ရဲ့ ဖုန်းတွေ တစ်ခုပြီးတစ်ခု မြည်လာခဲ့တယ်။

" ဘယ်သူလဲဟ? " စုန့်ရှန်းက သူ့ဖုန်းကို လှမ်းယူကာ သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်တယ်။ သူ့မျက်နှာအမူအရာ တဖြည်းဖြည်း တောင့်တင်းသွားရတော့တယ်။

" ဘာဖြစ်တာလဲ? " သူ့ရှေ့ရှိ လူအိုကြီးစုန့်က သူ့သားကို လှမ်းမေးလိုက်ပြီး သူလည်း သူ့ဖုန်းကို ဖွင့်ကြည့်လိုက်တယ်။

ရုန်ချင်းဆီမှ :: [ ကျွန်တော် ပိုက်ဆံအပြည့် မရသေးဘူး။ ]

သူ့မျက်နှာလည်း တစ်ပုံစံတည်း တောင့်တင်းသွားရတော့တယ်။ အချိန်အတော်ကြာမှ လူအိုကြီးစုန့်က လက်တစ်ဖက်နဲ့ သူ့ရင်ဘတ်ကို ဖိကာ ပင့်သက်ရှိုက်လိုက်ပြီး စုန့်ရှန်းကို လက်ညှိုးထိုး ဆူပူတော့တယ်။ " သားမိုက်, မင်း အခု ဘာလုပ်မလဲ? " လက်ဖွာလိုက်တဲ့ သား! အဲ့ကောင်စုတ်လေးက တကယ်ကို လက်ဖွာလွန်းတဲ့ ‌သားဆိုးပဲ!

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now