[ 6 ]

10.2K 1.8K 67
                                    

[Unicode]

ရုန်ချင်း အေးခဲသွားတယ်။

" ဘယ်လို? မင်း တကယ် သူ့ကို အနိုင်ကျင့်လိုက်လို့လား? ဖြစ်မှမဖြစ်နိုင်တာ။ အဲ့ကောင်လေး သူ့မျက်နှာကို ကိုင်ပြီး ကြမ်းပြင်ပေါ် နူးနူးညံ့ညံ့လေး ထိုင်နေတာကို မြင်ပေမဲ့ မျက်နှာက နီတောင် မနီဘူး။ "

ကြာပန်းဖြူကောင်လေးက ဝတ္ထုထဲမှာ ဒီလှည့်စားနည်းကို ခဏခဏ သုံးလေ့ရှိတယ်။ တစ်ယောက်ယောက်က သူ့ကို နည်းနည်းလေး မထိလိုက်နဲ့ ထိမိလိုက်တာနဲ့ ချက်ချင်း လဲကျသွားပြီး မတရားခံလိုက်ရသလို မျက်ရည်တွေ ကျဆင်းလာလိမ့်မယ်။ ဒါပေမဲ့ ဒီ top ကောင်တွေက ဒီအပြုအမူလေးကိုမှ ချစ်နှစ်သက်ပုံရတယ်, အဲ့အချိန်ဆို တစ်ယောက်ချင်းစီ အဲ့ကောင်လေးရှေ့ ခုန်ဝင်လာပြီး အစွမ်းကုန် ကာကွယ်ပေးတယ်, ပြီးရင် ကြာပန်းဖြူကောင်ရဲ့ အချစ်ကို ရဖို့ အသည်းအသန် ကြိုးစားပြတော့တယ်။

လင်းကျီတစ်ယောက် ရုန်ချင်းရဲ့ မျက်နှာအမူအရာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့တယ်။ ရုန်ချင်းက စိတ်ရင်းနဲ့ ပြောနေတယ်ဆိုတာ သေချာတော့မှ မျက်မှောင်ကြုပ်ထားတဲ့ လင်းကျီက ဆက်ပြောခဲ့တယ်။

" ခုနက အခန်းက ဇာတ်ညွှန်းအတိုင်းဆို ကျွန်တော်က သူ့မျက်နှာကို ရိုက်ပစ်ရမှာ။ " ငါ အဲ့လိုပြောလိုက်ရင် ငါ့အမှားလို့ သူ မထင်လောက်တော့ဘူးမလား?

ရုန်ချင်း ဒါကိုကြားတော့ သူ ချက်ချင်း ထူးဆန်းသလို ခံစားလိုက်ရတယ်။

" ငါ မှတ်မိတာ မင်းရိုက်ရမယ့် ဇာတ်ကားက ကျင့်ကြံရေး ဇာတ်လမ်းတွဲ မဟုတ်ဘူးလား? ပါးတစ်ရိုက် ရိုက်ရုံနဲ့ ရှောင်းဇီချီက မြေပြင်ပေါ် လဲကျသွားတယ်? သူ အမျိုးသမီးဇာတ်လိုက် နေရာက သရုပ်ဆောင်တာများလား? " အဲ့လိုနူးညံ့ အားနည်းပုံမျိုးနဲ့ဆို ကျင့်ကြံရေးဇာတ်လမ်းတွဲမှာ နောက်သုံးပိုင်းလောက် ဆက်ရိုက်လိုက်ရင် အသက်တောင် ရှိပါ့အုံးမလား?

လင်းကျီ သူ ပြန်ဖြေတာ ကြားတော့ နွေလယ်ခေါင်ကြီး အအေးလေးတစ်ခွက် သောက်လိုက်ရသလို ရုတ်တရက် ခံစားလိုက်ရတယ်။ တစ်ခွန်းတည်း ပြောရရင် ......

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now