[ 4 ]

10.8K 1.7K 60
                                    

[Unicode]

တစ်နာရီကြာပြီးနောက်

မြို့ထဲက ဈေးအကြီးဆုံး စားသောက်ဆိုင်ရဲ့ အပေါ်ဆုံးထပ်မှာ..... ကောင်းကင်ပေါ်မှာ လပြည့်ဝန်းကြီးကလည်း အမြင့်ဆုံးထိ ထွန်းလင်းတောက်ပနေတယ်။ အလင်းစူးတဲ့ နီယွန်မီး အလင်းရောင်တွေ သေးသေးလေးတောင်မှ လိုက်မမှီနိုင်ပါချေ။ စားပွဲဘေးမှာ ထိုင်နေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ကိုယ်ပေါ်ကို လရောင်ပြပြ ဖြာကျနေလေတယ်။ သူ့ရဲ့ အစက်အပြောက်မဲ့ လှပတဲ့ အသားအရေလေးနဲ့ ပိုမို ထူးကဲချောမောသွားပြီး ဆွဲဆောင်မှုအပြည့်နဲ့ပင်။

ပတ်ဝန်းကျင် စားပွဲခုံနှစ်ခုံက စုံတွဲများလည်း ထိုကြည့်ကောင်းလှတဲ့ ယောက်ျားမှာ ဘယ်လို အပြစ်အနာဆာလေး ရှိမလားလို့ ကြိုးစားရှာဖွေရင်း ထိုယောကျာ်းကို မရပ်မနား ငေးကြည့်နေကြလေတယ်။

ပတ်ဝန်းကျင်ရဲ့ အာရုံစိုက်ခြင်း ခံနေရတဲ့အပေါ် အားရကျေနပ်စွာနဲ့ ရုန်ချင်း menuထဲက သူ စားချင်တဲ့ ဟင်းပွဲများကို တည်တည်ငြိမ်ငြိမ် ရွေးချယ်နေလေတယ်။ အဲ့နောက် သူ့ရဲ့ အင်မတန် အဆင့်မြင့်လှတဲ့ လေ့လာစူးစမ်းနိုင်စွမ်းကို အသုံးပြုပြီး မူလဇာတ်ကြောင်းကနေ လင်းကျီ ကြိုက်တဲ့ အစားအစာများကို ရှာဖွေပြီး မှာယူလိုက်တယ်။ မှာလို့ပြီးတော့ သူ သက်သက်သာသာ ထိုင်ရင်း မျက်စိပဒေသာရှိလှတဲ့ ဝံပုလွေပေါက်လေး ရောက်လာမှာကို စောင့်ဆိုင်းနေတော့တယ်။

လင်းကျီ ရောက်လာချိန်မှာ သူ မြင်တွေ့လိုက်ရတဲ့အရာက ထိုမြင်ကွင်းပင်။ အဲ့ရုန်ချင်းက လရောင်ထက်တောင် ကြည့်ကောင်းနေပြီး မျှော်လင့်စောင့်စားနေသလို ငြိမ်ငြိမ်လေး ထိုင်နေတယ်။ ဒီမြင်ကွင်းကို မြင်ရတဲ့ ဘယ်သူမဆို သူတို့နှလုံးသားလေး မလှုပ်ရှားဘဲ နေမှာမဟုတ်ဘူး။

ဒါပေမဲ့ အဲ့ထဲမှာ သူတော့ မပါဘူး။

mask ကို ကောက်တပ်ရင်း လင်းကျီ ထိုင်ခုံမှာ ထိုင်ကာ အသံတိုးတိုးနဲ့ ပြောလိုက်တယ်။ " ကျွန်တော်က အဲ့လောက် နာမည်မကြီးပေမဲ့ မင်းသားဖြစ်လာတာ ၁၀နှစ်ရှိနေပြီဆိုတာ ခင်ဗျား မသိတာလား? လူတွေ ကျွန်တော့်ကို လွယ်လွယ်လေး မှတ်မိနိုင်တယ်လေ။ "

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now